Category: News

  • အွန်လိုင်းရာဇဝတ်မှုနဲ့ လူ ၅ သောင်းကျော် တရုတ်ပြည် ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်

    အွန်လိုင်းရာဇဝတ်မှုနဲ့ လူ ၅ သောင်းကျော် တရုတ်ပြည် ပြန်ပို့ခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်

    မြန်မာစစ်ကောင်စီက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရာမှာ အိမ်နီးချင်းနိုင်ငံတွေကလည်း ဝိုင်းဝန်း ကူညီကြဖို့ တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ ၂၀၂၃ ခုနှစ်ကစလို့ အဲဒီ ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူ စုစုပေါင်း ၅၀,၀၀၀ လောက်ကို တရုတ်ပြည်ကို ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြောပါတယ်။ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုလုပ်ဆောင်တဲ့ အဆောက်အဦတွေ မြန်မာနယ်စပ်ဒေသတလျှောက်မှာ ပေါများလာပြီး နိုင်ငံခြားသား အများအပြားလည်း အဲဒီနေရာတွေမှာ အလုပ်လုပ်ဖို့အတွက် ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်လည် ဖျားယောင်း ခေါ်ဆောင်ခံရတာအပြင် အဓမ္မ လူမှောင်ခိုကူးခံရတာတွေ ရှိခဲ့ပြီး အဲဒီလုပ်ငန်းတွေကနေ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေကြတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။​ မြန်မာနိုင်ငံအတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားဌာနတွေ အများအပြား ရှိနေတဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့…

  • ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး တော်လှန်ရေး တပ်ဖွဲ့များ ကြိုးစားနေ

    ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး တော်လှန်ရေး တပ်ဖွဲ့များ ကြိုးစားနေ

    ထီးလင်းမြို့မ ရဲစခန်း၊ ရုပ်သံကုန်းနှင့် ကင်းပုန်း ဝပ်နေသော စစ်သားများကို တိုက်ခိုက် ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး တော်လှန်ရေး တပ်ဖွဲ့များ ကြိုးစားနေ မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ရုပ်သံကုန်းနှင့် ကင်းပုန်း ဝပ်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ပြီး ထီးလင်းမြို့ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြောင်း ဗျူဟာ အမှတ် ၈၁ – ယောဗျူဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြို့မရဲစခန်းနှင့် ရုပ်သံကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ထီးလင်းမြို့အောင်တော်မူ ဘုရားဘက်၌…

  • တိုင်းရင်းသားတပ်များနှင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီဟု NUG ထုတ်ပြန်

    တိုင်းရင်းသားတပ်များနှင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီဟု NUG ထုတ်ပြန်

    တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်၊ တော်လှန်ရေးသမားများ ဒေသစွဲစိတ် စွန့်လွှတ်ပြီး နိုင်ငံ့အရေး ကြိုးပမ်း ကြရမည်ဟု NUG ယာယီ သမ္မတက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) NUG ယာယီ သမ္မတ ဒူဝါးလရှီးလက ၎င်းတို့နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး ဒေသစွဲစိတ်ကို စွန့်လွှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသွားရန် လိုအပ်သည်ဟု ယနေ့ (ဇန်နဝါရီ ၂၁) တွင် ပြောကြားသည်။ NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အခုဆိုရင် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်ပြီလို့…

  • ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့

    ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့

    ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိချိန်တွင် ချောင်းသာကမ်းခြေကို အလည်အပတ်ဝင်ရောက်မှုများလည်း သိသိသာသာ လျော့နည်းသွားပြီး ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့်…

  • လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို

    စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိကြောင်း ကိုးကန့် MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင်က ပြောဆိုသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA နှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိနေရာတွင်ပင် အပစ်အခတ်ရပ်စဲထားရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာမည်ဆိုသော သတင်းများမှာ လုံး၀ မှန်ကန်မှု မရှိကြောင်း ၎င်းက ရှင်းပြသည်။ “အပစ်ခတ်ရပ်စဲတာ လက်မှတ်ထိုးတာဟုတ်ပါတယ်။ လားရှိုးက ပြန်ဆုတ်မယ်ဆိုတာ ကျနော်တို့…