Category: Movies
-

Loving Bali
Loving Bali (2024) ဒီဇာတ်ကားလေးကတော့ အင်ဒိုနီးယား-ဒတ်ချ် ကပြား ဆယ်လီကောင်မလေးတစ်ယောက်ရဲ့ ဘာလီခရီးစဉ်ကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျန်နီဆိုတဲ့ကောင်မလေးက ဖော်လိုဝါထောင်ဂဏန်းရှိတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်ပြီးတော့ သူ့မှာလည်း အလုပ်သဘောအရတွဲနေတဲ့ မက်စ်ဆိုတဲ့ ဆယ်လီကောင်လေး ရှိပါတယ်။ ဒါပေမဲ့ ဂျန်နီဟာ သူမရဲ့အဖွားဖြစ်သူ ဆုံးသွားတာ မကြာသေးတော့ ဝမ်းနည်းပူဆွေးနေတဲ့အတွက် လိုင်းပေါ်မှာ ပို့စ်ကောင်းကောင်းမတင်နိုင်ပါဘူး။ ဒီလိုနဲ့ သူမက အားပေးတဲ့နှုန်း ကျလာတော့ သူမကို စပွန်ဆာပေးထားတဲ့သူတွေက သူမကို လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် သူ့ကောင်လေးကပါ သူ့ကို ထားခဲ့ပါတော့တယ်။ ဒီတော့ သူမဟာ ဝမ်းနည်းပူဆွေးနေတဲ့ သူ့အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့ကို စိတ်အပြောင်းအလဲဖြစ်အောင်၊ သူကလည်း သူ့နည်းသူ့ဟန်နဲ့ ဖော်လိုဝါတိုးလာအောင် ရည်ရွယ်ပြီး အဖွားဖြစ်သူရဲ့ အရိုးပြာကို အဖွားရဲ့ဇာတိဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ သွားကြဲဖို့ ထွက်လာပါတော့တယ်။…
-

Last Life in the Universe
Last Life in the Universe (2003) ဘဝမှာ အထီးကျန်တယ်ဆိုတဲ့စကားလုံးကို အပြည့်အဝခံစားနေရတဲ့ ခိန်ကျိဆိုတဲ့ ဂျပန်လူမျိုး ကောင်လေးတစ်ယောက် သ-တ်သေဖို့လည်း မကြာခဏကြိုးစားတတ်ပြီး သီးသီးသန့်သန့်နေတတ်သူမျိုးဖြစ်ပါတယ် တနေ့မှာတော့ ခိန်ကျိက နွိင်းဆိုတဲ့မိန်းမလှလေးနဲ့ သိကျွမ်းခဲ့ပြီး ဘဝက တဖြန်ပန်းရောင်သမ်းလာတဲ့အချိန်မှာတော့… အထီးကျန်လို့ ဘဝကြီးကို လက်လျှော့ဖို့ ခဏခဏကြိုးစားတဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်ပြန်သမ်းလာအောင် လုပ်ပစ်နိုင်စွမ်းရှိမဲ့ အချစ်ဖြစ်လာမလားဆိုတာကတော့……..
-

One Nite in Mongkok
One Nite in Mongkok (2004) ဒီဇာတ်ကားလေးကတော့ ၂၀၀၄ မှာ ထွက်ရှိခဲ့ပြီး Daniel Wu အပါအဝင် နာမည်ကျော်တရုတ်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့အပြင် ဟောင်ကောင်ညရဲ့ နီယွန်မီးတွေအောက်မှာ ရိုက်ကူးထားတဲ့ ဆွတ်ပျံ့လွမ်းဆွေးဖွယ်ရာ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လိုင်ဖူ (Daniel Wu) ဆိုတဲ့ကောင်လေးဟာ ကြေးစားလူသတ်သမားဟာ ဂိုဏ်းတစ်ခုက ပြိုင်ဘက်ဂိုဏ်းခေါင်းဆောင်ရဲ့သားကို သတ်ခိုင်းဖို့ သူ့ကိုငှားခဲ့တဲ့အတွက် ဟောင်ကောင်ကို ရောက်ချလာပါတော့တယ်။ တဖက်မှာလည်း လူသတ်သမား ဟောင်ကောင်ကိုရောက်လာတယ်လို့ သတင်းပေးဆီက သိထားရတဲ့ အရာရှိ မိုင်လို ဦးဆောင်တဲ့ရဲတပ်ဖွဲ့ကလည်း ဂိုဏ်းချင်းတိုက်ပွဲကြောင့် အသက်အများကြီး ထပ်ဆုံးရှုံးရပြီး သွေးချောင်းစီးမဲ့အဖြစ်မျိုး မဖြစ်ရလေအောင် တားဆီးဖို့ လိုင်ဖူကို အသည်းအသန် ကြိုးစားရှာနေကြပါတယ်။ လိုင်ဖူကလည်း ဟောင်ကောင်ကိုရောက်ပြီး ကံကြမ္မာက အကြောင်းဖန်လာလေတော့ အကြမ်းဖက်ခံနေရတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်နဲ့…
-

