Category: News
-

လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ
မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်းကူးပြောင်းရေးအစိုးရ ခေါ် Transitional National Unity Government- TNUG ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံသို့ တရားဝင် အသိပေးချပြလိုက်သည်။ ယနေ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်း နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလ ရောက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် အသွင်ကူးပြောင်းရေး အစိုးရ (TNUG) ကို…
-

ဗိုလ်မှုးချုပ်သူရိန်ထွန်းအား Vcall ဖြင့် သတင်းပေးပို့မှုဖြင့် မောင်တောမြို့၆ မိုင်ဘုန်းကြီး ဖမ်းဆီးထိန်းသိမ်းခံထားရ
မောင်တောမြို့အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ရင်းနခခ(၅)အားနေထိုင်ကွပ်ကဲခဲ့သူ ဖမ်းဆီးခံထားရသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းအားသတင်းအချက်အလက်မျိုးစုံပေးခဲ့သည့် မောင်တော၆ မိုင်ဘုန်းကြီးအားအာရက္ခတပ်တော်(AA)က ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။ “ကျွန်တော်တို့သိရသလောက်ကဗိုလ်ချုပ်သူရိန်ထွန်းကို AAကဖမ်းဆီးစစ်ဆေးတွေရှိချက်မှာ မောင်တောက ၆ မိုင်ဆရာတော် နဲ့ပြေားဆိုထားတဲ့Vcall ပြောဆိုချက်တွေ နဲ့ သတင်းအချက်အလက်များစွာပို့ထားတဲ့ မှတ်တမ်းတွေတွေ့ရတယ်လို့သိရတယ်။ နခခ(၄)၊ အောင်မဂ်လာ၊ ဖားဝပ်ချောင်း စတဲ့ နေရာတွေကို လည်းဂျက်နဲ့ဗုံးကြဲနိုင်ဖို့ ၆ မိုင်ဘုန်းကြီးက ညွှန်ကြားခဲ့တယ်လို့သိရတယ်”ဟုပြောဆိုသည်။ အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်တွင် လူသေဆုံးမှုများလည်း ရှိခဲ့သည်။ ထိုသို့ပြစ်မူများကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တော တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ဘုန်းကြီး ကျောင်းများ၌တစ်နေ့တစ်ကျောင်းကျ ညအိပ်ပုန်းရှောင်နေခဲ့ရာ ကျောက်ပန္ဒူဘုန်းကြီးကျောင်း၌ ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်း၌ အာရက္ခတပ်တော် AA မှလက်ရ ဖမ်းဆီးနိုင်ခဲ့သည်ဟု၎င်းကပြောသည်။ ဗိုလ်မူးချုပ်သူရိန်ထွန်းအား သတင်းအချက်အလက်များပေးပို့နေမူကြောင်း ဖမ်းဆီးခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တောမြို့အမှတ်(၁)ရပ်ကွက်အလယ်ရွာ ဇာတိနေ ကိုယ်တော်…
-

ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူစာရင်း စစ်ကောင်စီတောင်းယူ
ပြည်မြို့ရှိ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူစာရင်း စစ်ကောင်စီတောင်းယူ၍ မိဘများစိုးရိမ်နေ ပဲခူးတိုင်း၊ ပြည်မြို့ရှိ ပုဂ္ဂလိကစာသင်ကျောင်းများမှ ကျောင်းသူ၊ကျောင်းသားမျာအား မျက်မှန်တပ်သူနှင့် မတပ်သူစာရင်းနှင့်ကျန်းမာရေးကောင်းမွန်ခြင်းရှိ၊မရှိကို စစ်ကောင်စီက လာရောက်တောင်းယူသွား၍ ကျောင်းသားမိဘများ စိုးရိမ်နေကြသည်။ ပုဂ္ဂလိကစာသင်ကျောင်းများကို စစ်ကောင်စီက ခရစ္စမတ်ကာလ ကျောင်းပိတ်ရက်မတိုင်မီ ရောက်ရှိလာပြီး အဆိုပါစာရင်းများ တောင်းယူသွားခြင်းဟု ဆိုသည်။ “အသက် ၁၅နှစ်အထက်ကနေ စကောက်တာ။ ပေါ်တာတွေလည်း အရမ်းဆွဲနေသလို အခုလို စာရင်းတောင်းသွားတော့ ကျောင်းသားမိဘတွေအားလုံး လန့်နေကြတယ်”ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။ ပြည်မြို့သည် အာရက္ခတပ်တော်(AA)ထိန်းချုပ် ထားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် ဆက်စပ်သလို အမ်း – ပဒါန်းလမ်းမှတဆင့် အမ်းမြို့နှင့်လည်း ချိတ်ဆက်ထားသည်။ တောင်ကုတ်နှင့် အမ်းမြို့ကို လက်လွတ်ရပြီးနောက် စစ်ကောင်စီက ပြည်ခရိုင်အတွင်း လူငယ်များအား ဖမ်းဆီးခြင်း၊ စစ်မှူးထမ်းဥပဒေအကြောင်းပြ၍ စစ်သားစုဆောင်းခြင်းများပြုလုပ်နေသည်။ ယခုအခါ…
-

တာဝန်ယူဦးဆောင်လုပ်နိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိဟု NUG ယာယီသမ္မတ ပြော
ဝန်ကြီးဌာနများပြုပြင်ပြောင်းလဲမှုလုပ်ပြီး တာဝန်ယူဦးဆောင်လုပ်နိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိဟု NUG ယာယီသမ္မတ ပြော “၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြီး သတ်ဖြတ်ဖယ်ရှားနိုင်ဖို့ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုများအနေဖြင့် နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုပြီးလက်တွေ့ပြသဖို့ အချိန်တန်ပြီလို့မြင်ပါတယ်” – ယာယီသမ္မတ ဒူဝါလရှီးလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက်ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးခဲ့ပြီး အစိုးရအဖွဲ့ တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာဦးဆောင်နိုင်မည့်သူများ လိုအပ်နေ၍ အစားထိုးတာဝန်ယူနိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိကြောင်း ဖိတ်ခေါ်လိုက်သည်။ ယနေ့ ယာယီသမ္မတက နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လူထု၏တာဝန်ပေးချက်အရ တော်လှန်ရေး တာဝန်များကို ထမ်းဆောင်နေရသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ရာထူးထိုင်ခုံနေရာများကိုဖက်တွယ်ခြင်း မဟုတ်သကဲ့သို့ အစိုးရ အခန်းကဏ္ဍကို…
-

တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင်
တိုင်းပြည် တိုးတက်အောင် သူက ဆောင်ရွက်နိုင်ခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တိုးတက်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း တိုင်းရင်းသားခေါင်းဆောင် တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ မင်းအောင်လှိုင်က နှစ်သစ်ကူးအဖြစ် ထုတ်ပြန်ပြောဆိုတဲ့ ပြောဆိုချက်မှာ အဲဒီလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။ မင်းအောင်လှိုင်က သူ့အနေနဲ့ တိုင်းပြည်ကို အတိုင်းအတာတစ်ခု အထိတိုးတက် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်တာ၊ ၅ ကြိမ်မြောက် အားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်တာတွေက သူရဲ့ တိုင်းပြည်ကို တိုးတက် အောင်လုပ်ဆောင်မှုတွေ ဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ သူက တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း…