Category: News

  • မန္တ-လေး နန်းတွ-င်းထဲမှာ ငု-တ်တု-တ်သာ ထို-င်နေရပေမယ့် ကျီးလန့်စာစား အနေအထား
  • ရန်ကုန်ရှိ နာမည်ကြီးဟိုတယ်များတွင် အခန်းများပြည့်နေပြီး နှစ်သစ်ကူး Countdown ပါတီပွဲများ ကျင်းပမည်

    ရန်ကုန်ရှိ နာမည်ကြီးဟိုတယ်များတွင် အခန်းများပြည့်နေပြီး နှစ်သစ်ကူး Countdown ပါတီပွဲများ ကျင်းပမည်

    ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်များတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးအကြိုနေ့အတွက် အခန်းများပြည့်နေပြီး Countdown ပါတီပွဲများကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဆီဒိုးနားဟိုတယ်၊ Sayarsan ဟိုတယ် ၊ Summit Parkview ဟိုတယ်များအပါအဝင် Bar နှင့် ရေကူးကန် ပါဝင်သည့် ဟို တယ်များတွင် နှစ်ကူးရက်အတွက် အခန်းများပြည့်နေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ အဆိုပါရက်ပိုင်းအတွက်ဟိုတယ်အများစု၏ အခန်းဈေးနှုန်းများတွင် အနိမ့်ဆုံး ကျပ်နှစ်သိန်းကျော် ရှိကြောင်းသိရသည်။ Park Royal ဟိုတယ်တွင်မူ နှစ်သစ်ကူးအတွက် အခန်းရရှိနိုင်ပြီး နှစ်သစ်ကူးအကြို DJ ဖျော်ဖြေပွဲ များရှိကာ လူနှစ်ယောက်စာကို အမေရိကန်ဒေါ်လာ ၁၂၈ ဈေးနှုန်းရှိကြောင်းသိရသည်။ Zealax ဟိုတယ်ပေါ်ရှိ Evolera Sky Lounge Bar တွင် နှစ်သစ်ကူးညအတွက်ဘိုကင်များ ပြည့်နေပြီဖြစ်ကြောင်း…

  • တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏ နေအိမ်ကို ဝင်ရောက်စီးနင်း

    တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏ နေအိမ်ကို ဝင်ရောက်စီးနင်း

    တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏ နေအိမ်ကို ဝင်ရောက်စီးနင်းမှု လက်နက် ၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ရာ လက်နက် ၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – TTA PDF မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်အချိန် တောင်သာမြို့နယ်၊ မြင်းခြံ – ညောင်ဦး လမ်း ဘေးရှိ ဆင်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဝင်းကို၏ နေအိမ်အားဝင်ရောက် စီးနင်းရာ ဝင်းကိုနှင့်ပျူစောထီးများ ထွက်ပြေးကြောင်း၊ ထို့ကြောင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ရာ…

  • တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ  အလွန်သဘောထားတင်းမာသူဖြစ်

    တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်

    ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းမှာ အလွန်သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်၍ စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဟုဆို ရခိုင်ပြည်၊ ဂွမြို့တွင် ခုခံရင်း သေဆုံးသူ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် အလွန် သဘောထားတင်းမာသူဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ရခိုင်ပြည်၊ ဂွမြို့နယ်တစ်ခုလုံးကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးနိုင်ကြောင်း AA က သတင်းထုတ်ပြန်ခဲ့သည်။ သေဆုံးသူ ဗိုလ်မှူးကြီး သန်းစိုးဝင်းသည် တပ်မ…

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့်  စစ်ကိုင်းတိုင်း တပ်မဟာသစ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာသစ်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာသစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင်အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုဟု တရားဝင် ဖိတ်ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က အသစ်ဖွဲ့စည်းမည့် စစ်ကိုင်းတိုင်း တပ်မဟာ သစ်တွင် ပူးပေါင်း လာမည့် တော်လှန်ရေးအင် အားစုအသစ်များကို တံခါးဖွင့်ကြိုဆိုပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က တရားဝင်ဖိတ်ခေါ် လိုက်သည်။ MDY PDF အနေဖြင့် စစ်ကိုင်းတိုင်း တပ်မဟာ အသစ်တစ်ခုထပ်မံဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းစစ်ဆင်သွားမည်ဖြစ်ကြောင်း ၊လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း ၊ စစ်ကိုင်း တပ်မဟာတွင် လာရောက်ပူးပေါင်းမည့် စစ်သည်တော်များနှင့်…