Category: News
-

ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အငြိမ်းစားပင်စင်စားဝန်ထမ်းများကို ပင်စင်လစာထုတ်ယူစဉ် ဆေးဝါးနှင့် ကြက်ဥများပေး၍ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက စည်းရုံးရေးဆင်းနေကြောင်း သိရသည်။ ယခုနှစ် သြဂုတ်လမှ စတင်ကာ မြန်မာ့စီးပွါးရေးဘဏ်တွင် ပင်စင်လစာထုတ်ယူချိန် ပင်စင်စားဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီချိုတိုင်းပေးခြင်းနှင့် လစဥ်သောက်သုံးနေရသည့် ဆေးဝါးအချို့ကိုလည်း ထောက်ပံ့မှုများလုပ်ဆောင်နေသည်ဟု မြို့ခံအချို့က ပြောသည်။ “ပင်စင်သွားထုတ်တိုင်း သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေဆိုရင် တစ်လစာအတွက် တစ်ကဒ်၊ နှစ်ကဒ် အဲ့လိုမျိုးပေးတယ်။ ပင်စင်စထုတ်ထုတ်ခြင်းရက်တွေပဲပေးတာများတယ်။ ပြီးခဲ့တဲ့လက အရင်ဦးတဲ့သူတွေဆို နှစ်ကဒ်ဆီရကြတယ်။ တချို့လည်း ခွဲတမ်းမရတော့ တစ်ကဒ်ပဲရကြတယ်။ တချို့လည်း မရဘူး။ အပြင်မှာ တစ်ကဒ် ကို ၂၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ဝန်းကျင်လောက်ဆိုတော့ တစ်ကဒ်ဖိုးသက်သာလည်း ဟင်းစားအတွက်ရတာပေါ့”ဟု ပုသိမ်မြို့ခံ ပင်စင်စားဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ယခုလ ပင်စင်လစာထုတ်ယူချိန်မှာလည်း တစ်ဦးလျှင်…
-

ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်
ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်၊ ကားပေါ်ပါ ၄ ဦးလုံးသေဆုံး မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှုဇုန်ဂိတ်မှ မြို့ ထဲသို့ ကားဖြင့် ပြန်လာသည့်စစ်ကောင်စီတပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးစလုံး သေဆုံးသွားကြောင်း Young Force UG အဖွဲ့က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စက်မှုဇုန်ဂိတ်မှ ပခုက္ကူမြို့ဘက်သို့ ပြန်လာသည့် ကား အား စက်မှုဇုန် ဂိတ် အနီးမှာပင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Young Force UG အဖွဲ့ မှ ရဲဘော် တစ်ဦး က ပြောသည်။ ၎င်းက “ ပစ်ခတ်ခဲ့တဲ့ နေရာက…
-

ဂွမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေးအဖွဲ့အစည်းများဖြင့် မှိုင်းတိုက်လာ
ရခိုင်ပြည်၊ ဂွမြို့နယ်ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေး၊ လူမျိူးရေး မီးမွှေးရန် ၎င်းတို့လက်ကိုင်တုတ်ဖြစ်သော မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)အပါအဝင်စစ်ကောင်စိ လက်ဝေခံအဖွဲ့အစည်း ၂၀ ဖြင့် စတင်မှိုင်းတိုက်လာကြောင်း ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံများထံက သိရသည်။ အာရက္ခတပ်တော်(AA)သည် ဂွမြို့အခြေစိုက် နောက်ဆုံးလက်ကျန် တပ်ရင်းနှစ်ရင်းကို ဒီဇင်ဘာ ၁၉ ရက်က သိမ်းပိုက်လိုက်ရာ ထိုအရာနှင့် အချိန်ကိုက်၍ AA အား စွပ်စွဲထားသည့် မျိုးချစ်မြန်မာ ရဟန်းတော် များသမဂ္ဂ(ရန်ကုန်)၏ ကြေညာချက်ကို ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသဘောထား ကြေညာချက်တွင် စစ်ရှုံး၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံသည်ကို ရခိုင်လူထုအား ငဲ့ညှာ၍ အလံဖြူထောင်သည်ဟု လိမ်ညာသုံးနှုန်းထားပြီး ၎င်းတို့နှင့် စစ်သုံ့ပန်းများကို AA က…
-

ဂွမြို့ကို AA သိမ်းပိုက်ပြီးနောက် ပုသိမ်မြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
ဂွမြို့ကို AA သိမ်းပိုက်ရရှိပြီးနောက် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်ကြောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာနက အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာနေသည်ဟု ဒေသခံများထံက သိရသည်။ ပုသိမ်မြို့နယ်အတွင်းတွင် လူငါးဦး သို့မဟုတ် လူငါးဦးထက် ပိုသောသူများသည် အများသူငှါသွားရာလမ်းများတွင် စုဝေးခြင်း ၊ ဟောပြောခြင်း၊ လှုံ့ဆော်စည်းရုံးခြင်း၊ရုန်းရင်းဆန်ခတ်ပြုခြင်း၊ ဖျက်ဆီးခြင်း မပြုကြရန် ဒီဇင်ဘာ ၂၈ ရက်နေ့ရက်စွဲဖြင့် ပုသိမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ခဲ့သည်ဟု ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “လူငယ်နဲ့လူ လတ်ပိုင်းတွေ အသွားအလာအနေအထိုင်ဆင်ချင်ကြပေါ့။ ၁၄၄ ထုတ်တာ အချိန်ကန့်သတ်မထားဘူး။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ဥပဒေအရ ဖမ်းဆီးလို့ရတယ် အကြောင်းအမျိုးမျိုးပြပြီးတော့ပေါ့ ” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း…
-

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး
မြစ်ခြေ-ကမ္မ အစပ်ကို စစ်တပ် ရိက္ခာပို့ယာဉ်များ ဖြတ်သန်းနိုင်ရန် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး မကွေးတိုင်း၊ မြစ်ခြေ-ကမ္မ အစပ်ကို အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဉ်များ ဖြတ်သန်းနိုင်ရန် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစု(K.R.R.C)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မ အစပ်ကို အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်က်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်း…