Category: News

  • နပခ သိမ်းတိုက်ပွဲက ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ (ရုပ်သံ)

    နပခ သိမ်းတိုက်ပွဲက ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ (ရုပ်သံ)

    ရခိုင်ပြည် အမ်းမြို့တွင်ရှိသော အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်းများအား အာရက္ခတပ်တော် AA မှ ထုတ်ပြန်လာခြင်းဖြစ်သည်။

  • မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက်

    မုံရွာမှာ အမျိုးသမီးတစ်ဦးကို ပစ်သတ်ပြီး ကားလုယက်

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်းပေါ်က အဟောင်းပစ္စည်းရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို လက်နက်ကိုင်ဆောင်ထားတဲ့ လူသုံးဦးက ဆိုင်အတွင်းထိ ဝင်ရောက် ပစ်သတ်ခဲ့ပြီး ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက် မနက်အစောပိုင်းက မုံရွာမြို့ မိုးကောင်းလမ်းပေါ်ရှိ အဟောင်းအစ္စည်း ရောင်းဝယ်ရေး ဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ဆိုင်အတွင်းထိ ဝင်ရောက်ပြီး ပိုင်ရှင်ဖြစ်သူ အမျိုးသမီးကို အဓမ္မဖမ်းဆီးဖို့ ပြုလုပ်ခဲ့ရာအသာတကြည် အဖမ်းမခံတာကြောင့် သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့ပြီးနောက် ဆိုင်မှာရှိတဲ့ ကားကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အဟောင်းပစ္စည်းဆိုင်ပိုင်ရှင် အမျိုးသမီးဟာ အသက် ၃၇ နှစ်အရွယ်ဖြစ်ပြီး သမီး သုံးယောက်ရဲ့ မိခင်လည်း ဖြစ်တယ်လို့ သိရပါတယ်။ “တကယ်က ပြန်ပေးဆွဲပြီး…

  • DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ

    DSA ကျောင်းဆင်း နှစ်ပတ်လည်ပွဲတွင် စစ်ခေါင်းဆောင် သီချင်းဆို ပျော်ပါးနေ

    နိုင်ငံတဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ရှုံးနိမ့်ပြီး စခန်းတွေ တခုပြီးတခု အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က DSA ကျောင်းဆင်းပွဲ ၄၇ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သီချင်းဆိုဖျော်ဖြေခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ အဲဒီပွဲကို ဒီဇင်ဘာ ၂၃ ရက် ညပိုင်းက ၈ မိုင် စစ်ရုံးထဲမှာ ညနေ ၆ နာရီကနေ ၉ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲနေရာအနီးတဝိုက်ကို လုံခြုံရေးတင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ နီးစပ်သူတယောက်က “အခမ်းအနားတက်မယ့်သူနဲ့ လိုက်မယ့်မိသားစု မှတ်ပုံတင်၊ တော်စပ်ပုံ၊ မိန်းမ၊ သားသမီး၊ မြေးတွေပဲ တက်ခွင့်ရတယ်။ လူနဲ့ မှတ်ပုံတင် လာမယ့်ကားနံပါတ်ကို တပတ်အလိုတည်းက ကြိုပေးထားရတယ်။ တယောက် ၂ သိန်းဖိုး ကျွေးတယ်။ လူ‌စေ့ မဲနှိုက်ခွင့်ရတယ်။…

  • ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ

    ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ

    စမ်းချောင်းတွင် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီး ငွေညှစ်မှုကြောင့် ပစ်ခတ်ခံရသော ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ဒဏ်ရာပြင်းထန်၍ ဆေးကုသရင်း သေပြီ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ် တောင်းခံခဲ့သည့် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေ ယနေ့ နံနက်အစောပိုင်း ဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဟုမ်းလမ်းဘူတာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စန်းငွေသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး စန်းငွေသည် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀…

  • ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်

    ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်

    ရေစကြို မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ အထိ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာတွင် ၃ နှစ်ကြာ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ် စခန်းနှင့် မြင်းခြံမြို့မှ…