Category: News

  • အဆိုတော် အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး

    အဆိုတော် အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး

    Idiotsအဖွဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ရေမွန်သီချင်းနဲ့ နှုတ်ဆက်သီဆိုတဲ့ အဆိုတော်အဒီနို စင်ပေါ်မှာ ရုတ်တရက်လဲကျသေဆုံး Idiots အဖွဲ့ရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေတဲ့ Fever 109အဖွဲ့ရဲ့ အဆိုရှင် အဒီနိုဟာ စင်ပေါ်မှာဖျော်ဖြေနေရင်း နှလုံး‌ဖောက်ပြီး လဲကျသေဆုံးသွားတယ်လို့ ဂီတအသိုင်းအဝိုင်းက အသိပေးထားပါတယ်။ အဒီနိုဟာ သူတို့အဖွဲ့ရဲ့ဖျော်ဖြေမှုအစီအစဉ်မှာ ရေမွန်ရဲ့ မငိုနဲ့တော့ သီချင်းနဲ့ နှုတ်ဆက်သီဆိုနေရင်း လဲကျသွားတာကို ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရပါတယ်။ “ဘပီ နှုတ်ဆက်ပွဲမှာ ဖျော်ဖြေရင်း ကိုယ်တိုင် နှုတ်ဆက်သွားတာဘဲ။ Rest In Peace Ko Adino ရေ ။အေးဆေးပြန်ဆုံကြမယ်ပြောရင်း ထွက်သွားပြန်ပေါ့။ပြောဖူးခဲ့သလိုဘဲ သီချင်းတွေ ထားသွားတာကအမြတ်လို့ဘဲ သဘောထားရမှာဘဲ။ “လို့ အဆိုတော် နိုဗန်ထူးက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။ အဒီနိုဟာ အရင်ကလည်းက နှလုံးရောဂါအခံရှိသူဖြစ်ပြီး Stent ထည့်ထားရသူဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့…

  • ကြံ့ခိုင်ရေးပါတီ ပြိုင်ဘက်မရှိ ၂၈ နေရာ ကြိုတင်အနိုင်ရ

    ကြံ့ခိုင်ရေးပါတီ ပြိုင်ဘက်မရှိ ၂၈ နေရာ ကြိုတင်အနိုင်ရ

    စစ်ကော်မရှင်က ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ မဲမပေးရသေးခင်မှာပဲ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ဟာ လွှတ်တော်အမတ်နေရာ ၂၈ နေရာအတွက် ကြိုတင်အနိုင်ရနှင့်နေပြီ ဖြစ်ပါတယ်။ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၂၃ မှာ နောက်ဆုံး ထုတ်ပြန်တဲ့ အတည်ပြုကိုယ်စားလှယ်လောင်းစာရင်းတွေအရ အခုလို အနိုင်ရရှိနေတာကို တွေ့ရတာပါ။ အဓိကအားဖြင့် ကချင်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က မဲဆန္ဒနယ် ၂၈ ခုမှာ ကြံ့ခိုင်ရေးပါတီကလွဲပြီး တခြားဘယ်ပါတီကမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတာကြောင့် ဥပဒေအရ အခုလို ပြိုင်ဘက်မရှိ အနိုင်ရသွားတာဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဥပဒေ အခန်း(၉)၊ ပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိရင် ရွေးကောက်ပွဲကျင်းပစရာမလိုဘဲ အဲ့ဒီကိုယ်စားလှယ်လောင်းကိုပဲ အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာရမှာဖြစ်ပါတယ်။…

  • ဒေါက်တာသက်သက်ခိုင်  စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ဒေါက်တာသက်သက်ခိုင် စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ဝန်ကြီးဟောင်းဖြစ်သူပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင် ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်တာကိုခံလိုက်ရပါတယ်။ ဒေါက်တာသက်သက်ခိုင်ဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတာပါ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာသက်သက်ခိုင်ဟာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) နဲ့ ငြိစွန်း တာကြောင့်ကိုယ်စားလှယ်စာရင်းကနေ ပယ်ဖျက်လိုက်တာလို့ ကြေညာပါတယ်။ ဒါအပြင် အယူခံရမယ့် ရက်လည်း ကျော်လွန်သွားပြီလို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။ ဒေါက်တာသက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈(ဃ) ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကပြီးခဲ့တဲ့လပိုင်းဇူလိုင်လ၂၉ရက်မှာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကို ပြင်ဆင်ရာမှာ အသစ် ဖြည့်စွက်ထားတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီပုဒ်မမှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဟာ “နိုင်ငံတော်နဲ့ ပုဂ္ဂလိက…

  • အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

    အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

    M ဆိုင်းလုကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အားတင်းပြီး ကျော်ဖြတ်နေတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု၊ နှစ်သိမ့်ဖေးမမှုတွေနဲ့အတူတူ ဝမ်းနည်းခဲ့သလို ဝမ်းသာခြင်းတွေလည်းခံစားခဲ့ရတာပါ။ သို့ပေမယ့်လည်း အနုပညာရှင်တစ်ဦးဖြစ်တာမို့ သူမရဲ့ ဖြစ်ပေါ်လာတဲ့ မျက်နှာအခြေအနေအပေါ် ဝမ်းနည်းမျက်ရည်ကျစွာ ခံစားခဲ့ရတာဖြစ်ပါတယ်။ မီးပိုးကောင်ကြောင့် ဘဝကို အရှုံးပေးရမလိုဖြစ်ခဲ့ပေမယ့် အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပြီး နဂိုရုပ်လေးအတိုင်း ပရိတ်သက်ရှေ့ကို ပြန်ထွက်လာတဲ့ M ဆိုင်းလု

  • ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်

    ကာကင်းစခန်း ၂ ခုကို AA နှင့်မဟာမိတ်များ ထပ်မံသိမ်းပိုက်၍ ကပစ ၁၆ အနီး ၄ မိုင်ဝန်းကျင်သို့ ရောက်ရှိ ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ ကပစ ၁၆ ၏ အဓိကပွိုင့်ကုန်းနှင့် ကာကင်းစခန်းများ အသိမ်းခံလိုက်ရသည့်အတွက် ယင်းစခန်းများကို ပြန်လည်ရယူရန် စစ်ကော်မရှင်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာကြောင်း သိရသည်။ စစ်ကော်မရှင်က ၆၆၆ ပွိုင့်ကုန်းကို ပြန်လည်ရယူရန်အတွက် မြေပြင်ထိုးစစ်များအပြင် လက်နက်ကြီး ပစ်ကူ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုးလာရာ ပွိုင့်ကုန်းနှင့် မိုင်ဝက်ခန့်အကွာတွင် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “၂၃ ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတော့ လေယာဉ်မျိုးစုံသုံးပြီး ၁၀ ကြိမ်လောက်ကို ဗုံးလာကြဲတယ်။ အဲဒီကြားထဲက ကာကင်းစခန်းနှစ်ခုကို AA က ထပ်သိမ်းလိုက်တယ်လို့ သိရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ AA…