Category: News

  • စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့

    စစ်တိုင်းများသိမ်းပိုက်ခံရသည်အထိ စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့ တပ်ဖွဲ့ဝင်များသေဆုံးမှုများပြားကာ စစ်တိုင်းများသိမ်းပိုက်ခံရသည်အထိစစ်ရှုံးနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အိုသာယာသောမြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆို ချီးမွှမ်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ်ရှိ စိန်မေရီ ကာသီဒြယ်ဘုရားကျောင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပသည့် ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲတွင် စစ်ခေါင်းဆောင်နှင့်အဖွဲ့က “အိုသာယာသော မြန်မာပြည်” ဓမ္မတေးသီချင်းကို သံပြိုင်သီဆိုခဲ့ ခြင်းဖြစ်သည်။ ထိုသို့သီဆိုပြီးနောက် စစ်ခေါင်းဆောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် ဒီမိုကရေစီ နည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ “အတူယှဉ်တွဲ နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းတစ်ခုထဲမှာ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်း ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်စေမယ်လို့ ယုံကြည်ပါတယ်။ တနည်းအားဖြင့်ပြောရရင်…

  • အမြန်လမ်းမှာ နွားထိုးကြီး PDF က လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

    အမြန်လမ်းမှာ နွားထိုးကြီး PDF က လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

    ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင်(၃၁၈)မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြားက မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Forceက​ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ပြီး ခရီးသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီးသည်တွေနဲ့ တွေ့ဆုံတာတွေ လိုအပ်တဲ့အသိပညာပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDF က သတိပေးပါတယ်။ စစ်ကောင်စီဘက်က ဒီနေ့မနက် ၁၀ နာရီခွဲအချိန်…

  • ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး

    ဝမ်းတွင်းတွင် တပ်သားသစ်စုဆောင်းပြီးစစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ လိုက်လံကောက်ခံနေသည့် အကြမ်းဖက် စစ်တပ်က ပေးအပ်ထားသော ရဲဗလ တံဆိပ်ရရှိသူ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့် မိသားစုဝင် ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်၊ ရဲဗလ တံဆိပ်ရရှိထားသူ မောင်လွင်နှင့်…

  • မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး

    မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မိုင်းရှင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနောက်ဘက်ရှိ ရေဦးဆီဆိုင်တွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသည် မြင်းမူမြိုနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းရှင်းရန် လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲကာ…

  • မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား

    ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက် မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ထားသော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း…