Category: Article
-

ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး
ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး ဇန်နဝါရီလ ၅ ရက် လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုထားဝယ်ခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်သည်။ “ဟုတ်တယ်။ တပ်ပေါင်းစုက တိုက်တာပါ။ စခန်းလည်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ကတော့လေ ကြောင်းရော ရေကြောင်းရော ကုန်းလမ်းကပါ ပြန်တိုက်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။ ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်စခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ဒေါနစစ်ကြောင်း တပ်ခွဲ-၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့၊နွေဦးပျောက်ကြားတပ်ဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကဇန်နဝါရီလ၅ရက်နေ့၌သတင်း ထုတ်ပြန်သည်။ စစ်ကောင်စီစခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီး ခမဪ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။ထားဝယ်ခရိုင်တပ်ပေါင်းစုမှလည်း ရဲဘော်နှစ်ဦး ကျဆုံးပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်စခန်းကို ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စစ်ကောင်စီက…
-

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီကြိုးပမ်း
ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီကြိုးပမ်း သီရိမင်းဇင် (ဝါရှင်တန်ဒီစီ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့တဲ့သူ ၂၄၉ ယောက်ကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန် (ပထမအဆင့်) ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီထဲမှာ အထင်ကရ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကွယ်လွန်ပြီးသူတချို့လည်း ပါဝင်ပါတယ်။ ဆုချီးမြှင့်ခံရတဲ့ထဲမှာ ရှမ်းပြည်နယ်က အယောက် ၄၀ နဲ့ အများဆုံး ပါဝင်ပြီး မွန်က ဒုတိယနဲ့ ရန်ကုန်က တတိယအများဆုံး ပါဝင်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေထဲမှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ SNLD ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးတို့ ပါဝင်ပါတယ်။ ဒီအချိန်မှာ ဆုချီးမြှင့်တာဟာ စစ်ကောင်စီက သူ့လူဆိုပြီး ခွဲခြားလိုက်တဲ့သဘောဖြစ်နေတယ်လို့…
-

မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များက ထိုးစစ်ဆင်တိုက်ခိုက်နေ
မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းထိစပ်နေသည့် ရခိုင်ရိုးမတောင်ပေါ် ၄ နေရာတွင် စစ်ကောင်စီ စစ်စခန်းများကို AA နှင့် PDF များက ထိုးစစ်ဆင်တိုက်ခိုက်နေ ရန်ကုန်| ဇန်နဝါရီ ၄ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ရခိုင်ရိုးမတောင်တန်းပေါ်က အာဏာသိမ်း စစ်ကောင်စီ စစ်စခန်းများ၊ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA နှင့် ဒေသခံ PDF တပ်ဖွဲများ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ၏ မိတ်သလင် ကာကင်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး AA နှင့် နယ်မြေခံ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF များက ပူးပေါင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မိတ်သလင် ကာကင်းစခန်းကို…
-

နိုင်ငံ ၃ ပုံ ၁ ပုံပင် စစ်ကောင်စီ စိုးမိုးနိုင်စွမ်းမရှိတော့ကြောင်း NUG ပြေ
နိုင်ငံ ၃ ပုံ ၁ ပုံပင် စစ်ကောင်စီ စိုးမိုးနိုင်စွမ်းမရှိတော့ကြောင်း NUG ပြော ဇန်နဝါရီလ ၄ ရက် မြန်မာနိုင်ငံရှိ မြို့နယ်စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီး ၂၄ ရာခိုင်နှုန်းတွင် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီစိုးမိုးနယ်မြေမှာ နိုင်ငံ၏ သုံးပုံတပုံပင် မရှိတော့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD က ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် “၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေအစီရင်ခံစာ” တွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် PDF စိုးမိုးအုပ်ချုပ်နေသည့် မြို့နယ် ၁၄၄ မြို့နယ်ရှိပြီး ယင်းအနက် ၄၈ မြို့နယ်(…
-

AA ရဲ့ ကြေညာချက် ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲ
နိုင်ငံရေးအရ ဖြေရှင်းဖို့ အသင့်ရှိကြောင်းနဲ့ ဒေသတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အကျိုးတူပူးပေါင်းဖို့ လိုလာကြောင်း ထုတ်ပြန်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ကြေညာချက်ဟာ လက်တွေ့ကျတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထိုးစစ်ဟာ လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာ နချုပ်အပါအဝင် စစ်တပ်စခန်းတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို AA က ထိန်းချုပ်ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ရပ်တည်ချက်တစ်ရပ် အသိပေးလာတာပါ။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ဟာ ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့အတူ ဒေသတွင်းနေ လူမျိုးပေါင်းစုံရဲ့ အမျိုးသားတန်းတူရေး ဒေသတစ်ခုလုံး လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းလို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တရုတ်-မြန်မာ နယ်စပ်တည်…