Category: News
-

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြောက်ကျားတိုက်ခိုက်မှုဆက်ရှိ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၂၀၂၄ ဒီဇင်ဘာ ၄ရက်ကစ၍ ဗန်းမော်နှင့်မံစီမြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ရာ တစ်လကျော်အကြာ ၂၀၂၅ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့ပြီး ဗန်းမော်မြို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရာ ကချင်သတင်းရင်းမြစ်တစ်ဦးက “ထူးခြားချက်တော့ မကြားမိသေးဘူး။ ပုံမှန်ပဲ ပြောက်ကျားစနစ်နဲ့ ဒရုန်းနဲ့ ဒီအတိုင်းတော့ တိုက်ပွဲတွေတော့ နေ့တိုင်း ဒီလိုပဲ ဆက်ဖြစ်နေတယ်လို့ သိရှိထားပါတယ်”ဟု ပြောသည်။ KIAသည် မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ထိုးစစ်အရှိန်ကို တဆင့်ပြီး တဆင့် မြှင့်တင်ဆောင်ရွက်လေ့ရှိသည်။ ဒီဇင်ဘာလကုန်ပိုင်းနှင့် နှစ်သစ်ကူးကာလတွင် ဗန်းမော်နှင့်မံစီ မြို့သိမ်းတိုက်ပွဲများ အနည်းငယ်ငြိမ်သက်ခဲ့သော်လည်း ဇန်နဝါရီ…
-
စစ်မှုထမ်းဟောင်းတွေ ခရီးသွားရင် ဖုန်းထဲက ဒေတာတွေဖျက်ဖို့နဲ့ ဖုန်းအပိုကိုင်ဖို့ လျှို့ဝှက်ညွှန်ကြား
ရှမ်းပြည်အရှေ့ပိုင်း၊ စစ်မှုထမ်းဟောင်းတွေ ခရီးသွားရင် ဖုန်းထဲက အချက်အလက်တွေ ဖျက်ထားဖို့နဲ့ ဖြစ်နိုင်ရင် ဖုန်းအပိုကိုင်ဆောင်ကြဖို့ ပြည်နယ်စထဟ ကြီးကြပ်မှုကော်မတီက ညွှန်ကြားလာတယ်လို့ ကျိုင်းတုံက စစ်မှု ထမ်းဟောင်း တစ်ဦးက မဲခေါင်ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ ပင်မထောက်တိုင် စစ်မှုထမ်း ဟောင်းအဖွဲ့ဗဟိုက ဇန်နဝါရီ ၁၄ ရက်က လျှို့ဝှက်ညွှန်ကြားချက်ကို ရှမ်းအရှေ့ ၊ခရိုင်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့တွေကို ပြည်နယ် စထဟကြီးကြပ်မှုကော်မတီက ဇန်နဝါရီ ၁၆ ရက်မှာထပ်ဆင့် ညွှန်ကြားလာတာဖြစ်ပါတယ်။ စစ်ပြန် (စစ်မှု ထမ်းဟောင်းအဖွဲ့ ) ဗဟိုကနေ လျှို့ဝှက်အဆင့်ရှိ စာတစ်စောင်ကို ဌာနချုပ်မှူး ကျော်မျိူးမင်း ဆိုသူ လက်မှတ်ရေးထိုး ထုတ်ပြန်လာတာလို့ CDM ဗိုလ်ကြီး ဇင်ယော်ကပြောပါတယ်။ “ ပြည်သူ တွေမလုံခြုံသလို သူတို့လည်း မလုံခြုံတော့ပါဘူး ၊ ၀ဋ်ကလည်နေပြီ…
-

ဧရာဝတီတိုင်း၌ မြို့အဝင်၊အထွက်စစ်ဆေးရေးဂိတ်များ စစ်ကောင်စီ ပြန်ဖွင့်
ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။ “ဧရာဝတီတိုင်း မြို့တော်တော်များများမှာ စစ် ဆေးရေးဂိတ်တွေပြန်ဖွင့်ထားတယ်။ ခရီးသွားတွေအနေနဲ့ ဒါကို သတိပြုဖို့လိုပါတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီး ငွေညှစ်တာတွေရှိနေတယ်။ စစ်ဆေးရေးဂိတ်တွေမှာက ပျူစောထီးနဲ့ ပြည်သူ့စစ်တွေများတယ်”ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှ ဒေသခံတစ်ဦးကပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းတွင် ၂၀၂၁မှစကာ စစ်ဆေးရေးဂိတ်များဖွင့်ခဲ့ပြီး ခရီးသွားကားများ၊ အိမ်စီးကားများအား စစ်ဆေးပြီး သံသယရှိသူများအား ဖမ်းဆီးခဲ့သည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို စစ်ကောင်စီက ၂၀၂၃ နှစ်လယ်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းမှ ဧရာဝတီတိုင်းသို့ဝင်ရောက်သည့် ပန်တိုင်စစ်ဆေးရေးဂိတ်တစ်ခုသာ ဆက်ဖွင့်ခဲ့သည်။ ယခုရက်ပိုင်းတွင် ပုသိမ်၊ ဟင်္သာတ၊ မအူပင်မြို့အပါအဝင် ဧရာဝတီတိုင်းအတွင်း မြို့များအားလုံး၏အဝင်၊ အထွက်နေရာများတွင် စစ် ဆေးရေးဂိတ်များ ပြန်ဖွင့်ထားခြင်းဖြစ်သည်။ ”…
-

အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ
မြ၀တီမြို့သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ချီတက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။ “ ဇန်နဝါရီ ၁၂ ရက်နေ့လောက်က အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို ဝင်တိုက်ပြီး သိမ်းဆည်း ရရှိခဲ့တာပါ။ သေဆုံးထိခိုက်မှုကတော့ အတိအကျ…
-

တရုတ် မှ ကျားဖြန့် ဂိုဏ်းများကို ဓါးကြိမ်း ကြိမ်းပြီ
ထိုင်း-မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံကို တောင်းဆို ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တရုတ်နိုင်ငံသားများ မကြာခဏဆိုသလို လူကုန်ကူးခံရမှုများ ပေါ် ပေါက်လာပြီးနောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အာဆီယံနိုင်ငံများသို့ တောင်းဆိုလိုက်သည်။ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့် တယ်လီကွန်းငွေလိမ်လည်မှုများ နှိမ်နင်းရန် ပြတ်သားပြင်းထန်သော စီမံချက်များဖြင့် ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဇန်နဝါရီ ၁၆ ရက်က တောင်းဆိုခဲ့ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်ငွေလိမ်လည်မှုများက တရုတ်နိုင်ငံသားများနှင့် အခြား နိုင်ငံသားများကို ခြိမ်းခြောက်နေသည့်အပြင် အန္တရာယ်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…