Category: News

  • မူဆယ်တွင်  ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေ

    မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေ

    မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန် စည် သယ်ယူပို့ဆောင်မှုများကို ပြန် လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေကြောင်း ဒေသကုန်သည်များနှင် ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်မမှ မူဆယ်ဘက်သို့ ကုန်စည်သယ်ယူခွင့်များကို ပိတ်ပင်ထားသော်လည်း ယခုအခါ မူဆယ်နှင့်မိုင်းယု (၁၀၅) မိုင်လမ်းကို ငွေကြေးများ ကောက်ယူ၍ ပြန်လည် ခွင့်ပြုပေးနေကြောင်း၊ ထို့ပြင် မူဆယ် ဆင်ဖြူဂိတ်မှတစ်ဆင့် တရုတ်ပြည်(ကြယ်ဂေါင်) ဘက်သို့ လာဘ်ငွေယူ၍ လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ပြန်လည် ခွင့်ပြု…

  • ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

    ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် ကျိုက်ထို ဘက်မှ ဘီလင်းဘက်ကို ဆင်းလာသည့် စစ်ကား ၇ စီးလိုက်ပါလာသော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း ၄ စီးမြောက် မိုင်း၊ ၄၀ မမ ဗုံးသီးနှင့် လက်နတ်ငယ်များ ထိမှန်ခဲ့ပြီး…

  • AA ထိုးစစ် ကာကွယ်ရန် ပြည်နယ်မြို့တော်တွင် အင်အားအလုံးအရင်း ဖြည့်တင်းနေ

    AA ထိုးစစ် ကာကွယ်ရန် ပြည်နယ်မြို့တော်တွင် အင်အားအလုံးအရင်း ဖြည့်တင်းနေ

    ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိနေပြီး စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံ က သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း စစ်တွေမြို့အနီး အောင်မြေကုန်းရွာနှင့် ရဲရုပြင်ရွာတို့တွင် ထိတွေ့ တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း AA နှင့်နီးစပ်သူနှစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီသည် စစ်တွေမြို့တွင် လေကြောင်း၊ ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်း နေကြောင်း AA နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အခုတလော စစ်ကောင်စီဘက်က မြို့တွင်းကို အင်အားတော် တော်ဖြည့်နေတယ်လို့ သိရတယ်။ မြေပြင်ကိုဆိုရင် မြို့ထဲဘက်က ဖြည့်နေတာရှိတယ်။ XX (စစ်ကောင်စီတပ်သား)က မြို့ပြင် ရွာတိုင်းမှာ ရှိတယ် “ဟု ၎င်းက ပြောသည်။ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်သည်…

  • တံတားဦးနှင့် ကျုံပျော်တို့တွင် စစ်မှုထမ်း တပ်သားစုဆောင်းနေသည့် ပျူစောထီးခေါင်းဆောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

    တံတားဦးနှင့် ကျုံပျော်တို့တွင် စစ်မှုထမ်း တပ်သားစုဆောင်းနေသည့် ပျူစောထီးခေါင်းဆောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

    မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေသော တောင်တစ်လုံးရွာ ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တောင်တလုံးကျေးရွာအနီး၌ ယာခင်းမှ အပြန်လာသည့် ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို နဂါးနီ‌ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တော်လှန်ရေး ရဲဘော်များက သွားရောက် ဖမ်းဆီးစဉ် ပစ္စတိုသေနတ်ဖြင့် ပြန်လည် ခုခံရန် ပြင်ဆင်သောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော တောင်တစ်လုံးကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်၀င်း သည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍…

  • တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်လို့ ချင်းလက်နက်ကိုင် အင်အားစုနှစ်ခု ကြေညာ

    တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်လို့ ချင်းလက်နက်ကိုင် အင်အားစုနှစ်ခု ကြေညာ

    ချင်းပြည်နယ် တီးတိန်မြို့ကို တိုက်ခိုက်သိမ်းယူဖို့ ချင်းလက်နက်ကိုင် အင်အားစု နှစ်ခု ကြိုးစားနေပြီး မြို့သိမ်းတိုက်ပွဲမှာ ဝင်မစွက်ဖက်ကြဖို့လည်း အပြန်အလှန်ကြေညာလိုက်ပါတယ်။ ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ(ICNCC) ရဲ့ ကာကွယ်ရေးတပ်ဖြစ်တဲ့ ချင်းညီနောင် (CB) က တီးတိန်မြို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ဖို့ အစီအစဉ်ချပြီးဖြစ်တာကြောင့် ချင်းအမျိုးသား တပ်ဦး (CNF/CNA) နဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) တို့ ဝင်မနှောင့်ယှက်ဖို့ PDF/Zoland က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။ ချင်းညီနောင် (CB) အဖွဲ့ဝင် PDF-Zoland ရဲ့ စစ်ဦးစီးချုပ် ဂီးဒွန်က တီးတိန်မြို့ကို ချင်းညီနောင်က သိမ်းမှာဖြစ်တာကြောင့် တခြားအဖွဲ့တွေ စစ်ရေးဖော်မှာကို မလိုလားဘူးလို့ ပြောပါတယ်။ “မြို့ပတ်လည်မှာ ချင်းညီနောင် (CB) ရဲဘော်တွေ နေရာချထားတယ် တီးတိန်မြို့ကို…