(က) စိမ်းသရဖူစိမ်း တောင်ကျောင်းဆရာတော်နှင့် စိမ်းသရဖူစိမ်း ဒါယကာကျော်တို့ တိုးတိုး တိုးတိုး သဖန်းပိုး လုပ်နေသည်ကို အရွှင်အဘတွေက ကျွန်ုပ်အား မေးဆတ်ပြပါ၏။ “လူတွေကလည်း ခက်တယ် စိမ်းမောင်ရ” “တင်ပါ့ ဘုရာ့” “အခုလို မီးတွေပျက်တော့လည်း အော်လိုက် ညည်းလိုက်ကြတာများ ဆူလို့” “တင်ပါ့ဘုရာ့၊ အဲ့ဒါလည်း ကိုယ့်အပြစ်နဲ့ကိုယ်ပဲပေါ့” “အေးကွ . . . တပ်ချုပ်ကြီးထောက်ပြတာလည်း အဲဒါတွေကိုပဲလေကွာ” “မှန်ပါ့၊ လျှပ်စစ်လိုအပ်ချက်အတွက် ရေကာတာတွေ ဆောက်ဖို့ဟာကို သူတို့တွေပဲ ကန့်ကွက်ခဲ့ကြတာမဟုတ်လား ဘုရား” “အေးလကွာ . . . ဒါကြောင့် တပ်ချုပ်ကြီးက ‘၂၀၀၅ ခုနှစ်ကစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေး စီမံကိန်းတွေ အောင်မြင်ခဲ့မယ်ဆိုရင် အခုအချိန်ဆို တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားတွေ…
အားကိုးအားထားပြုစရာ ကာကွယ်ရေးဦးစီးချုပ် ဆိုသူကလည်း တော်လှန်ရေးတပ်ဖွဲ့များ နေပြည်တော် တံခါးဝ ရောက်လာသည်နှင့် လေယာဉ်ပေါ် တက်ပြေးရန် အဆင်သင့် ပြင်ဆင်နေချိန်တွင် ရင်ဆိုင်တိုက်ပွဲများတွင် ၎င်း၏ သစ္စာခံများကတော့ အသေခံ တိုက်ခိုက်ပေးနေကြဆဲပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် တရုတ်မှ ၎င်းတို့ ပြုတ်ကျသွားသည်အထိ အဖြစ်မခံဟု စိတ်ထဲတွင် စွဲမှတ် ယုံကြည်နေသူ ဖြစ်သည်။ ထို့အတွက်လည်း ကျိုးနွံစွာ ၎င်းတို့ပြောသမျှ လိုက်လုပ်ပြီး နိုင်ငံတဝက်ကိုပင် အုပ်ချုပ်နိုင်စွမ်း မရှိသည်ကို ကမ္ဘာသိ ဖြစ်ပါလျက် သန်းခေါင်စာရင်း ကောက် လူဦးရေ ဘယ်ရွေ့ဘယ်မျှ ရှိနေပါသည်ဟု လိမ်ညာရဲသူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မတ်လ ၁၈ ရက်နေ့ ရုရှားမီဒီယာနှင့် အင်တာဗျူးတွင် မင်းအောင်လှိုင် ပြောခဲ့သည် တခုက ရယ်စရာအကောင်းဆုံး ဟာသအဖြစ် တင်ကျန်သွားခဲ့သည်။ ၎င်းအား…
ဝက်လက်တွင် တပ်မ(၃၃)စစ်ကြောင်း PDF ပူးပေါင်းတပ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂၀ကျော်သေ၊ သုံးဦးအဖမ်းခံရ ◾️လက်နက် ၅လက်လည်းရဟု ရွှေဘိုခရိုင် တပ်ရင်း(၁၈)ပြော ဟန်နွေ/People’s Spring စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ(၃၃) စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော် သေဆုံးပြီး ၃ဦး အရှင်ဖမ်းမိခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၈)ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက လူထုနွေဦးသို့ ပြောသည်။ ဇန်နဝါရီ ၅ရက်က ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို ဝင်ရောက်စီးနင်းထားသော အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ၏ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “၄ရက်နေ့မနက်ပိုင်းမှာ ဆားတောင်က ထွက်လာတဲ့ တပ်မ ၃၃ စကစ စစ်ကြောင်းဟာ ၄ရက်နေ့ ညနေပိုင်းမှာအုန္နဲဘုတ်ရွာကို ဝင်စီးထားတာ ၅ရက်နေ့ မနက်ပိုင်းမှာ…
စစ်ကိုင်းတွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ ရန်ကုန်၊ ဇန်နဝါရီ ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် “PDF တွေ ငါ့ကို သတ်ချင်ရင် ၁၀ နှစ်ကြိုးစား” ဟု ကြွေးကြော်ထားသည့် ရဲတပ်ကြပ်ဟောင်း၊ ပျူစောထီး ခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကာ အလောင်းနှင့်အတူ မူးယစ်ဆေးဝါးများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ မြင်းမွေးရွာတွင်…
ကျောက်နီမော်ကျေးရွာတိုက်ပွဲ၌ခမရ(၄၀၅) တပ်ရင်းမှူးသေဆုံး ဇန်နဝါရီလ ၅ ရက် လောင်းလုံးမြို့နယ်၊ကျောက်နီမော်ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ကျော် သေဆုံးခဲ့သည်ဟုထားဝယ်ခရိုင်တပ်ပေါင်းစုကသတင်းထုတ်ပြန်သည်။ “ဟုတ်တယ်။ တပ်ပေါင်းစုက တိုက်တာပါ။ စခန်းလည်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ကတော့လေ ကြောင်းရော ရေကြောင်းရော ကုန်းလမ်းကပါ ပြန်တိုက်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။ ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီတပ်စွဲထားသည့်စခန်းများကို ဒီဇင်ဘာလ၂၃ရက်နေ့တွင် ထားဝယ်ခရိုင်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခြင်းဖြစ်သည်။ဒေါနစစ်ကြောင်း တပ်ခွဲ-၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့၊နွေဦးပျောက်ကြားတပ်ဖွဲ့တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ထားဝယ်ခရိုင်တပ်ပေါင်းစုကဇန်နဝါရီလ၅ရက်နေ့၌သတင်း ထုတ်ပြန်သည်။ စစ်ကောင်စီစခန်းတခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ(၄၀၅) တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးနှင့်အထက် သေဆုံးပြီး ခမဪ(၄၀၃)တပ်ရင်းမှူးအပါအဝင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။ထားဝယ်ခရိုင်တပ်ပေါင်းစုမှလည်း ရဲဘော်နှစ်ဦး ကျဆုံးပြီး ရဲဘော်အချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်စခန်းကို ဒီဇင်ဘာလ ၂၇ရက်နေ့တွင် စစ်ကောင်စီက…