Category: News
-

တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင်
တိုင်းပြည် တိုးတက်အောင် သူက ဆောင်ရွက်နိုင်ခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ မင်းအောင်လှိုင်က အပြစ်တင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်တိုးတက်အောင် သူ့အနေနဲ့ ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း တိုင်းရင်းသားခေါင်းဆောင် တချို့က ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ မင်းအောင်လှိုင်က နှစ်သစ်ကူးအဖြစ် ထုတ်ပြန်ပြောဆိုတဲ့ ပြောဆိုချက်မှာ အဲဒီလို ထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်။ မင်းအောင်လှိုင်က သူ့အနေနဲ့ တိုင်းပြည်ကို အတိုင်းအတာတစ်ခု အထိတိုးတက် အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်တာ၊ ၅ ကြိမ်မြောက် အားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်တာတွေက သူရဲ့ တိုင်းပြည်ကို တိုးတက် အောင်လုပ်ဆောင်မှုတွေ ဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ သူက တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း…
-

နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်တွင် နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက် ရန်ကုန်တွင် ယမန်နေ့ နှစ်သစ်ကူးသည့်နေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့များက ပြောဆိုကြသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံတွင် သောက်စားမူးယစ်နေသော စစ်ကောင်စီတပ်ဖွဲ့များကို Yangon Army (YA) က မိုင်း ၃ လုံးကို လက်ပစ်ဗုံးကပ်ပြီး ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “စစ်ခွေးတွေကို…
-

အောင်ဇေယျစစ်ကြောင်းကို KNLA ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်
စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေ ဒီဇင်ဘာ ၃၁ ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ သေဆုံးပြီး အမြောက်အများ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့နယ် မြဝတီမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ မြဝတီကို မရောက်နိုင်ဘဲ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးဘေး တောင်ကြောမှာ ပိတ်မိနေတယ်လို့ KNU က ဆိုပါတယ်။ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောင်ဇေယျစစ်ကြောင်းဟာ လက်နက်ခဲယမ်းလျော့နည်းလာပြီး ရိက္ခာလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလံဖြူထောင်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဆီ ပူးပေါင်းလာသူတွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့လည်း…
-
လာမည့်နှစ်သစ်တွင် စစ်ရေးပိုပြင်းထန်မည်ဟု KNU အသိပေး
” စစ်တပ်ကို အပြောင်းအလဲ လုပ်ချင်တဲ့ သူတွေရှိမှာပဲ တပ်မှူး တပ်သားတွေက။ အဲဒီလိုတပ်မှူး တပ်သားတွေကလည်း အချိန်အခါကောင်းပဲဖြစ်တယ်။ ဒီလို အချိန်အခါကောင်းကို လုံး၀ အဆုံးအရှုံးမခံဘဲနဲ့ ၂၀၂၅နှစ်အတွင်းမှာ အမြန် ကျနော်တို့ လက်တွဲဖို့လိုတယ်” – ပဒိုစောတောနီး ၂၀၂၅နှစ်သစ်တွင် စစ်ရေးအသုံးပြုမှု ပိုမိုပြင်းထန်မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားခဲ့ပြီး စစ်ကောင်စီတပ်ကို အပြောင်းအလဲ ပြုလုပ်လိုသည့် တပ်မှူးတပ်သားများအတွက်လည်း အခွင့်အခါကျောင်းဖြစ်၍ လက်မလွှတ်ဘဲ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။ ” ကျနော်တို့က စစ်ရေးနည်းလမ်းအရ မဖြေရှင်းချင်ပေမယ့်လို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့နည်းရော စစ်အာဏာရှင်စနစ်လုံး၀ ချုပ်ငြိမ်းစေဖို့အတွက် စစ်ရေးနည်းလမ်းကတော့ မလွှဲမသွေကို သုံးသွားရမှာဖြစ်တယ်။ အဲဒါအပြင် လာမယ့် ၂၀၂၅မှာလည်းစစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှုကလည်း ပိုပြီးပြင်းထန်လာမယ့်ဆိုတာ ရှင်းရှင်းလေး မြင်နေရတယ်ဆိုတာ…
-

မိုးကုတ်မှာ တော်လှန်ရေးအဖွဲ့ နာမည် သုံးပြီး ပြည်သူကို အကြမ်းဖက်၊ ငွေညှစ်နေတဲ့ လူငယ်အဖွဲ့ ဖမ်းမိ၊ မြို့ထဲ လှည့်လည်ပြသ
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် – PSLF/TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ အမည်ကို အသုံးပြုပြီး ပြည်သူတွေကို အကြမ်းဖက်မှု၊ ငွေညှစ်မှုတွေ ပြုလုပ်နေတဲ့ လူငယ်အဖွဲ့တစ်ခုကို ဖမ်းဆီးရမိခဲ့ပြီး မြို့ထဲ လှည့်လည် ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီ လူငယ်အဖွဲ့ကို ဒီဇင်ဘာလ ၂၅ရက်က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး မြို့တွင်းက ပြည်သူတွေကို လှည့်လည် ပြသကာ TNLA ထံ အပ်နှံခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း NSSAA ရဲ့ ဘဏ္ဌာရေးမှူး ကိုပိစိက ပြောပါတယ်။ “ကျွန်တော်တို့ တပ်ကနေပြီးတော့မှ သူတို့ထဲမှာ သုံးယောက် ပါတယ်၊ ထွက်သွားတာ သူက ဆေး-နား (ကျန်းမာရေး အခြေအနေကြောင့် အနားယူ)…