Category: News

  • ဒလ၊ ဆင်ခြေဖုံးရပ်ကွက်မှ မထင်မရှား  ကျော်စွာလင်းကို အနာဂတ်တပ်ချုပ်ရာထူးပေးဖို့ မင်းအောင်လှိုင် ရည်ရွယ်နေတာလား

    ဒလ၊ ဆင်ခြေဖုံးရပ်ကွက်မှ မထင်မရှား ကျော်စွာလင်းကို အနာဂတ်တပ်ချုပ်ရာထူးပေးဖို့ မင်းအောင်လှိုင် ရည်ရွယ်နေတာလား

    စစ်မတိုက်ဖူးသူကို ညှိ/ကွပ်ရာထူးပေးလို့ စစ်တပ်ထဲမှာ ဝေဖန်သံတွေ အကြီးအကျယ် ဆူညံ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးနဲ့ စစ်ထောက် ချုပ် ရာထူး ပူးတွဲ ရယူထားတဲ့ သူ့ လူယုံ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ရာထူးတိုးပေးလိုက်ပါတယ်။ ဒုဗိုလ်ချုပ်ကြီး အဆင့်ကနေ ဗိုလ်ချုပ်ကြီးရာထူးတိုးပေးပြီး စစ်တပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုရာထူးတိုးပေးလိုက်တာကြောင့် နံပါတ် ၃ ခေါင်းဆောင်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးကျော်စွာလင်းက တပ်ချုပ်ရာထူးအတွက် လျာထားတယ်လို့ စစ် တပ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုလာပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဘက် သမ္မတရာထူးရယူနိုင်ဖွယ်ရှိတယ်လို့ တပ်သတင်းရင်းမြစ်တွေက ခိုင်ခိုင်မာမာ ပြောဆိုလာပါတယ်။…

  • ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ

    ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ

    ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ် KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ KIA က ဗန်းမော်မြို့ကို ဒီဇင်ဘာလ ပထမပတ်ထဲက စတင်ကာ ထိုးစစ်ဆင်မှုတွေပြုလုပ်နေပြီး မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA တပ်တွေပြင်းထန်တဲ့ထိတွေ့တိုက်ပွဲ သုံးနေရာမှာ မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းအမြစ်အချို့ကဆိုပါတယ်။ မနေ့က ဒီဇင်ဘာ ၂၂ ရက်ကတော့ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA/PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ပြီး တက္ကသိုလ်အပါဝင် အနီးအနားနေရာတွေကို ထိန်းချုပ်လိုက်ပြီလို့ ဖော်ပြထားပါတယ်။ ဗန်းမော်မြို့တွင်းမှာ…

  • ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်

    ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်

    ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၅ လက် သိမ်းဆည်း ရရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင် စီ၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၅ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း Justice Soldier PDF တပ်ဖွဲ့က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း…

  • နိုရာဗိုင်းရပ် အန္တရာယ်နှင့် ကာကွယ်နည်း ၅ ရပ်

    နိုရာဗိုင်းရပ် အန္တရာယ်နှင့် ကာကွယ်နည်း ၅ ရပ်

    နိုရိုဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းသည် ပြင်းထန်သော အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို မကြာခဏ ဖြစ်ပွားစေသည်။ ဤဗိုင်းရပ်စ်များသည် အလွယ်တကူ ပျံ့နှံ့ပြီး ညစ်ညမ်းသော အစားအစာ သို့မဟုတ် ရေများမှတစ်ဆင့် ညစ်ညမ်းသော မျက်နှာပြင်များမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းသည်လည်း ကူးစက်မှုကို လွယ်ကူစေသည်။ ပုံမှန်အားဖြင့် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့် အော့အန်ခြင်းစသည့် လက္ခဏာများကို ထိတွေ့ပြီးနောက် ၁၂ နာရီမှ ၄၈ နာရီအတွင်း လက္ခဏာစလာပါသည်။ နိုရိုဗိုင်းရပ်ပိုးကူးစက်မှု လက္ခဏာများသည် ပုံမှန်အားဖြင့် ၁ ရက်မှ ၃ ရက်အထိ ကြာတတ်သည်။ လူအများစုသည် ကုသမှုမခံယူဘဲ အပြည့်အဝပြန်လည်ကောင်းမွန်လာနိုင်သော်လည်း အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကြောင့် ပြင်းထန်သောရေဓာတ်ခမ်းခြောက်ခြင်းသည် အထူးသဖြင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အခြေခံကျန်းမာရေးအခြေအနေရှိသူများအတွက် ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ နိုရိုဗိုင်းရပ်ပိုးကူးစက်မှုကို ဆေးရုံများ၊…

  • လပွတ္တာမြို့နယ်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှု များလာ

    လပွတ္တာမြို့နယ်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှု များလာ

    ဧရာ၀တိီတိုင်း၊လပွတ္တာမြို့နယ်တွင် ဒီဇင်ဘာလ အတွင်း ၀မ်းပျက်၀မ်းလျှောရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူပိုများလာကြောင်း ဒေသခံများထံက သိရသည်။ ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ လပွတ္တာမြို့ပေါ်နှင့်ကျေးရွာများမှ ၀မ်းပျက်၀မ်းလျှောဖြစ်ပွားသူ ၅၀ ကျော်ခန့် ခရိုင် ကုတင် ၂၀၀ ဆေးရုံသို့ နေ့စဥ်တက်ရောက်နေရကြောင်းသိရှိရသည်။ “တစ်ရက်ခြား တစ်ယောက် ၊နှစ်ယောက် လောက်ဆေးရုံကိုရောက်လာကြတယ် ၀မ်းပျက်၊၀မ်းလျှော က အစားအသောက်မသန့်တာရယ် သောက်တဲ့ရေမသန့်တာကြောင့်ဖြစ်မယ်ထင်တယ်”ဟု ကျန်းမာရေး၀န်ထမ်းတစ်ဦးမှ ပြောသည်။ လပွတ္တာမြို့ပေါ်အပြင်၊ ဘုန်းကြီးကုန်း၊ ဘိုကုန်း၊ မြယာကုန်း ကုက္ကို၊ ကညှင်ကွင်းနှင့်အမတ်ကြီး စသည့်ကျေးရွာများမှ ဘုန်းကြီး၊အမျိုးသား၊အမျိုးသမီးနှင့် ကလေးငယ်များ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့​ပြီး အချို့မှာ ပြင်းထန်သောကြောင့် အသက်အန္တရာယ်ရှိကြောင်း ဒေသခံများထံမှသိရှိရသည်။ ယခုကဲ့သို့ ဒေသခံအများစုတွင် ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွါးနေသော်လည်း မြို့နယ်ကျန်းမာရေးမှ ဖြစ်ပွားသောဒေသများကို ကွင်းဆင်း ကြည့်ရူခြင်း၊…