Category: News
-

ဧရာဝတီ ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ
ဧရာဝတီတိုင်းသို့ အရက္ခတပ်တော်(အေအေ)ဝင်တိုက်မည်ကြောက်သဖြင့် ဝန်ကြီးချုပ်နှင့် တိုင်းရဲချုပ်တို့ မော်တင်ဘုရားတွင် ယတြာချေနေ ဧရာဝတီီတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူးတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်တင်စွန်းဘုရားသို့ သွားရောက်ကာ ကတြာချေမှုများများပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အခြားဝန်ကြီးများအပါဝင် တိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းတို့က မော်တင်စွန်းသို့ဘုရားသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကသွားရောက်ပြီး ယတြာချေမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးထံမှ သိရသည်။ ” အဓိကတော့ ပီဒီအက်တွေဝင်လာမှာထက် အေအေ တွေဝင်လာမှာကို ဝန်ကြီးချုပ်က ကြောက်နေတာ၊ ခုက ငါးသိုင်းချောင်းတို့ သာပေါင်းတို့ အဲ့ဘက်တကျောမှာ အင်အားတွေပို့ပြီး ပိတ်ထားပေမယ့် သူနောက်ကျောမလုံသလိုဖြစ်နေပုံရတယ်။ သူရော အသစ်ရောက်လာတဲ့ နတခမှူးရော ပေါင်းပြီး ယတြာတွေချေနေတာ ၂ ခါရှိပြီ၊ ခုအခေါက်ကတော့ နတခမှူး မပါဘူး ဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူး ပေါင်းလုပ်တာ” ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးမှ…
-

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်တပ်ရင်း (၃)မှရဲဘော်ခုနစ်ဦး ကျဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင်အမှတ် (၃)တပ်ရင်းမှ ရဲဘော်ခုနစ်ဦး ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ရင်းက အသိပေးထုတ်ပြန်သည်။ ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် ယောဒေသတော်လှန်ရေးတပ် Yaw Defence Force YDF ၊ Yaw Army (YA)နှင့် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်မှ စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။ မင်းတပ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ (၂၇၄)တပ်ရင်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး မြို့လုံးကျွတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မင်းတပ်မြို့ စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း ၁၆၀ဦးခန့်အား ဖမ်းဆီးရမိထားကြောင်း အသိပေးသည်။ ထို့ပြင် ၁၂၂ မမလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃…
-

စစ်တွေတွင် AA နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်
စစ်တွေမြို့အနီးရှိ ကျားမသောက် စစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်(AA)က စတင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ညနေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကျားမသောက်ဂိတ်က စစ်တွေအဝင်ဘက်မှာရှ်ိတာ။ စစ်ကောင်စီအင်အားများတယ်။ ဒီနေ့ တိုက်ပွဲဖြစ်လို့ ဒေသခံတွေရှောင်ရတာရှိတယ်။ အရင်ရက်ကတော့ စစ်တွေနဲ့ပုဏ္ဏားကျွန်းဝန်းကျင်မှာ လေကြောင့်တိုက်ခိုက်မှုရှိတယ်။ ဒီနေ့တော့မရှိသေးဘူး” ဟု ရခိုင်စစ် ရေးသတင်းမြစ်တဦးကပြောသည်။ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်မှ တပ်ရင်းများနှင့် AAသည် ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ AAသည် ရခိုင်ပြည်နယ်တွင် လက်ရှိတိုက်ခိုက်နေဆဲ ဂွမြို့နှင် မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်မှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းယူထားနိုင်ပြီဖြစ်သည်။ ဂွမြို့ကိုလည်းမကြာခင်သိမ်းယူနိုင်တော့မည်ဟု AAက သတင်းထုတ်ပြန်ထားသည်။…
-

စစ်တပ်မိသားစုတွေ ဗေဒင်၊ ယတြာတွေကို အားကိုးနေကြရ (ရုပ်/သံ)
နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ ဆိုးဆိုးဝါးဝါး ကျရှုံးမှုတွေ ကြုံလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ မိသားစုဝင် တွေဟာ ဗေဒင်တွေ၊ ယတြာတွေကို ပိုပြီး အားကိုးအားထား ပြုလာကြတယ်လို့ စစ်တပ် မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။ စစ်တပ်မိသားစုတွေဟာ စစ်အာဏာရှင် အဆက်ဆက် ဗေဒင်၊ ယတြာတွေကို အစွဲပြု သုံးစွဲခဲ့ကြတာတွေ ရှိခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ကူကယ်ရာအဖြစ် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြေပြင်က အခြေအနေတွေ ပိုပြင်းထန်လာတဲ့ အတွက် တပ်နေရာတွေ မကျရေး၊ တပ်သားတွေ မကျရေး၊ စစ်မြေပြင် မထွက်ရရေးနဲ့ ပျောက်နေတဲ့ တပ်သားတွေ ပြန်ရှာတွေ့ရေး၊ ဘေးကင်းရေးတွေအတွက် ယတြာအစီအရင်တွေ လုပ်ဆောင်နေကြရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဗေဒင်၊ ယတြာ လောကီ အစီအမံတွေဟာ ကံ၊…
-

ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)
မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။ တပ်မ ၁၀၁ က အင်အား ၁၃၀ ခန့်ရှိတဲ့ စစ်သားတွေဟာ ဒီဇင်ဘာ၂၄ ရက်မှာ ကမ္မမြို့၊ ညောင်ဂျစ်ပင်ရွာကနေ စတင်စစ်ကြောင်းထိုးကာ ၂၆ ရက်မှာ ကမ္မမြိို့ပေါ်ကိုရောက်လာတာလို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ၂၆ ရက် မနက် ၇ နာရီခန့်မှာ ကမ္မမြို့ပေါ် စည်ပင်သာယာဈေးက ဈေးဆိုင်ခန်းတွေကိုဖောက်ပြီး ပစ္စည်းတွေကိုယူဆောင်သွားတာလို့ ဆိုပါတယ်။ ဈေးဆိုင်ခန်းတွေကို ဖောက်ပြီး ကမ္မမြို့ရဲစခန်းကိုပြန်ချိန် မနက် ၈ နာရီခန့်မှာ ဒရုန်း ဗုံးသီး ၅၀ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုမသိရသေးဘူးလို့ ကမ္မဒေသ…