Category: News
-

လောလောဆယ် တော်လှန်ရေးမှာ ဆိုက်ဝါးပိုင်း ဆရာ အကျဆုံးက AA ပဲ
ရက္ခိုင်-ပဲခူးတိုင်းအစပ်နှင့် ရက္ခိုင်-ဧရာဝတီတိုင်းအစပ် စစ်စခန်းသုံးခုကို AA ဆက်တိုက်သိမ်းပိုက် ရက္ခိုင်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးနေရ ရက္ခိုင်ရိုးမပေါ် ရက္ခိုင်ပြည်-ပဲခူးတိုင်းအစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ရက္ခိုင်ပြည်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးလျှက်ရှိကြောင်း အာရက္ခတပ်တော်(AA)က ဇန်နဝါရီ ၂၇ ည သန်းခေါင်းယံတွင် ထုတ်ပြန်အသိပေးသည်။ AA သည် ရက္ခိုင်ရိုးမတောင်တန်းတလျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့စဥ်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။ ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်းတနည်းအားဖြင့် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် AA ကစတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ငါးရက်ခန့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ယင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။…
-

စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း
ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသမီး စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း၊ အမျိုးသားလူငယ် ၆၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ် ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်မှ လူငယ် ၆၀ ဦးကို အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဆင့် ခေါ်စာများ ပေးပို့ခဲ့ပြီး အမျိုးသမီး စစ်မှုထမ်းစာရင်းတွင် ကိုယ်ဝန်ဆောင်သည်များ၏ အမည်စာရင်းပါ ပါဝင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ညီညီထွေးနှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်ခဲ့ပြီး ၂ ရပ်ကွက်ပေါင်း လူငယ် ၆၀ ဦးကို ဆင့်ခေါ်စာပေးပို့ခဲ့ကြောင်း သိရသည်။…
-

ဧရာ၀တီတိုင်းသိုချီတက်ဝင်ရောက်လာသည့်အာရက္ခစစ်သည်တော်များ
ရခိုင်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်း စစ်တွေလည်း AA နှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်နေ ရခိုင်ပြည်နှင့်ထိစပ်လျက်ရှိသော ပဲခူးတိုင်းရှိ မိုးထိတောင်စခန်း၊ ဧရာ၀တီတိုင်းရှိ ပွိုင့် ၂၆၃ စခန်းနှင့်ပွိုင့် ၃၆၉ စခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရခိုင်-မကွေးအစပ်ရှိ စစ်တပ်စစ်ကြောင်းများကို ချေမှုန်းတိုက်ခိုက်နိုင်ကြောင်း AA က ယမန်နေ့ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။ AA က ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွားလျက်ရှိကြောင်း…
-

တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေ
တိုက်ပွဲများတွင် အသုံးပြုရန် ဆိုင်ကယ်ဘေးတွဲများပြုလုပ်နေမှုကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လာကြည့် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များအသုံးပြုရန် ဆိုင်ကယ်များကို ဘေးတွဲများတပ်ဆင်နေကြောင်း သိရှိရသည်။ ပုသိမ်မြို့နယ် ၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စုတွင် ရှိသော အမှတ် ၁၀ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်းတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။ “ကမ်းခြေဘက်က ကားမရောက်နိုင်တဲ့ရွာတွေမှာ တိုက်ပွဲတွေအတွက်သုံးဖို့လို့ပြောတယ်။ ရိက္ခာ၊ ခဲယမ်းနဲ့ ဒဏ်ရာရသူတွေကို အမြန်သယ်ဖို့ ခုလိုလုပ်နေတာလို့သိရတယ်”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးမှ ပြောသည်။ လက်ရှိတွင် ဆိုင်ကယ်ဘေးတွဲ အစီး ၃၀ နီးပါး ပြင်ဆင်ထားပြီး ဇန်နဝါရီ ၂၀ ရက်နေ့က အဆိုပါလုပ်ငန်းခွင်သို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးကျော်ထက် လာရောက်ကြည့်ရှု့သွားကြောင်း သိရှိရသည်။ ဇန်နဝါရီလအတွင်း အာရက္ခတပ်တော်AAနှင့်ပူးပေါင်းတပ်မှ ငသိုင်းချောင်းမြို့နယ်ရှိစစ်ကောင်စီ၏ ဗေဒါစစ်ဆေးရေးဂိတ်၊ ရွှေသောင်ယံမြို့မှ မကျီးဇင်နှင့်ဘောမိကျေးရွာများကို၀င်ရောက်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းရဟတ်ယာဥ်ကွင်းများတည်ဆောက်ခြင်း၊ လက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်ကင်းလှည့်ခြင်းနှင့်…
-

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
ဖာပွန်ရှိ စစ်ကောင်စီ၏ ကတိုင်တိစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် BGF စခန်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းသို့ ထွက်ပြေးသွား၍ အဆိုပါစခန်း၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဖာပွန်- ကမမောင်း လမ်းပေါ်ရှိ ကတိုင်တိ ဗျူဟာစခန်းမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ကတိုင်တိရွာအနီးရှိ အမှတ်(၁၀၁၃) BGF တပ်ရင်းသို့ ဆုတ်ခွာသွား၍ အဆိုပါစခန်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယခုအချိန်အထိ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။ “ကတိုင်တိ စကစတပ်စခန်းကို ဒီလ ၂၃…