Category: News
-

ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲ
ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၅၅ ယောက် ထိခိုက်သေဆုံး ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅၅ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။ ဦးစွာ တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းမရှိသေးတဲ့ ဇန်နဝါရီ ၇ ရက် နေ့လည် ၁၂ နာရီလောက်မှာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ရေဖြူကျေးရွာရှိမဲရုံကို ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) ရဲဘော်များက ဝင်ရောက်ရှာဖွေပြီး မဲစာရင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီလို မဲစာရင်းတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ ပေါက်ခေါင်းမြို့နယ်၊ ရေဖြူကျေးရွာဖက်ကို ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို…
-

ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်
ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲများ ပိုမိုပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် အရပ်သားများ သေဆုံး ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် တိုက်ပွဲများပိုမိုပြင်းထန်နေပြီး စစ်ကော်မရှင်ကအဆိုပါနယ်မြေများရှိကျေးရွာများကိုလေကြောင်းမှဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့်အရပ်သားများသေဆုံးနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်နှင့်ဒေသခံများထံကသိရသည်။ ရေတပ်ဌာနချုပ်သို့သွားသည့်လမ်းရှိ ဇင်ချောင်း၊ သိုင်းချောင်းနှင့် ဦးကင်းကျေးရွာတို့တွင် တိုက်ပွဲအရှိန်အဟုန်မြင့်တက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။ “ဦးကင်းနဲ့ သိုင်းချောင်း(ကျေးရွာ)တို့မှာ တိုက်ပွဲပြင်းထန်နေပါတယ်၊ရေတပ်ဌာနချုပ်နဲ့သိပ်မဝေးဘူး၊စစ်တပ်ဘက်က ကြည်း၊ရေ၊လေ သုံးခုလုံးနဲ့အပြင်းအထန်တိုက်ခိုက်နေတယ် “ဟု ၎င်းက ပြောသည်။ အာရက္ခတပ်တော်(AA)နှင့်စစ်ကော်မရှင်တို့နှစ်ဘက်တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ဇင်ချောင်းနှင့် သိုင်းချောင်းရှိကျေးရွာများကို စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နေ့လည် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လေကြောင်းမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများသေဆုံးကြောင်း ဒေသခံများက ဆိုသည်။ ထိခိုက်သေဆုံးသည့်အရေအတွက်ကို မသိရသေးသော်လည်း ကျေးရွာနှစ်ရွာပေါင်းတွင် စစ်ဘေးရှောင် အသက် ၈၀ ကျော်အရွယ်အဘွားအိုနှင့် သက်ကြီးပိုင်းအမျိုးသားတဦးတို့မှာသေဆုံးသွားပြီး ကိုးလသားအရွယ်ကလေးငယ်တဦးအပါအဝင် ဒေသခံငါးဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း…
-

စစ်တပ်သတိပေးပေမဲ့ မြဝတီမြို့ပေါ်မှာ KNA တပ်တွေဆက်ရှိ
ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်တွေ ထွက်ခွာကြဖို့ ဇန်နဝါရီတတိယအပတ်ထဲမှာပဲ စစ်ကော်မရှင်က စာထုတ်သတိပေးထားတယ်လို့ KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မြို့ပေါ်ကနေ ထွက်ပြီး KNA အနေနဲ့ သူတို့ ထိန်းချုပ်ထားတဲ့ တပ်နယ် ၂ နေရာတွေမှာပဲ ဇန်နဝါရီ ၂၅ ရက်အပြီး ရွှေ့ပြောင်းပြန်လည်နေထိုင်ကြဖို့ စစ်ကော်မရှင်က ပြောထားတယ်လို့ သူက ဆိုပါတယ်။ တပ်နယ် ၂ ဟာ KNA ရဲ့ ဗိုလ်မှူးချုပ်စောတင်ဝင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့နယ်မြေတွေဖြစ်ပါတယ်။ တပ်နယ် ၂ ဟာ မြဝတီမြို့မြောက်ဘက်ပိုင်းမှာရှိပြီး နဒီချောင်းဆုံ၊ ဝမ်ခ၊ သဲပုံ၊ သစ်ကတေကျေးရွာတွေနဲ့ ရွှေကုက္ကိုမြို့သစ်တွေ ပါဝင်ပါတယ်။ KNA ကို ထွက်ခွာဖို့ သတိပေးချက်မတိုင်ခင် ကရင်ပြည်နယ်၊ ဘားအံအခြေစိုက် အမှတ်…
-

ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က အင် ပင် ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲထားပြီး ဂိတ်ဖွင့်စစ်ဆေးနေတဲ့ စစ်ကောင်စီဂိတ်ကို အောင်မြေပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ- လက်နက်ကြီး- COBRAONE Pakokku တပ်ဖွဲ့တို့က ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ရှော့တိုက်ဒုံးတွေဟာ ဂိတ်အနီး သုံးလုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ “အင်အားငါးဆယ်ကျော်လောက်ရှိတယ်။ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေကလည်းတော်တော်ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာ။ပခုက္ကူတပ်မ ၁၀၁ကနေ စစ်ကြောင်းထိုးတာတွေ၊ ရိက္ခာကားတန်းတွေထွက်ချင်ရင် အဲဂိတ်ကိုအင်အားစုနားပြီးမှထွက်တယ်”လို့ COBRAONE Pakokku…
-

မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ
မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။…