100 Meters
100 Meters (2025) ဇာတ်ကားနာမည်အတိုင်း မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲကို အခြေခံထားတဲ့ Anime ရုံတင်ကားသစ်လေးကို အသစ်ထွက်ရှိလာတာကြောင့် တင်ဆက်ပေးချင်ပါတယ်။ မီတာ ၁၀၀ ပြေးပွဲဆိုတာ တကယ်ကို တစ်ဖာလုံ ဒါမှမဟုတ် ဘတ်စ်ကားမှတ်တိုင် တစ်မှတ်တိုင်စာတောင်မရှိတဲ့ တာတိုပြေးပွဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့ ကမ္ဘာ့အမြန်ဆုံး အူစိန်ဘော့ကြီး ပြိုင်တဲ့ပြိုင်ပွဲဆိုလည်း မမှားဘူးပေါ့ဗျာ။ အားကစားနဲ့ ပတ်သက်ပြီး Anime တွေ မခေဘူးဆိုတာ Haikyuu တို့ Slam Dunk တို့က သက်သေသာဓက ရှိပြီးသားပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင်တော့ Togashi ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်ကတည်းက မွေးရာပါ ပါရမီရှင်ခြေထောက်နဲ့ အရမ်းမြန်တဲ့ ၆ တန်းအရွယ် အပြေးသမားလေးတစ်ယောက်ပေါ့။ တရက်မှာ သူတို့ကျောင်းကို Komiya ဆိုတဲ့ ထူးဆန်းတဲ့ကောင်လေးတစ်ယောက်…
-

A Useful Ghost
A Useful Ghost (2025) ဘဝခြားနေတဲ့ လူသားနဲ့သရဲမလေးတို့ကြားက ဇာတ်လမ်းကို အကောင်းဆုံးပုံဖော်ထားပြီး ဒါဝိကာဟွန်းနေးကိုယ်တိုင် ပါဝင်ရိုက်ကူးထားတဲ့ ဒရာမာသရော်ကဲဇာတ်ကားလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးက ၂၀၂၅ ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တာဖြစ်ပြီးတော့ Grand Prixဆုပါ ရရှိထားတာဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာဟာ ကျားမ မရွေး အသက်အရွယ်မရွေး ဖြစ်တည်လာနိုင်တယ်ဆိုပေမဲ့ ဘဝတစ်ခုခြားသွားပြီဆိုရင်တော့ ဒီအချစ်ကို လက်ခံသူတွေရှိသလို လက်မခံသူတွေလည်းရှိလာကြပြီပေါ့။ နတ်နဲ့မာ့ချ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံဖြစ်ပြီးတော့ နှစ်ကိုယ်တူ မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ဖို့အတွက် အိပ်မက်မက်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ကြမ္မာရဟတ်က ကိုယ့်ဘက်မပါလေတော့ နတ်တစ်ယောက် နေမကောင်းဖြစ်ပြီး မာ့ချ်တစ်ယောက် ကလေးကိုရော ဇနီးဖြစ်သူကိုပါ ဆုံးရှုးလိုက်ရတဲ့အပြင် စက်ရုံမှာကလည်း သရဲသောင်းကျန်းနေလို့ စက်ရုံပါပိတ်လိုက်ရပြန်ပါတယ်။ နတ်နဲ့ ထာဝရခွဲခွာရပြီလို့ မာ့ချ်တစ်ယောက်တွေးနေတုန်းမှာပဲ သရဲဘဝရောက်နေတဲ့နတ်က ဖုန်စုပ်စက်မှာ ကပ်နေပြီး မာ့ချ်ကိုလာတွေ့ချိန်မှာတော့… လူသားလေးနဲ့ သရဲမလေးတို့ကြားကအချစ်က…