Category: News
-

ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင်ကို ထောင် ၃ နှစ်ချ
အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ဇန်နဝါရီလ ပထမ ပတ်အတွင်း ထောင်ဒဏ် ၃ နှစ်ချလိုက်တယ်လို့ မန္တလေးမြို့ တရားရုံးအသိုင်းအဝိုင်းက တဆင့် သိရပါတယ်။ မန္တလေးအိုးဘို ထောင်တွင်းတရားရုံးက အမိန့်ချတာဖြစ်ပြီး အဲဒီထောင်မှာ ပဲ အကျဉ်းချထားတယ်လို့သိရပါတယ်။ ” ပုဒ်မတစ်ခုတည်းပဲပါပဲ၊ ထပ်တိုးစွဲထားတာမရှိတော့ဘူး”လို့ တရားရုံး အသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီကပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့ နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီ ခွဲမှာ မန္တလေး၊ ပြည်ကြီးတံခွန် ရဲစခန်းမှာ ဖမ်းဆီး…
-

စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ
လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အပြင်ဘက်ရှိ ထီးစဲခါးကင်းစခန်း တစ်ခု ၌ တာ ဝန်ကျနေသော ခလရ ၂၄၇ တပ်ရင်းမှ တပ်သား ၄ ဦးသည် MA-3 အမျိုးအစား သေ နတ် ၃ လက် ၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ…
-

ကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများ လုပ်ရဲကိုင်ရဲသည့်စိတ်ရှိရန် စစ်ခေါင်းဆောင်မှာကြား
နိုင်ငံကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများအနေဖြင့် လုပ်ရဲကိုင်ရဲသည့် စိတ်များနှင့် လုပ်ချင်ကိုင်ချင်စိတ်များရှိရန်လိုကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဇန်နဝါရီလ ၂၅) ရက်နေ့က သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ပြောသည်။ စစ်ကောင်စီတပ်သားများအနေဖြင့် တဦးတယောက်ချင်း ကိုင်တွယ်အသုံးပြုရသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရန်လိုကြောင်းလည်း သူက ဆက်ပြောသည်။ “သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့နယ်ပယ်၌ အကျိုးရှိ ထိရောက်အောင် အသုံးချနိုင်ရမည်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။ ထို့ပြင် စစ်သားဘဝကို ခုံမင်မြတ်နိုးတန်ဖိုးထားရန်၊ စစ်ကောင်စီတပ်သားများ၏ ဘဝကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လည်း ၎င်းက မှာကြားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇…
-

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တရုတ်ဝင်ကူရန် စစ်ခေါင်းဆောင် ပန်ကြား
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအပေါ် ထောက်ခံနေသလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးရန် ပန်းကြားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား၌ ပြောသည်။ အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်ကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ မာကျားနှင့်တရုတ်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့သည်။ စစ်ခေါင်းဆောင်က တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတခုတည်းဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တပါတည်းဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း၊ မြန်မာ- တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ကျေးဇူးတင်ကြောင်းလည်း ဆိုသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေးအရ၊ ယုံကြည်မှုအရ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။ ထို့ပြင်…
-
စစ်ဘေးရှောင်များ ရောက်ရှိလာပြီးနောက် ပုသိမ်တွင် အိမ်ငှားခဈေးတက်
ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့သို့ ဇန်နဝါရီလအတွင်း ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသများမှ စစ်ဘေးရှောင်များရောက်ရှိလာပြီးနောက် အိမ်ငှါးခများ ဈေးမြင့်တက်သွားကြောင်း သတင်းရရှိသည်။ “ကျွန်တော်တို့ မနေခင်က တစ်လကို ကျပ်ရှစ်သောင်းနဲ့ငှါးတဲ့အိမ်က နှစ်သိန်းပေးနေရတယ်။ နောက်ပြီးဘယ်သူမှ တစ်လခြင်းမရှိဘူး၊ ခြောက်လ အနည်းဆုံးစာချုပ်နဲ့ ငွေပုံရတယ်။ စစ်ရှောင်လာရတော့ အပြီး၀ယ်နေဖို့လဲ အဆင်မပြေ၊ ခုလို အိမ်ဌားခတွေတက်တော့ရေရှည်မှာအဆင်မပြေဘူး”ဟု ရွှေသောင်ယံမြို့မှပြောင်းရွှေ့လာပြီး အိမ်ငှါးနေထိုင်သူ တစ်ဦးမှ ပြောသည်။ ပုသိမ်မြို့နယ်အတွင်းသို့ ၂၀၂၄ ခုနှစ်အတွင်းရခိုင်ပြည်နယ်၊ လားရှိုးနှင့်မိုးကုတ်စသည့်ဒေသများမှ စစ်ဘေးရှောင်များရောက်ရှိနေရာမှ ယခု ဇန်နဝါရီလအတွင်း ကမ်းခြေဒေသမှဒေသခံများပါ ဝင်ရောက်လာကြသောကြောင့် ယခင် အိမ်ငှါးခ တစ်လလျှင် ကျပ် ၅၀,၀၀၀ မှ ၆၀,၀၀၀ ပေးရသည့် အိမ်များမှာ လက်ရှိတွင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိစျေးတက်သွားကြောင်း သိရသည်။…