Category: News
-

မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာမှ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီးကို နေအိမ်အတွင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး…
-

ငွေစက္ကူထုတ်ဝါဇီစက်ရုံအား တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်
စစ်ဆင်ရေးအသေးများပြုလုပ်ပြီး အာရုံလွှဲလုပ်ဆောင်ခဲ့ခြင်းဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ပြော မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဝါဇီဒေသရှိ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ(လနစ) ခေါ် မြန်မာငွေစက္ကူထုတ်ဝေရေးအလုပ်ရုံ(ဝါဇီ)အား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကိုCyrusက ပြောသည်။ ဇန်နဝါရီ ၁၉ရက်က အဆိုပါ ဝါဇီစက်ရုံ ပင်မအဆောက်အဦးအား အချိန် ၂နာရီကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အခြားစစ်ဆင်ရေးမစ်ရှင်များပြုလုပ်ကာ အာရုံလွှဲပြောင်းပြီး ပြုလုပ်ခဲ့ခြင်းဟု ကို Cyrus က ပြောသည်။ “ဒီဟာလုပ်ဖို့အတွက် အခြားမစ်ရှင်ပွဲအသေးတွေကို အာရုံလွှဲပြီး ပွဲကခဲ့တာ။ ဆိပ်ဖြူနယ်မှာ အခြားနေရာတွေ မစ်ရှင်လုပ်အပြီးမှာ သူတို့အဲဘက်အာရုံရောက်အောင်လုပ်ပြီး ပြင်ဆင်ခဲ့တာ။ နှစ်ပတ်လောက်အချိန်ယူ ပြင်ဆင်ခဲ့တယ်”ဟု မကွေးတိုင်း ပကဖ Droneလက်ရုံးတပ်ဖွဲ့ စစ်ဆင်ရေးတာဝန်ခံ ကို Cyrus က ပြောသည်။…
-
ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဗန်းမော်မြို့တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများသည် မွန်းလွဲ ၂ နာရီခန့်တွင် ခေတ္တခဏ ငြိမ်သက်သွားကြောင်း သိရသည်။ “ဗန်းမော်မြို့ဘက်မှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်နေပါတယ် စစ်တပ်ကတော့ လေကြောင်းနဲ့ တိုက်ခိုက်ခုခံနေတာတွေ ရှိတယ်။ မွန်းလွဲ ၂ နာရီ လောက်မှာတော့…
-
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်
စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး စစ်မှုမထမ်းသူနှင့် ထွက်ပြေးရန် အားပေးသူများကို ထောင်ဒဏ်ချမှတ်မည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာ စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံး နည်းဥပဒေအရ စာရင်းသွင်းမှတ်ပုံတင်မည်ဖြစ်ပြီး တရားဝင်ကင်းလွတ်၊ ရွှေ့ဆိုင်း၊ လျှော့ပေါ့ခွင့်မရှိလျှင် မဖြစ်မနေ စစ်မှုထမ်းရမည် အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ပြီး ထွက်ပြေးသူ၊ တိမ်းရှောင်သူလူငယ်များနှင့် စစ်ထဲမဝင်စေရေး အားပေးသူများကို ထောင်ဒဏ်ချမှတ်နိုင်သည့် ပြည်သူ့စစ်ထမ်းနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ နည်းဥပဒေတွင် အခန်း ၁၀ ခန်း ပါဝင်ကာ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နှင့် လက်အောက်ခံ အဖွဲ့များကို လုပ်ပိုင်ခွင့်တာဝန်များ အသီးသီးပေးအပ်လိုက်ကြောင်း သိရှိရသည်။ စစ်မှုထမ်းနည်းဥပဒေတွင် အခန်း…
-

ဆိပ်ဖြူမြို့နယ်အတွင်း ဝါဇီစက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးရှိ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်
ကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာ အဓိက အခန်းကဏ္ဍက ပါ၀င်ပြီး စစ်ကောင်စီခိုင်းသမျှ ငွေစက္ကူ ထုတ်လုပ်ပေးနေတဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းက ဝါဇီ စက်ရုံ (လ.န.စ) နဲ့ စက်ရုံအနီးမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။ ဆိပ်ဖြူမြို့အနီးက ဝါဇီ စက်ရုံ၊ ချောင်းမကြီးကျေးရွာ စစ်ကောင်စီစခန်း၊ ပခုက္ကူမြို့နယ်၊ လယ်ကျင်းကျေးရွာအနီး ဇီးပင်ဂိတ်၊ တောခေါင်းဂိတ်၊ ချိုက်ကျေးရွာ စစ်ကောင်စီစခန်း၊ မြင်းစကောကျေးရွာ စစ်ကောင်စီစခန်းတို့ကို မကွေးတိုင်း ပကဖ ရဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက ထုတ်လုပ်ထားတဲ့ Short Range Missile – SRM (၁၇) လုံး၊ Drop Bomb (၂၆) လုံးနဲ့ ၈၁ မမ…