📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

100 Meters

100 Meters (2025)

ဇာတ်ကားနာမည်အတိုင်း မီတာ ၁၀၀ တာတိုအပြေးပြိုင်ပွဲကို အခြေခံထားတဲ့ Anime ရုံတင်ကားသစ်လေးကို အသစ်ထွက်ရှိလာတာကြောင့် တင်ဆက်ပေးချင်ပါတယ်။

မီတာ ၁၀၀ ပြေးပွဲဆိုတာ တကယ်ကို တစ်ဖာလုံ ဒါမှမဟုတ် ဘတ်စ်ကားမှတ်တိုင် တစ်မှတ်တိုင်စာတောင်မရှိတဲ့ တာတိုပြေးပွဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့ ကမ္ဘာ့အမြန်ဆုံး အူစိန်ဘော့ကြီး ပြိုင်တဲ့ပြိုင်ပွဲဆိုလည်း မမှားဘူးပေါ့ဗျာ။

အားကစားနဲ့ ပတ်သက်ပြီး Anime တွေ မခေဘူးဆိုတာ Haikyuu တို့ Slam Dunk တို့က သက်သေသာဓက ရှိပြီးသားပါ။

ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင်တော့ Togashi ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်ကတည်းက မွေးရာပါ ပါရမီရှင်ခြေထောက်နဲ့ အရမ်းမြန်တဲ့ ၆ တန်းအရွယ် အပြေးသမားလေးတစ်ယောက်ပေါ့။

တရက်မှာ သူတို့ကျောင်းကို Komiya ဆိုတဲ့ ထူးဆန်းတဲ့ကောင်လေးတစ်ယောက် ပြောင်းလာခဲ့တယ်။ သူကလည်း ပြေးရတာကို နှစ်သက်ပေမဲ့ နည်းလမ်းမကျ ဘာမကျဖြစ်နေတော့ Togashi က ခင်တွယ်ပြီး သူ့ကို နည်းလမ်းတွေပြ လမ်းညွန်ပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့တာပေါ့။

အဲဒီမှာတင် တဖြည်းဖြည်း တတ်ကျွမ်းလာတဲ့ Komiya က ပါရမီရှင် Togashi ကိုပါ ယှဉ်နိုင်လောက်တဲ့ထိ တိုးတက်လာပါတယ်။

ဒါပေမဲ့လည်း တစ်ရက်ကျ Komiya ဟာ ရုတ်တရက် ထပ်ပြီး ကျောင်းပြောင်းသွားခဲ့ပါတော့တယ်။

အဲဒီကနေစလို့ Togashi အနေနဲ့ ကလေးဘဝ၊ အထက်တန်းကျောင်းသားဘဝနဲ့ လူငယ် ၂၀ ကျော် အားကစားဘဝ ၃ ခုလုံးမှာ ဒီ ငယ်သူငယ်ချင်း Komiya နဲ့ ပြိုင်ဖက်အဖြစ်ဖြစ် ပြန်ပြန်တွေ့ဆုံယှဉ်ပြိုင်ရပြီး မီတာ ၁၀၀ ပြေးပွဲကို ဘယ်လို အဓိပ္ပာယ်ဖော်ပြသွားမလဲဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။

ဇာတ်လမ်းမှာ ဒီသူငယ်ချင်းနှစ်ယောက်အပြင် ဂျပန်နိုင်ငံက အတော်ဆုံး စံချိန်တင် ကစားသမားရော သူ့လောင်းရိပ်မိနေရတဲ့ အသက်ကြီးကြီး ကစားသမားရော တခြား ထူးချွန်တဲ့အားကစားတွေကိုပါ Side character အနေနဲ့ အတွေးအခေါ် ဒဿနကောင်းတွေနဲ့ ဖော်ကျူးထားလို့ ပညာတွေလည်း ရစေနိုင်ပါတယ်။

100 Meters က အားကစားကိုသာမက ဒီ မီတာ ၁၀၀ ဆိုတာ လူတစ်ယောက်ရဲ့ တိုတောင်းတဲ့ဘဝခရီးလမ်းကိုလည်း ပုံဖော်ထားတာကို မြင်နိုင်ပါတယ်။

ဒါ့အပြင် နောက်ခံတေးဂီတတွေဆိုလည်း ပြေးတဲ့အချိန်တွေမှာ လိုက်ဖက်ညီမှုရှိနေတာကြောင့် ယှဉ်ပြိုင်တဲ့အခန်းတွေဆို ရုပ်လုံးကြွ အသက်ဝင်စေတာမို့ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါစေလား…။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်