Category: News
-

တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံး
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေသည့် မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်) တာ၀န်ခံ ကံကြီးမောင်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ် အတွင်းရှိ မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုးကို ၎င်းနေအိမ်အတွင်းရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သိန်းစိုးသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ ကျေးရွာနေ ပြည်သူလူထုအပေါ် စစ်မှုထမ်းကြေးများ အတင်းအဓမ္မ ကောက်ခံခြင်းနှင့် လျှပ်စစ်မီတာခများ အဆမတန် တောင်းခံနေခြင်းတို့ကြောင့် ပစ်ခတ်…
-

တရုတ်၏ဖိအားဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ် အပစ်ရပ်သဘောတူညီချက်ရ၊ ကိုးကန့်တပ်များ လားရှိုးက ပြန်ဆုတ်ရမည်
တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် မကြာသေးမီက စစ်ကောင်စီကိုယ်စားလှယ်များနှင့် ကိုးကန့်တပ် (MNDAA) တို့ တွေ့ဆုံရာတွင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဟုခေါ်ကြသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ခုနှစ်ကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၁၈ တွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရသည်။ တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်များမပါရှိသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ သတင်းရင်းမြစ်များအရ ရှမ်းပြည်မြောက်ပိုင်း စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် အခြေစိုက်ခဲ့သော လားရှိုးမြို့မှ ကိုးကန့်တပ်များ ယခုနှစ် ဇွန်လတွင် ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်ကြောင်း သိရှိရသည်။ လားရှိုးမှ ကိုးကန့်တပ်များမဆုတ်ခွာပေးပါက ကိုးကန့်တပ်ခေါင်းဆောင်းပိုင်းအား ချေမှုန်းမည်ဟု တရုတ်အာဏာပိုင်််များက ယမန်နှစ်က ခြိမ်းခြောက်ခဲ့ပြီး၊ ကိုးကန့်တပ် ထိန်းချုပ်ဒေသများအားလည်း လောင်စာ၊…
-

အနုပညာရှင်တွေသွားရောက်ဖျော်ဖြေမယ့် ကျားဖြန့်နယ်မြေ
ကရင်ပြည်နယ်က ကရင်နယ်ခြားစောင့်တပ် (BGF) နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်မှာ တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပမယ့်ပွဲမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း၊ ဟဲလေး၊ သာဒီးလူ၊ Bobby Soxer နဲ့ ယွန်းမြတ်သူ တို့ သွားရောက်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ အဆိုပါပွဲဟာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ကျားဖြန့်တွေ လည်ပတ်နေတယ်လို့ နာမည်ကြီးနေတဲ့ ရွေကုက္ကိုလ်မြို့က ရထိုက်ဟော်တယ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ကျင်းပမှာဖြစ်ပြီး ပွဲအစီအစဉ်ကို တရုတ်လိုပဲ ကြေညာထားတာ တွေ့ရပါတယ်။
-

မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်း
မွန်ပြည်နယ်တွင် မွန်တော်လှန်ရေး တပ်ဖွဲ့ ၄ ခု စုပေါင်းထားသည့် ရာမညစစ်ကြောင်း ဖွဲ့စည်းလိုက်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင် တိုက်ထုတ်သော စစ်ဆင်ရေးများ မကြာမီ စတင်မည် မွန်ပြည်နယ်တွင် တပ်ဖွဲ့ ၄ ဖွဲ့ စုပေါင်း၍ ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းပြီးဖြစ်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ရာမညစစ်ကြောင်းပြောဆိုခွင့်ရှိသူများ ဒေါက်တာသီရိမွန်ချမ်း က ပြောကြားသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် တပ်ဖွဲ့ ၄ ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းများအတွက် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ” ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် စစ်ဆင်ရေးတွေ…
-

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု
အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု၊ ပဋိပက္ခများအတွင်း ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဟု စစ်ကောင်စီကို သတိပေး “ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ ” အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ဆက်လက် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါအစည်းအဝေးက တရားဝင် သတင်းထုတ်ပြန်သည်။ အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့ မလေးရှားနိုင်ငံ၊ လန်ကာဝီတွင် ကျင်းပ ပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မှာ…