My Date with a Vampire (2025) ဒါကတော့ သွေးစုပ်ဖုတ်ကောင်နဲ့မိစ္ဆာနှိမ်နင်းသူတို့ကြားက အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်။ မိစ္ဆာနှိမ်နင်းတဲ့ နဂါးမျိုးနွယ် မာမိသားစုရဲ့အမွေဆက်ခံသူ မာရှောင်လင်က မကောင်းဆိုးဝါးတွေကိုနှိမ်နင်းပြီးတော့ တရားမျှတမှုကိုဖော်ဆောင်ရမယ့် မိသားစုတာဝန်ထမ်းဆောင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သာမန်စုံထောက်တစ်ယောက်ဖြစ်တဲ့ ခွမ်းထျန်းယို့က သူ့ရဲ့ထူးခြားတဲ့စွမ်းရဲ့ ထူးဆန်းတဲ့အမှုတွေကိုဖြေရှင်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့တကယ့်နောက်ကြောင်းကတော့ ဘယ်တော့မှမသေနိုင်ဘဲ သွေးကိုအငမ်းမရစုပ်ယူတတ်တဲ့ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ဆိုတာကို ဖုံးကွယ်ထားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့အေးချမ်းနေတဲ့နေ့ရက်တွေဟာ အရိပ်မည်းတစ်ခုပေါ်လာတာကြောင့် ပျက်စီးသွားခဲ့ပါတယ်။ အရိပ်မည်းရဲ့တိုက်ခိုက်မှုတစ်ခုကိုစုံစမ်းရင်း သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြပါတယ်။ အသက်နဲ့ရင်းပြီး အတူတူရင်ဆိုင်ရတဲ့အခိုက်အတန့်တွေမှာ ရာစုနှစ်ချီကြာမြင့်ခဲ့တဲ့သူတို့နှစ်ဦးကြားက ရန်ကြွေးတွေနဲ့ချည်နှောင်ထားတဲ့ ကံကြမ္မာသော့ကြီးတိတ်တဆိတ်ပွင့်သွားသောအခါ……
Extreme Life (2026) လတ်တလောထွက်ရှိထားတဲ့ အချစ်+လိမ်လည်မှု+ဟာသလေးတွေ ပါဝင်ပေါင်းစပ်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့စိတ်ဝင်စားဖွယ်ကောင်းအောင် ကြည့်ရှုရမဲ့ ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဒီရုပ်ရှင်လေးထဲမှာ အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Zhang Zidong နဲ့ မင်းသမီး Zhang Xuehan တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအညွှန်း သက်လတ်ပိုင်းအရွယ်ရှိတဲ့ ကျန့်ချန်ဆိုတဲ့အမျိုးသားတစ်ဦးဟာ ချစ်သူ ကျာရူဆိုတဲ့အမျိုးသမီးကို တင်တောင်းဖို့ တင်တောင်းငွေရှာဖို့ အသည်းအသန်ကြိုးပမ်းနေသူဖြစ်ပါတယ်။ လက်ထပ်ဖို့ တင်တောင်းငွေတစ်သန်းကို ချက်ချင်းရှာဖို့အားထုတ်ရာကနေ ငွေကြေးအဆမတန်ရလာတဲ့အခါ မမျှော်လင့်ထားတဲ့အကျိုးဆက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ မင်္ဂလာပွဲကျင်းပဖို့လုပ်စဥ်မှာ ချစ်သူကျာရူတို့မိသားစု ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်အဲဒီအခါမှ ရဲစခန်းသွားမိတဲ့အခါ ကျာရူတို့မိသားစုဟာ အကြီးစားလိမ်လည်ဂိုဏ်းကဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့….. ကျန့်ချန်တစ်ယောက် သူရင်းနှီးမြှုပ်နှံထားတဲ့ငွေကို ပြန်ရရှိဖို့နဲ့လိမ်လည်အဖွဲ့ကိုတရားစွဲဆိုဖို့ သူလိမ်ကိုယ်လိမ်ပြန်လိမ်ရင်း အန္တရာယ်များတဲ့ တိုက်ပွဲကြီးတစ်ခု စတင်လိုက်ပါတော့တယ်။ ဒီရုပ်ရှင်လေးထဲမှာ ကျန့်ချန်ဆိုတဲ့ဇာတ်ကောင်တစ်ယောက်အနေနဲ့ အချစ် ငွေကြေး ဂုဏ်သိက္ခာအတွက် လိမ်လည်မှုတွေ စီးပွားဆန်မှုတွေကြားကနေ တရားမျှတမှုအတွက်…
