Category: News
-

မိုးကုတ်မှာ တော်လှန်ရေးအဖွဲ့ နာမည် သုံးပြီး ပြည်သူကို အကြမ်းဖက်၊ ငွေညှစ်နေတဲ့ လူငယ်အဖွဲ့ ဖမ်းမိ၊ မြို့ထဲ လှည့်လည်ပြသ
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် – PSLF/TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အမည်ကို အသုံးပြုပြီး ပြည်သူတွေကို အကြမ်းဖက်မှု၊ ငွေညှစ်မှုတွေ ပြုလုပ်နေတဲ့ လူငယ်အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ပြီး မြို့ထဲ လှည့်လည် ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီ လူငယ်အဖွဲ့ကို ဒီဇင်ဘာလ ၂၅ရက်က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး မြို့တွင်းက ပြည်သူတွေကို လှည့်လည် ပြသကာ TNLA ထံ အပ်နှံခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း NSSAA ရဲ့ ဘဏ္ဌာရေးမှူး ကိုပိစိက ပြောပါတယ်။ “ကျွန်တော်တို့ တပ်ကနေပြီးတော့မှ သူတို့ထဲမှာ သုံးယောက် ပါတယ်၊ ထွက်သွားတာ သူက ဆေး-နား (ကျန်းမာရေး အခြေအနေကြောင့် အနားယူ)…
-

ရခိုင်စစ်ဘေးရှောင်များကို လက်မခံရန် ရေကြည်မြို့နယ်အတွင်းမှ အုပ်ချုပ်ရေးမှူးများက သတိပေး
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက ရခိုင်စစ်ဘေးရှောင်များကို နေအိမ်ငှါးရမ်းခြင်းနှင့် ခေါ်ယူထားခြင်းများမပြုလုပ်ရန် လိုက်လံသတိပေးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေကြည်မြို့နယ်၊ ကမ်းနီကျေးရွာတွင် အုပ်ချုပ်ရေးမှူး တင်ကိုဦး ဆိုသူမှ ကျေးရွာအတွင်းအစည်းအဝေးခေါ်ကာ နေအိမ်များတွင် ရခိုင်စစ်ဘေးရှောင်များရှိပါက နှင်ထုတ်ရန်ပြောခဲ့ကြောင်း သိရှိရသည်။ “မြို့နယ်က ညွှန်ကြားတာလို့ပြောတယ်။ စစ်ဘေးရှောင်တွေထဲမှာ AAအဖွဲ့တွေပါလာနိုင်တယ် ပြသနာဖြစ်ရင် အိမ်ပိုင်ရှင်အရေးယူခံရမယ် လို့ပြောတယ်။ ဒေသခံနဲ့ ရခိုင်စစ်ဘေးရှောင်တွေကိုရန်တိုက်ပေးတဲ့သဘောပဲ”ဟု ဒေသခံတစ်ဦးမှ ပြောသည်။ ရေကြည်မြို့နယ်တွင် ရခိုင်ပြည်နယ်မှ ရောက်ရှိလာသည့်စစ်ဘေးရှောင်များကို စစ်ကောင်စီနှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ဖမ်းဆီးခြင်းနှင့်နှင်ထုတ်ခြင်းများကို ဆက်တိုက်ပြုလုပ်နေပြီးဒီဇင်ဘာလ ၂၂ရက်နေ့က ရေကြည်မြို့နယ်မြောက်စမ်းရွာအတွင်းမှ ရခိုင်စစ်ဘေးရှောင်များကို စစ်ဆေးပြီး ရခိုင်တပ်တော် AAနှင့်ပတ်သတ်သည်ဟု ဆိုကာ ၁၆ ဦးကိုဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ငါးသိုင်းချောင်း၊ရေကြည်နှင့် ရွှေသောင်ယံ၊ မကျီးစင်စသည့် ဒေသများတွင် စစ်ကောင်စီမှ ခံစစ်ပြင်ဆင်ခြင်း၊ လက်နက်ကြီးများ နေရာချခြင်း၊ရဟတ်ယာဉ်ကွင်းများဆောက်လုပ်ခြင်းများပြုလုပ်ပြီးနောက် အဆိုပါ…
-

