Category: News

  • တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ

    တရုတ်တချို့ သောင်ရင်းမြစ်အတွင်းသို့ ခုန်ချ ရေကူးထွက်ပြေးကြ

    မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင် ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ KK Park မှ ကျားဖြန့်လုပ်ကိုင်သော နိုင်ငံခြားသား ၆၀၀ ကျော် မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း နယ်စပ်သတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ပြီး KK Park အတွင်းမှ ကျားဖြန့်လုပ်ကိုင်နေသော မြန်မာများနှင့် နိုင်ငံခြားသားများကို လုံခြုံရေးယူပေးထားသော BGF တပ်ဖွဲ့က နှင်ထုတ်နေရာ ယမန်နေ့ညပိုင်းမှစတင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ရာချီ ထွက်ပြေး ရောက်ရှိနေကြကြောင်း၊ တရုတ်နိုင်ငံသားများမှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ရေကူး…

  • ၂နှစ်သမီးလေးအပါ မိသားစု၅ဦးကို အဖေဖြစ်သူကိုယ်တိုင်က…see more
  • ဝိုင်းသနားပြီး လှူနေတဲ့ မိန်းမကြီး နောက်ထပ် ခုးမှု..
  • မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မြစ်ငယ်အထက်တန်းကျောင်း၌ ဓားထိုးမှုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဆေးရုံတင်ထားရ

    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက အရပ်သားတယောက်က Grade 11 ကျောင်းသား ကျောင်းသူ ၃ ယောက်ကို ဓားနဲ့ထိုးသွားလို့ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၁၂ နာရီခွဲက အရပ်သားလူငယ်တစ်ယောက်က ညီမဖြစ်သူကို အအေးဘူးပေးမယ်ဆိုပြီး Grade 11 ဘီ ခန်းအတွင်းဝင်ကာ ကျောင်းသူတစ်ယောက်ကို လည်ပင်းညှစ် ဓားနဲ့ထိုးပြီး ဝင်ဆွဲတဲ့ ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ်ယောက်ပါ ဓားနဲ့ထိုးခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။ “မုန့်စားဆင်းချိန် Grade 11 ဘီ ခန်းမှာ ဖြစ်သွားတာ။ အဲဒီကောင်လေးက သူ့ညီမကို မုန့်ပေးမယ် ဆိုပြီး ဝင်လာတာ။ အခန်းထဲရောက်တော့ ကျောင်းသူလေးကို လည်ပင်းကိုညှစ်ပြီး…

  • Bungalow Section 12

    Bungalow Section 12 (2024) မလေးရှားနိုင်ငံက ဆယ်ကျော်သက်အရွယ်ကျောင်းသားတစ်ခုဟာ ယူကျူ့ဘ်ချန်နယ်ထောင်ပြီး ထူးဆန်းထွေလာဖြစ်ရပ်တွေကို ရိုက်ကူးလေ့ရှိသူပါ။ ဒီလိုနဲ့ သူတို့ရိုက်ပြီးတင်တင်နေတဲ့ ဗီဒီယိုတွေဟာ ယုံတမ်းတွေပါဆိုပြီး ကောမန့်တွေကြား ပုတ်ခတ်ခံလာရတဲ့အချိန်မှာ သရဲကပ်နေတယ်လို့ ရာဇဝင်ကြီးတဲ့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို စွန့်စားပြီးအဖြေရှာဖို့ ကြံလာကြပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီ ဘန်ကလိုဆိုတဲ့နေရာမှာ အရင်ကလည်း သူတို့လိုလူငယ်တွေတစ်သိုက် စူးစမ်းဖို့သွားကြရင်း တစ်အုပ်လုံးသေသွားပါတယ်။ ဒါကိုသိလျက်နဲ့သွားကြဖို့လုပ်တဲ့အချိန်မှာ သွားရင်းနဲ့လည်း အိမ်ရဲ့ အနီးပရဝုဏ်ကိုရောက်လာတဲ့အချိန် အိမ်စောင့်နတ်ကလည်းအကြိမ်ကြိမ်ကိုယ်ထင်ပြပြီး ထွက်သွားကြဖို့ သတိပေးပါတယ်။ ဒါတောင်မှပဲ ခေါင်းမာပြီး သတ္တိရှိတမ်းကစားခဲ့ကြတဲ့ လူငယ်တစ်သိုက်ဟာ ဘယ်လိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ကြရမလဲဆိုတာကို သဲထိပ်ရင်ဖို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။