The Orphans (2025) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ပြင်သစ် အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ကောင် လိုင်လာဟာ သူ့အမေနဲ့ ဓားရေးသင်တန်းကနေအပြန် လမ်းမှာ ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုကြောင့် လိုင်လာရဲ့အမေ ဆိုဖီယာဟာ ဆေးရုံမှာပဲအသက်ဆုံးပါးသွားခဲ့ရပါတယ်။ အဲဒီအခါမှာ ဆေးရုံကို ဆိုဖီယာနဲ့ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းလာခဲ့တဲ့ လူနှစ်ဦးယောက်လာခဲ့ပြီး သူတို့ထဲကတစ်ယောက်ဟာ လိုင်လာရဲ့အဖေဖြစ်ကြောင်းပြောလာပါတယ်။ လိုင်လာကတော့ မိခင်သေဆုံးမှုရဲ့တရားခံကိုရှာဖွေပြီး လက်စားချေဖို့ စိတ်အားထက်သန်နေပါတယ်။ တကယ်တမ်းတရားခံကိုရှာတွေ့သွားတဲ့အခါမှာ ကိစ္စတွေဟာ လိုင်လာ ထင်ထားသလောက်မရိုးရှင်းဘဲ သူကိုယ်တိုင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အခြေအနေမျိုးပါကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
Siapa Dia (2025) လေယာဟာ အောင်မြင်ကျော်ကြားနေတဲ့သရုပ်ဆောင်ဘ၀ကိုငြီးငွေ့လာပြီး အင်ဒိုနီးရှားရုပ်ရှင်သမိုင်းကြောင်းနဲ့ အမြဲတမ်းဆက်စပ်နေတဲ့ သူ့မိသားစုဇာတ်ကြောင်းကိုအခြေခံထားတဲ့ တေးဂီတပြဇာတ်တစ်ခုဖန်တီးဖို့ကြိုးစားနေတာပါ။ ဒီဇာတ်လမ်းကိုဖန်တီးရင်းနဲ့ သူ့ဘိုးဘေးတွေရဲ့ ဘ၀ပုံရိပ်တွေကို ဇာတ်ကောင်အမျိုးမျိုးနဲ့ပုံဖော်စိတ်ကူးယဉ်ပြီး အတိတ်ကိုစိတ်ကူးနဲ့ခရီးနှင်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းမှာတော့ လက်ဆွဲသေတ္တာလေးတစ်လုံးထဲက နေ့စဉ်မှတ်တမ်းတွေ၊ ပေးစာတွေ၊ ဓာတ်ပုံဟောင်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေ၊ အမွေအနှစ်ပစ္စည်းတွေနဲ့ ဂီတတွေကတစ်ဆင့် အင်ဒိုနီးရှားရုပ်ရှင်လောကရဲ့ခေတ်အဆက်ဆက်တင်မက အင်ဒိုနီးရှားနိုင်ငံရဲ့ဖြတ်သန်းမှုသမိုင်းကြောင်းတွေကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်ကားလုံးကို Production Design အမိုက်စားတွေ၊ ရင်သပ်ရှုမောလှပတဲ့ရိုက်ချက်တွေ၊ သီချင်းလှလှလေးတွေနဲ့ ဖန်တီးထားတာဖြစ်လို့ တန်းမြင့် Musical တစ်ကားအဖြစ်ခံစားရမှာပါ။ လုံး၀ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကောင်းတစ်ကားပါပဲ။
Princess for a Day (2025) သာမန်မိန်းကလေးတစ်ယောက်ကတစ်နေ့တာအတွက် မင်းသမီးအဖြစ် နေထိုင်ရင်း ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သာမန်ဘဝနဲ့ နေထိုင်နေတဲ့မိန်းကလေးတစ်ယောက်ဟာမထင်မှတ်ဘဲတစ်နေ့တာအတွက် မင်းသမီးအဖြစ်နေထိုင်ရတဲ့ အခွင့်အရေးရလာပါတယ်။ တော်ဝင်အဝတ်အစားတွေ၊ စည်းမျဉ်းတွေ၊ လူသစ်တွေကြားမှာသူမအတွက် အရာအားလုံးက အသစ်အဆန်းပါ။ ဒီတစ်နေ့တာအတွင်းအချစ်နဲ့ အိပ်မက်တွေကို တွေ့ရပြီးသူမရဲ့ ဘဝအမှန်ကိုဘာကိုရွေးချယ်ရမလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။