ဧရာဝတီတိုင်းရှိ ပင်စင်စားဝန်ထမ်းများကိုဆေးဝါးနှင့် ကြက်ဥ ထောက်ပံ့ပေး၍ စည်းရုံးရေးဆင်းနေ
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အငြိမ်းစားပင်စင်စားဝန်ထမ်းများကို ပင်စင်လစာထုတ်ယူစဉ် ဆေးဝါးနှင့် ကြက်ဥများပေး၍ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက စည်းရုံးရေးဆင်းနေကြောင်း သိရသည်။ ယခုနှစ် သြဂုတ်လမှ စတင်ကာ မြန်မာ့စီးပွါးရေးဘဏ်တွင် ပင်စင်လစာထုတ်ယူချိန် ပင်စင်စားဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီချိုတိုင်းပေးခြင်းနှင့် လစဥ်သောက်သုံးနေရသည့် ဆေးဝါးအချို့ကိုလည်း ထောက်ပံ့မှုများလုပ်ဆောင်နေသည်ဟု မြို့ခံအချို့က ပြောသည်။ “ပင်စင်သွားထုတ်တိုင်း သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေဆိုရင် တစ်လစာအတွက် တစ်ကဒ်၊ နှစ်ကဒ် အဲ့လိုမျိုးပေးတယ်။ ပင်စင်စထုတ်ထုတ်ခြင်းရက်တွေပဲပေးတာများတယ်။ ပြီးခဲ့တဲ့လက အရင်ဦးတဲ့သူတွေဆို နှစ်ကဒ်ဆီရကြတယ်။ တချို့လည်း ခွဲတမ်းမရတော့ တစ်ကဒ်ပဲရကြတယ်။ တချို့လည်း မရဘူး။ အပြင်မှာ တစ်ကဒ် ကို ၂၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ဝန်းကျင်လောက်ဆိုတော့ တစ်ကဒ်ဖိုးသက်သာလည်း ဟင်းစားအတွက်ရတာပေါ့”ဟု ပုသိမ်မြို့ခံ ပင်စင်စားဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ယခုလ ပင်စင်လစာထုတ်ယူချိန်မှာလည်း တစ်ဦးလျှင်…
-

ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်
ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ကားကို တိုက်ခိုက်၊ ကားပေါ်ပါ ၄ ဦးလုံးသေဆုံး မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စက်မှုဇုန်ဂိတ်မှ မြို့ ထဲသို့ ကားဖြင့် ပြန်လာသည့်စစ်ကောင်စီတပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးစလုံး သေဆုံးသွားကြောင်း Young Force UG အဖွဲ့က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စက်မှုဇုန်ဂိတ်မှ ပခုက္ကူမြို့ဘက်သို့ ပြန်လာသည့် ကား အား စက်မှုဇုန် ဂိတ် အနီးမှာပင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Young Force UG အဖွဲ့ မှ ရဲဘော် တစ်ဦး က ပြောသည်။ ၎င်းက “ ပစ်ခတ်ခဲ့တဲ့ နေရာက…
-

ဂွမြို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေးအဖွဲ့အစည်းများဖြင့် မှိုင်းတိုက်လာ
ရခိုင်ပြည်၊ ဂွမြို့နယ်ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီးနောက် ဘာသာရေး၊ လူမျိူးရေး မီးမွှေးရန် ၎င်းတို့လက်ကိုင်တုတ်ဖြစ်သော မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)အပါအဝင်စစ်ကောင်စိ လက်ဝေခံအဖွဲ့အစည်း ၂၀ ဖြင့် စတင်မှိုင်းတိုက်လာကြောင်း ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံများထံက သိရသည်။ အာရက္ခတပ်တော်(AA)သည် ဂွမြို့အခြေစိုက် နောက်ဆုံးလက်ကျန် တပ်ရင်းနှစ်ရင်းကို ဒီဇင်ဘာ ၁၉ ရက်က သိမ်းပိုက်လိုက်ရာ ထိုအရာနှင့် အချိန်ကိုက်၍ AA အား စွပ်စွဲထားသည့် မျိုးချစ်မြန်မာ ရဟန်းတော် များသမဂ္ဂ(ရန်ကုန်)၏ ကြေညာချက်ကို ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသဘောထား ကြေညာချက်တွင် စစ်ရှုံး၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်ချ အညံ့ခံသည်ကို ရခိုင်လူထုအား ငဲ့ညှာ၍ အလံဖြူထောင်သည်ဟု လိမ်ညာသုံးနှုန်းထားပြီး ၎င်းတို့နှင့် စစ်သုံ့ပန်းများကို AA က…