Category: News

  • စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ဖွဲ့စည်းပုံပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးလာရာ အမ်း-ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသည့် အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း CDF-Asho ကထုတ်ပြန်ထားသည်။ “အမ်းနပခကနေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ချီပြီး အမ်း-ပဒါန်းဘက်ကိုဆင်းတာ၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်နဲ့အတူ ဖမ်းဆီးခံရတာရှိပါတယ်။ သေဆုံးသူလည်းများတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ချင်းကာကွယ်ရေးတပ်-အရှိုမှ ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်တွင် ပိတ်ဆို့တားဆီးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ…

  • တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ရန် ဖိတ်ခေါ်ထားသော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ အကြမ်းဖက် မင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက် ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ “နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် နှင့်…

  • ဟောင်စုဆေးပရုပ်ဆီ ကြော်ငြာခ ဖြူဖြူထွေးအား သိန်း ၇၀ ပေးရပြီး ဇာတ်ညွှန်းကို မသိရဟု ကုမ္ပဏီဆို

    ဟောင်စုဆေးပရုပ်ဆီ ကြော်ငြာခ ဖြူဖြူထွေးအား သိန်း ၇၀ ပေးရပြီး ဇာတ်ညွှန်းကို မသိရဟု ကုမ္ပဏီဆို

    ဆယ်လီဖြူဖြူထွေးနှင့် ကျပ်သိန်း ၇၀ အကုန်အကျခံ၍ ဆေးပရုပ်ဆီကို ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပရုပ်ဆီကြော်ငြာနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ကြိုတင်သိရှိခွင့်မရှိခဲ့ကြောင်း ဟောင်စုဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းတဦးက ဒီဇင်ဘာ ၂၆ ရက်ကပြောသည်။ “ပေစ့်လေးထောင်ပြီး ကြော်ငြာလေးလုပ်ချင်လို့ ဖြူဖြူထွေးကို ကြော်ငြာလေးအပ်ခဲ့တာပါ၊ ဇာတ်ညွှန်းအကြောင်းအရာ၊ ဗီဒီယိုဖိုင်မူကြမ်းတွေကို ကုမ္ပဏီကိုကြိုတင်အသိပေးတာ ပြတာမျိုး မလုပ်ဘူးလို့ သူ့ဘက်က စာချုပ်ချုပ်ထားတာမို့ အဲ့ဗီဒီယို သူတင်လာကာမှပဲ ဘယ်သူတွေနဲ့ ရိုက်ထားတယ်။ ဘာဝတ်ထားတယ်။ ဘယ်လိုဇာတ်လမ်းဆိုတာကို သိခွင့်ရခဲ့တာပါ”ဟု ဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ဆယ်လီဖြူဖြူထွေး၏ ကြော်ငြာသည် ထိန်းသိမ်းခံထားရသည့် အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်စေသော စကားလုံးအသုံးအနှုံးများ တမင်ရည်ညွှန်းထားသည်ဟု လူမှုကွန်ရက်အသုံးပြုသူများအကြား ပြစ်တင်ဝေဖန်မှုများစွာရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကြော်ငြာဗီဒီယိုတွင် အဖြူဝမ်းဆက်ကိုဝတ်ဆင်ထားသော ဖြူဖြူထွေးက…

  • မွေးစားဖခင်​၏ အဓမ္မပြုကျင့် အိမ်တွင်းအကြမ်းဖက်ခံရသည့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

    မွေးစားဖခင်​၏ အဓမ္မပြုကျင့် အိမ်တွင်းအကြမ်းဖက်ခံရသည့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

    မွေးစားဖခင်​၏ အဓမ္မပြုကျင့် အိမ်တွင်းအကြမ်းဖက်ခံရသည့် ၅ နှစ်အရွယ် ကလေးငယ် သေဆုံး တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောရွာမှ မွေးစားဖခင်၏ အဓမ္မပြုကျင့်ခံရပြီး အိမ်တွင်းအကြမ်းဖက်မှုဒဏ်ပါ ခံစားခဲ့ရသည့် ငါးနှစ်အရွယ် ကလေးငယ် ဆေးကုသမှုခံယူရင်း ဆေးရုံ၌ သေဆုံးသွားကြောင်း အကူအညီပေးနေသူက ပြောသည်။ မီးငယ်(အမည်လွှဲ) သည် ၎င်းအသက်လေးနှစ်အရွယ်တွင် မိခင်နှင့် ဖခင် အိမ်ထောင်ကွဲခဲ့ပြီး အဘိုးနှင့် အဘွားမှာလည်း စောင့်ရှောက်ရန် ငွေကြေးမတက်နိုင်သဖြင့် မိသားစုတခုထံ အမွေစား၊ အမွေခံဖြင့် မွေးစားခွင့်ပြုခဲ့ကြောင်း သိရသည်။ မွေးစားမိဘများထံ ရောက်ရှိသည့် တနှစ်ကျော်အတွင်း မွေးစားဖခင်က နှစ်ကြိမ်အဓမ္မနှစ်ကြိမ်ပြုကျင့်ခဲ့ပြီး အိမ်တွင်းနှိပ်စက်မှုဒဏ်များကြောင့် ခန္တာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက်များ အပြည့်၊ အရိုးပေါ် အရည်တင် ဗိုက်ပူနံကား ပုံစံဖြင့် Save The Trees Rescue Team ထံ…

  • ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို  AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား

    ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား

    စစ်တွေမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နယ်၊ အစွန်ဘက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတချို့ကို AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် စစ်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ယခင်ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ ယခုအခါ ရန်ကုန်-စစ်တွေကားလမ်း တစ်လျှောက်တွင် AA တပ်များက စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်များကို စတင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ကျားမသောက် စစ်ဆေးရးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ “ရန်ကုန်-စစ်တွေ လမ်းပိုင်းဘက်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီဘက်မှာက စစ်ကောင်စီတပ်ရင်းတွေ ရှိတယ်။။ စစ်တွေဒကစလည်းရှိတယ်။ ခမရ ၃၄၄…