Category: News

  • AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်

    AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်

    ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံနိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ခံစစ်ပူးပေါင်းပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင် ရုံးအခြေစိုက်ကာ စစ်ကောင်စီ၏ အကူအညီများဖြင့် ဒေသခံများကို ခေါ်ယူပြီး စစ်သင်တန်းပေးနေကြောင်း မြို့ခံသတင်းရင်းမြစ်အချို့က ပြောသည်။ ALP သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြံအရံများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းကို ဒီဇင်ဘာလ တတိယအပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြို့ခံသတင်းရင်းက ပြောသည်။ “ALP ရဲ့ အခြေခံစစ်ပညာသင်တန်းကို မင်းဂံက ဒေါ်စောမြရာဇာလင်းရဲ့ နေအိမ်ခြံဝန်းနဲ့…

  • ကျိုက်မရောမြို့နယ်က အကြမ်းဖက် ကျေးရွာ ရဲစခန်း ၂ ခုကို မွန်ပြည်သစ်က ဒရုန်းနဲ့ဗုံးကြဲ၊ ရန်သူတပ်သား ၆ ဦးသေ

    ကျိုက်မရောမြို့နယ်က အကြမ်းဖက် ကျေးရွာ ရဲစခန်း ၂ ခုကို မွန်ပြည်သစ်က ဒရုန်းနဲ့ဗုံးကြဲ၊ ရန်သူတပ်သား ၆ ဦးသေ

    ကျိုက်မရောမြို့နယ်က အကြမ်းဖက် ကျေးရွာ ရဲစခန်း ၂ ခုကို မွန်ပြည်သစ်က ဒရုန်းနဲ့ဗုံးကြဲ၊ ရန်သူတပ်သား ၆ ဦးသေ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာက ရန်သူရဲစခန်း နဲ့ တောင်ကလေးကျေးရွာ အကြမ်းဖက် ရဲစခန်းတို့ကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး ဒရုန်းတပ်ဖွဲ့က ဒရုန်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၆ ဦးသေပြီး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ New Mon State Party-AD ကဒီနေ့မှာထုတ်ပြန်ပါတယ်။ တောင်ကလေးကျေးရွာ အကြမ်းဖက်ရဲစခန်းကို ဇန်နဝါရီ ၁၂ ရက် က ဒရုန်းသုံးပြီး၊ဗုံးကြဲတိုက်ခိုက်ရာ ရန်သူတပ်သား တစ်ဦး သေပြီး၊ တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ကဒါကျေးရွာ ရန်သူရဲစခန်းကို ဇန်နဝါရီ ၁၀…

  • မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်

    မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်

    မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မြင်းခြံ- တောင်သာ-မန္တလေးသွားကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ “ကျနော်တို့သိထားရတာက မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းပါတဲ့အဖွဲ့တွေက မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မာဒိုအဖွဲ့ 2ICကိုဗညားနဲ့ မြင်းခြံခရိုင်တပ်ရင်း ၁…

  • လှဂွန်းပျို စစ်ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စကစ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ

    လှဂွန်းပျို စစ်ခွေးစခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန် စကစ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ

    ဖာပွန်-ဘီးလင်း ကားလမ်းမ အနီးရှိ လှဂွန်းပျို စစ်ခွေးစခန်းမှ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ၂၀၂၅ ဇန်နဝါရီလ ၇ ရက်က လက်နက်ချ အလင်းဝင်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ သတင်းထုတ်ပြန်သည်။ စစ်ခွေးတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က စစ်ခွေးတပ်စခန်းများသို့ ထောက်ပို့ပေးနေတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့စစ်ခွေးစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။ လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့ မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲထံမှ သိရသည်။ လှဂွန်းပျိုစစ်ခွေးစခန်းကို ၂၀၂၅ ဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ခြင်းဖြစ်ကြောင်း တပ်မဟာ (၅)၏…

  • အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက် ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆို

    အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက် ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆို

    ၂၀၂၅ ခုနှစ်တွင် စစ်အာဏာရှင်အုပ်စုကို စုစည်းညီညွတ်အားဖြင့် ဖြိုချပစ်ရေး ၊ စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက် ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆို ၂၀၂၅ နှစ်တွင် စစ်အာဏာရှင်အုပ်စုကို စုစည်းညီညွတ်အားဖြင့် ဖြိုချပစ်ရေး၊ တအာင်း TNLA က သိမ်းပိုက်ထားသော နယ်မြေများတွင် စစ်အာဏာရှင်အုပ်စု၏ အုပ်ချုပ်ရေး ယန္တရား နောက်ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြု မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ်အတွင်း TNLA…