Category: News
-

DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ
နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ရှုံးနိမ့်ပြီး စခန်းတွေ တခုပြီးတခု အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA ကျောင်းဆင်းပွဲ ၄၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အဲဒီပွဲကို ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ၈ မိုင် စစ်ရုံးထဲမှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲနေရာအနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ နီးစပ်သူတယောက်က “အခမ်းအနားတက်မယ့်သူနဲ့ လိုက်မယ့်မိသားစု မှတ်ပုံတင်၊ တော်စပ်ပုံ၊ မိန်းမ၊ သားသမီး၊ မြေးတွေပဲ တက်ခွင့်ရတယ်။ လူနဲ့ မှတ်ပုံတင် လာမယ့်ကားနံပါတ်ကို တပတ်အလိုတည်းက ကြိုပေးထားရတယ်။ တယောက် ၂ သိန်းဖိုး ကျွေးတယ်။ လူစေ့ မဲနှိုက်ခွင့်ရတယ်။…
-

ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ
စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ် တောင်းခံခဲ့သည့် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့ နံနက်အစောပိုင်း ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး စန်းငွေသည် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀…
-

၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်
ရေစကြို မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ အထိ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာတွင် ၃ နှစ်ကြာ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ် စခန်းနှင့် မြင်းခြံမြို့မှ…
-
သပိတ်ကျင်းရှိ စစ်တပ် ပြန်ရသွားသောရွာကြီးအနီး ၅ ရက်ဆက် တိုက်ပွဲဖြစ်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီ ပြန်သိမ်းထားသည့် တွင်းငယ်ကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ၅ ရက်ဆက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီဇင်ဘာ ၂၁ ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၅) တွင် စစ်လေယာဉ်က ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။ “သူတို့ကိုပြန်ဝိုင်းထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ မြေပြင်ကနေလည်း စစ်တပ် အင်အားအလုံးအရင်းနဲ့ထိုးတယ်။ လေကြောင်းနဲ့လည်းတိုက်နေတယ်။ တိုက်ပွဲက ဒီနေ့ ပိုပြင်းထန်နေတယ်” ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ပြောသည်။ မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည့် တွင်းငယ်ကျေးရွာကို PLA,…
-

ခြိမ်းခြောက်သည့် Black Hero UG PDF မြေပြင်တွင် မရှိ
ဟောင်စု ဆေးဝါးကြော်ငြာနှင့် ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့မှ အသိပေးစာထုတ်ပြန်ပြီးနောက် Cele ဖြူဖြူထွေး ပြန်လည်တောင်းပန်သော်လည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ဆို ဟောင်စုအမည်ရှိ ဆေးဝါးကြော်ငြာအား Cele ဖြူဖြူထွေးက လူမှုကွန်ရက်စာမျက်နှာ Facebookနှင့် Youtube တို့တွင် ဒီဇင်ဘာ ၂၃ ရက်က တင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နှိမ့်ချစော်ကားသည်ဟုဆိုကာ ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး Black Hero UG PDF အဖွဲ့ဆိုတဲ့အဖွဲ့က အသိပေးစာ ထုတ်ပြန်ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့ပြီး ဖြူဖြူထွေးမှ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အဆိုပါကြော်ငြာတွင် မယ်တော်တစ်ဦးပုံစံ အဖြူရောင် ဝမ်းဆက်ကို ဝတ်စားဆင်ယင်ထားပြီး ရောဂါများ ကုသပေးသူတစ်ဦးအဖြစ် ဖြူဖြူထွေးကသရုပ်ဆောင်ထားကာ ချဲဂဏန်းအဖြစ် ၇၉ နံပတ်ပေးခြင်း၊ ခြံစည်းရိုး အစရှိသည့် ပြောကြားချက်များကို ကြည့်ရှုသူများက ဝေဖန်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်…