Category: Love
-

မယုံမရှိနဲ့ တကယ်ရှိတယ်
မာမာတင့်အသက်က ၁၉ နှစ်ထဲ ရောက်နေပြီ..။ ဆယ်တန်း နှစ်ခါကျပြီး ပြန်မဖြေတော့ပဲ အဒေါ်ဖြစ်သူ မစန်းဝင်းရဲ့ အထည်ဆိုင်မှာ ဝိုင်းလုပ်ဝိုင်းစား ကူ၍ ဈေးရောင်းပေးသည်..။ မိန်းကလေးတစ်ယောက်အတွက်တော့ အဝတ်အစားက အဓိကအခန်းမှာ ပါဝင်သည်..။ မာမာတင့်က အထည်ရောင်းတာဆိုတော့ သူမအတွက် အဝတ်အစားဒီဇိုင်းအသစ်ပေါ်ပြီဟေ့ဆိုရင် ခါးပေါ်ရောက်လာသည်..။ သားသမီးမရှိသော အဒေါ်ဖြစ်သူ မစန်းဝင်းကလည်း မာမာတင့်အား သမီးလေးတစ်ယောက်လို ဆင်မြန်းပေးသည်..။ အသားက ဖြူဖြူ ၊ ပါးလေးတွေက ဖောင်းဖောင်းအိအိ ၊ နှာတံလေးက စင်းစင်းလေး ၊ မျက်ခုံးကြီးတွေက မဲနက်ဖြောင့်စင်းနေသလို ထူထဲသော မျက်တောင်ကော့ကြီးတွေကလည်း မိန်းကလေးတိုင်းတွင် တွေ့ရခဲလှသည်..။ သန်တာရောင် နှုတ်ခမ်းလေးတွေမှာ အပေါ်နှုတ်ခမ်းလေးက ပါးသော်လည်း အောက်နှုတ်ခမ်းလေးက လုံးလုံးထူထူလေး..။ ထူးခြားတာက အပေါ်နှုတ်ခမ်းပါးလေးရဲ့ လက်ဝဲဘက်အပေါ်နားလေးတွင် မှဲ့နက်ကလေး တစ်လုံး ။…
-

အချိန်ပိုင်းလင်
ထွန်းလွင်ရဲ့ စကားကတော့ ပြတ်သည်။ သူ့ညီမအရင်း နောက်မီးလင်းသည့်ကိစ္စကို သာမန်ကိစ္စလောက်ပဲဟု သတ်မှတ်ကာ၊ သူလည်း သူ့လမ်းသူသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွားဆိုသလို၊ လည်သူစားတမ်း အဘိဓာန်ကို လက်ကိုင်ထားသူ ဖြစ်သည်။ မောင်မောင်ကသာ သူခိုးလူမိကိန်းဆိုက်နေသူမို့ လန့်တော့ ခပ်လန့်လန့်ပင် ဖြစ်သည်။ “ဒါနဲ့ စကားမစပ် မင်းအစ်မကောရှိလား” “ရှိတယ်။ အခုလေးတင် ရေချိုးပြီး အိမ်ပေါ်တက်သွားတာ။ ဘာဖြစ်လို့မှန်း မသိဘူးဗျာ ..။ ကျွန်တော့်ကို နှာကစ်နေတယ်။ မျက်နှာကြီး ခပ်တည်တည်နဲ့ စကားသိပ်မပြောဘူးဗျ ..။ ဒါနဲ့ ကျွန်တော်လည်း အသာလစ်ထွက်ခဲ့တာ” “ဒီလိုဆိုအတော်ဘဲ အိမ်မှာဘယ်သူမှမရှိဘူး မဟုတ်လား” “အင်း ဟုတ်တယ်။ ဦးလေးက ရုံးသွား၊ ဒေါ်လေးကလည်း ဈေးဆိုင်သွားဆိုတော့ အိမ်မှာ အစ်မတစ်ယောက်ထဲ ကျန်ရစ်ပြီး ဒါနဲ့ ခင်ဗျားဘာပြုလို့” “အင်း ဒါငါ့ကိစ္စ။…
-

