Category: News
-

အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကြောင့် ရတခ တိုင်းမှူးကို ကော့ကရိတ်ကိုပို့ထား
မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်ကို အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကို ကွပ်ကဲကြပ်မတ်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ခေါင်းဆောင်က ကော့ကရိတ်အခြေစိုက် စကခ(၁၂)ကို ပို့ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်မှာ ဘားအံကနေ လုံခြုံရေးကိစ္စတွေ ဦးစီးနေတဲ့ ရတခ ရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကိုလည်း စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ပြဿနာဖြစ်လို့ ဘားအံကနေ ကော့ကရိတ်ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီပြည်နယ်ဝန်ကြီးနဲ့ ထိုး ကြိတ်မှုကြောင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို အရန်အင်အားအဖြစ် အနားပေးလိုက်ပြီလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ကျွန်တော်ကြားတာတော့ စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြဿနာဖြစ်လို့ ဒုတိုင်းမှူးကို ဘားအံကနေ…
-

မွန်ပြည်နယ် ရေးဒေသမှာ တိုက်ပွဲပိုမိုပြင်းထန်လာနိုင်
မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသမှာ နှစ်ဖက်တပ်တွေ ဆက်လက်စစ်ဆိုင်ထားတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ တော်လှန်ရေးအင်အားစုအဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျုံလောင်းဒေသထဲကို ပြီးခဲ့တဲ့ ဇန်န ဝါရီ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေ ဇန်နဝါရီ ၁၉ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်း စစ်ကူတပ်တွေ ထပ်မံစေလွှတ်ပြီး ကျုံလောင်းဒေသရှိ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲထားပါတယ်။ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီတပ်ဘက်က ဆက်လက်ထိုး စစ်ဆင်လာပါက တိုက်ပွဲတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွေအထိ ကျယ်ပြန့်လာနိုင်တယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ ရေးအခြေစိုက် အမှတ် ၅၈၃ ၊ ၅၉၁ ခြေမြန်တပ်ရင်းတွေအ ပြင်…
-

ရန်ကုန်နှင့် ဧရာဝတီတွင် လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ
ပြည်မြို့၊ သုံးပန်လှကျောင်းမှ စျေးသည် ကိုဇင်းရဲနောင်နှင့် ရေဦးမြို့နယ်မှ လူငယ် ၁၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ ရန်ကုန်နှင့် ဧရာဝတီတွင်လည်း လူငယ်များ ဆက်တိုက် ပျောက်ဆုံးနေ ပဲခူးတိုင်း၊ ပြည်မြို့ သုံးပန်လှကျောင်းတွင် ဈေးရောင်းနေသည့် ကိုဇင်းရဲနောင်ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိတ်ဆွေများက ပြောဆိုသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းနယ်မြေရှိ သုံးပန်လှကျောင်းတွင် စျေးရောင်းနေသည့် ကိုဇင်းရဲနောင် သည် ပြည်မြို့မှ ဈေးဝယ်ပြီး ပြန်လာစဉ် သရေခေတ္တရာ၊ မှော်ဇာသံလမ်းကုန်းတွင် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်က ပေါ်တာဆွဲ…
-
မကွေး၊ ပဲခူးနှင့် ဧရာဝတီနယ်စပ်များရှိ စစ်ကောင်စီစခန်းများကိုထိုးစစ်ဆင်နေပြီဟု AA ကြေညာ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နှင့် ချောင်းတစ်ခုသာ ခြားသည့် ဘောမိရွာနှင့် ကမ်းခြေကို ဇန်နဝါရီ ၁၈ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်သလို ရေကြည်မြို့၊ ချင်းစုကျေးရွာ အနီး တိုက်ပွဲများဖြစ်နေသည်ဟု AA က ယမန်နေ့(ဇန်နဝါရီ ၂၀) ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ရခိုင်နှင့် ဧရာဝတီတိုင်း အစပ်၊ ရခိုင်ရိုးမ-ဧရာဝတီတိုင်းထိစပ်သည့် နေရာတချို့၊ ပွိင့် (၃၆၉) ကုန်း၊ ရိုးမ တောင်တန်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်ဟု AA က ဆိုသည်။ AA ထိန်းချုပ်ထားသော ရခိုင်တောင်ဘက်ဆုံး ဂွမြို့နယ်၏ တောင်ဘက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်း ယခုလအစောပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ ဇန်နဝါရီ ၁၆ ရက်နေ့က…
-

“ဝ” ပြည်မှ ကိုးကန့်ဒေသသို့ လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် တရုတ်ခွင့်ပြု
တရုတ်အစိုးရညွှန်ကြားချက်အရ ကိုးကန့်ဒေသဘက်ကို ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြု လိုက်ကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးမှ ယနေ့ (ဇန်နဝါရီလ ၂၀ ) ရက်စွဲဖြင့် ထုတ်ပြန်သည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတို့ တရားဝင် အပစ်ရပ် ပြီဟုသတင်းထွက်လာပြီးနောက် “ဝ”ပြည်မှ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာကုန်စည်ဖြတ်သန်းခွင့် ကို တရုတ်က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ဒေသအတွင်း တည်ငြိမ်လာခြင်းကြောင့် လူနှင့်ယာဉ် ဖြတ်သန်းခွင့်အပြင် ဖောင်ဆိပ်တံတားမှ ကုန်စည်ပို့ဆောင်ခွင့်ထိန်းချုပ်ထားခြင်းကို ဖြေလျော့ပေးပြီး ပုံမှန်အတိုင်းခွင့်ပြုလိုက်ကြောင်း ဆိုသည်။ ငါးလနီးပါးအကြာ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ညွှန်ကြားချက်ကြောင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ် အာဏာပိုင်များက ယမန်နှစ်က…