Category: News
-

ခွေးသေဝက်သေ သေဆုံးခဲ့တဲ့ စင်တင်မရဲ့ နောက်လိုက် ငပျူများ
“ခွေးသေဝက်သေ သေဆုံးခဲ့တဲ့ စင်တင်မရဲ့ နောက်လိုက် ငပျူများ” ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့က ဖြစ်ပွားခဲ့တဲ့ မြင်းခြံမြို့အဝင် နန်းမြင့်တောင် အနီးက တိုက်ပွဲမှာ စင်တင်မ သီတာယုမွန်ရဲ့ နောက်လိုက် ငပျူတွေ ခွေးသေဝက်သေ သေဆုံးခဲ့တဲ့ မှတ်တမ်းလေးပါ။ သတိ-နှလုံးရောဂါရှိတဲ့သူများ မကြည့်ရ ❌
-

မံစီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA က ချေမှုန်းသုတ်သင်
ကချင်ပြည်နယ်၊ မံစီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ ချေမှုန်းသုတ်သင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီး မံစီမြို့ နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်ရင်းများမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ ချေမှုန်းသုတ်သင်ခဲ့ရာ စစ်သားစုစု ပေါင်း ၁၄၀ ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း သိရှိရသည်။ “ထွက်ပြေးသွားတဲ့…
-

စစ်ကောင်စီက လေတပ်ကုန်ချစရိတ် လျှော့ချနိုင်ရန် အင်ဂျင်တပ်လေထီးဖြင့် စမ်းသပ်ဗုံးကြဲလာ
စစ်ပွဲများတွင်ရှုံးနိမ့်လာသည့် အာဏာသိမ်းစစ်ကောင်စီသည် လက်ရှိတွင် ဝေဟင်(လေကြောင်း) အဓိကထား အားပြုတိုက်ခိုက်နေရပြီး ယခုအခါတွင် ၎င်းတို့၏လေတပ် ကုန်ချစရိတ် လျှော့ချနိုင်ရန် အတွက် အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို အသုံးပြု၍ ကျေးရွာများကို စမ်းသပ်ဗုံးကြဲလာကြောင်း သိရသည်။ စစ်ကောင်စီသည် လက်ရှိတွင် အင်ဂျင်တပ်လေထီးများအသုံးပြု၍ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ထိခိုက်သေဆုံးမှုများ ရှိနေပြီး ထိုသို့လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ၊ ဧပြီ(သင်္ကြန်အပြီး)မှ စတင်ကာ ပြင်ဦးလွင် တပ်နယ်အတွင်း လေ့ကျင်ခဲ့ကြောင်း တပ်မတော်သား CDM အရာရှိများထံက သိရသည်။ “အဲအချိန်ကာလက ပြင်ဦးလွင်ဘက်ခြမ်းမှာ ကျွန်တော်ရှိနေတယ်၊ အဲဒီမှာ ကျွန်တော်ကိုယ်တိုင် ပြင်ဦးလွင်တပ်နယ် တစ်နေရာကနေ မြင်ခဲ့တာပါ။ အဲဒီကနေ စလာတာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။…
-

တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်
တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂…
-

စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ
မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို အပြီး တိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန် ကြေညာလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် TNLA က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။ တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။ ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ဦးဆောင်ရေးဆွဲထားသည့်…