တိတ်တခိုးဒဏ်ရာ
ညနေခင်းမိုးစက်တွေလို တချိန်မှာ ကော်ဖီသောက် ဆင်းလိမ့်မယ်…။ ……………………….. ” ရိပ် ” ” ဟင် … ကိုကို ” ” ကိုမိုးစက် ” လူအုပ်ကြားထဲမှ ထွက်ပေါ်လာသောအသံကြောင့် မေလရိပ်နှင့် သုတ ပြိုင်တူလှည့်ကြည့်လိုက်သည်။ ” ပျော်ရွှင်ပါစေ … ရိပ် ” ” ကိုကို လာတယ်နော် … ညီမလေး ဝမ်းသာလိုက်တာ ကိုကိုရာ ” ပန်းဆီရောင် ရင်တပိုင်းပြတ်အင်္ကျီလေးနှင့် ဂါဝန်အရှည်လေး ဝတ်ဆင်ထားသော ညီမဖြစ်သူအား ရင်နှင့်စွာဖြင့် ကြည့်နေမိသည်။ ညီမဖြစ်သူ မင်္ဂလာပွဲအား ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချပြီး လာခဲ့လိုက်သည်။ ” ကိုမိုးစက် မင်္ဂလာပါ … ကျနော်တို့ မင်္ဂလာဆောင်ကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးပါ ”…
-

Premistunnaa
Premistunnaa (2025) “အစွဲအလမ်းကြီးသူ” ဒီတစ်ခါမှာတော့ တေလဂူးစကားပြော ရိုမန့်/ဒရာမာ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာလေးတစ်ရွာကနေ ရပ်ကွက်တစ်ခုဆီ ပြောင်းလာတဲ့ အမေတစ်ခု သားတစ်ခုကို ဖော်ရွေတဲ့ ကောင်မလေးတစ်ယောက်က ထရပ်ကားပေါ်ကနေ ပစ္စည်းတွေဝိုင်းကူသယ်ပေးရင်း ကောင်လေးတစ်ယောက် သူ့ကို မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ သူ့စိတ်အခြေအနေနဲ့ အမူအရာက ထူးဆန်းနေတော့ နားမလည်နိုင်တဲ့ ကောင်မလေးမှာတော့ ဒါကို အထင်လွဲရာမှတဆင့် ဘယ်လိုတွေဆက်ဖြစ်မှာလဲ မိခင်တစ်ယောက်ရဲ့ ဒုက္ခနဲ့ ရှုပ်ထွေးတဲ့တစ်ဖက်သတ်အချစ်တို့ကို ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ရှုစားအားပေးကြပါဦး။
-

ရွှေညာမြေမှ ချစ်တေးသံ
️အခန်း (၁)️ နာမည်က နှင်းဝေ။ ဒီဇင်ဘာလ နှင်းတွေကျတဲ့အချိန်ကြီးမွေးလို့ အလွယ်တကူနဲ့ လှလှလေး ပေးထားကြတာ။ ဆွေမျိုးထဲမှာ သမီးမိန်းကလေးဆိုလို့ နှင်းဝေတစ်ယောက်ထဲ။ ဝမ်းကွဲဆိုလို့ မောင်တွေ အစ်ကိုတွေချည်း။ ဒါ့ထက်ဆိုးတာ နှင်းဝေရဲ့ဦးလေးက ရပ်ကွက်လူမိုက်။ ဓါးထိုးမှုနဲ့ ထောင်ထဲကထွက်တဲ့အချိန် တူမလေးမွေးမှ မိုက်တာရပ်တော့တာ။ နှင်းဝေ မွေးကတည်းက တစ်ဆွေတစ်မျိုးလုံး စီးပွားတက်တော့ အကုန်လုံးက ဝိုင်းချစ်ကြတာပေါ့။ ဦလေးကလည်း လူမိုက်၊ အစ်ကိုတွေ မောင်တွေကလည်း များတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားကမရ။ ညားမယ့်ညားတော့လည်း အညာသားနဲ့မှ ညားတော့တာ။ အပျိုကြီးပေါက်စဖြစ်နေတဲ့အချိန် အသက် ၃၅။ ရန်ကုန်လာပြီး အလုပ်လုပ်တဲ့ မလည်မဝယ် အညာသားနဲ့ ညားပါလေရော။ မောင်အညာသားက ရန်ကုန်မှာ အဲကွန်းတွေပြင်တယ်။ အဲ့တုန်းက နှင်းဝေ အဆောင်နေတုန်း။ အဲကွန်းလာပြင်တဲ့ မောင်အညာသားနဲ့ငြိပြီး အပိုင်ဝိုက်ပစ်လိုက်တာ။…