Category: News

  • ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်

    ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်

    ရေစကြို မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာရှိ စစ်တပ် စခန်းနှင့် မြင်းခြံမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၂၀၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့ အထိ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာတွင် ၃ နှစ်ကြာ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ် စခန်းနှင့် မြင်းခြံမြို့မှ…

  • သပိတ်ကျင်းရှိ စစ်တပ် ပြန်ရသွားသောရွာကြီးအနီး ၅ ရက်ဆက် တိုက်ပွဲဖြစ်

    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီ ပြန်သိမ်းထားသည့် တွင်းငယ်ကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ ၅ ရက်ဆက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဒီဇင်ဘာ ၂၁ ရက် နံနက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၂၅) တွင် စစ်လေယာဉ်က ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။ “သူတို့ကိုပြန်ဝိုင်းထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ မြေပြင်ကနေလည်း စစ်တပ် အင်အားအလုံးအရင်းနဲ့ထိုးတယ်။ လေကြောင်းနဲ့လည်းတိုက်နေတယ်။ တိုက်ပွဲက ဒီနေ့ ပိုပြင်းထန်နေတယ်” ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ပြောသည်။ မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည့် တွင်းငယ်ကျေးရွာကို PLA,…

  • ခြိမ်း​​ခြောက်သည့် Black Hero UG PDF ​မြေပြင်တွင် မရှိ

    ခြိမ်း​​ခြောက်သည့် Black Hero UG PDF ​မြေပြင်တွင် မရှိ

    ဟောင်စု ဆေးဝါးကြော်ငြာနှင့် ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့မှ အသိပေးစာထုတ်ပြန်ပြီးနောက် Cele ဖြူဖြူထွေး ပြန်လည်တောင်းပန်သော်လည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခံရမယ်လို့ဆို ဟောင်စုအမည်ရှိ ဆေးဝါးကြော်ငြာအား Cele ဖြူဖြူထွေးက လူမှုကွန်ရက်စာမျက်နှာ Facebookနှင့် Youtube တို့တွင် ဒီဇင်ဘာ ၂၃ ရက်က တင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နှိမ့်ချစော်ကားသည်ဟုဆိုကာ ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး Black Hero UG PDF အဖွဲ့ဆိုတဲ့အဖွဲ့က အသိပေးစာ ထုတ်ပြန်ပြီးနောက် ပြန်လည်ဖြုတ်ချခဲ့ပြီး ဖြူဖြူထွေးမှ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အဆိုပါကြော်ငြာတွင် မယ်တော်တစ်ဦးပုံစံ အဖြူရောင် ဝမ်းဆက်ကို ဝတ်စားဆင်ယင်ထားပြီး ရောဂါများ ကုသပေးသူတစ်ဦးအဖြစ် ဖြူဖြူထွေးကသရုပ်ဆောင်ထားကာ ချဲဂဏန်းအဖြစ် ၇၉ နံပတ်ပေးခြင်း၊ ခြံစည်းရိုး အစရှိသည့် ပြောကြားချက်များကို ကြည့်ရှုသူများက ဝေဖန်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်…

  • မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး  သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား

    မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား

    မန္တလေး၊ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွား၊ စစ်တပ်နှင့်ရဲက ပိတ်ဆို့စစ်ဆေးမှုများလုပ်နေ နဂါးနန်းတော် ရွှေဆိုင်ကို ဆိုင်ဖွင့်ချိန် လူ ၂ ဦးက လက်နက်များကိုင်ဆောင် ဓားပြတိုက်သွားပြီး သိန်း ၆၀၀၀ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း မန္တလေးမြို့ သတင်းရင်းမြစ်နှင့် ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ နံနက် ၈ နာရီ ၄၇ မိနစ်ဝန်းကျင်အချိန် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၇လမ်း၊ ၃၁×၃၂လမ်း အကြား “နဂါးနန်းတော်”ရွှေဆိုင်သို့ လက်နက်ကိုင်ဆောင်ထားသော လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ဓားပြတိုက်သွားခြင်းဖြစ်ပြီး သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်များ ပါသွားကြောင်း သိရှိရသည်။ “ဆိုင်ဖွင့်စအချိန်မှာ ဝင်တိုက်တာ။ လူကလည်း လမ်းမှာပါးနေတဲ့အချိန်…

  • သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်

    သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်

    သာယာဝတီခရိုင်တွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုပြင်ထားရန် PDF တပ်ဖွဲ့ သတိပေး ပဲခူးတိုင်း၊ သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်တပ်က စစ်ကြောင်း ထိုးရန် ပြင်ဆင်နေပြီး မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးအတွင်း အကြမ်းဖက် စစ်တပ် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း တော်လှန်ရေး…