The Clouds (2025) နတ်ဆိုးလို့ နာမည်ကြီးတဲ့ ဓားပြဂိုဏ်းတစ်ခုက သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ တစ်ရက်မှာ သူတို့က ဒေါ်လာတစ်သန်းလောက်တန်ဖိုးရှိတဲ့ ငွေမည်းတွေကို သယ်ဆောင်လာတဲ့ကားတစ်စီးကို ဝင်ရောက်လုယက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလုယက်မှုတွေရဲ့နောက်ကွယ်မှာတော့ တာကိုလို့ခေါ်တဲ့ နောက်ကွယ်ကကြိုးကိုင်သူတစ်ယောက်ရှိနေပြီး သူက ဒီနတ်ဆိုးဂိုဏ်းကို အလုပ်တွေအပ်နေတဲ့သူပါ။ ဒါပေမဲ့ သူတို့ထဲက အဖွဲ့ဝင်ဂျာမန်ရဲ့တူဖြစ်သူ ဒန်နီအဖွဲ့ထဲကို ရောက်လာပြီးနောက် အဖွဲ့ဝင်တွေကြားမှာတော့ သဘောထားမတိုက်ဆိုင်မှုတွေနဲ့ တင်းမာမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။ အကြောင်းအရင်းကတော့ ဒန်နီဟာ မူးယစ်ဆေးသုံးပြီး ရဲအရာရှိတစ်ယောက်ကိုသတ်ကာ အိမ်အကူကောင်မလေးတစ်ယောက်ကို မုဒိမ်းကျင့်တဲ့အတွက် အဖွဲ့ခေါင်းဆောင် ပါဘလိုက ဒန်နီကို သတ်ပစ်လိုက်တဲ့အခါ… အဖွဲ့ဝင်တွေကြားက သစ္စာဖောက်မှုတွေ၊ ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုတွေနဲ့အတူ ထောင်တွင်းက အာဏာပြိုင်ဆိုင်မှုတွေကြားမှာ ဘယ်သူက အသက်ရှင်ကျန်ရစ်မလဲဆိုတာကို Action-Thriller Vibe အပြည့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
Captain Hook – The Cursed Tides (2025) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ပင်လယ်ဓားပြရုပ်ရှင်ကားပဲ ဖြစ်ပါတယ်… ပင်လယ်ဓားပြခေါင်းဆောင် ဟွတ်ခ်ဟာ အလိုရှိခံနေရသူဖြစ်ပြီး ရန်သူတော် ရေတပ်ဗိုလ်ချုပ်ကြီး စမီးရဲ့ အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူဖြစ်ပါတယ်… ထွက်ပြေးတိမ်းရှောင်ရင်း တစ်နေရာအရောက်မှာတော့ ပန်းပဲသမားဖြစ်သူ ဆိုင်လာနဲ့ ဟွတ်ခ်တို့ ဆုံမိပြီး နှစ်ယောက်ပေါင်းကာ ရန်သူတော်ဟောင်း စမီးကို ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်… ဒီရုပ်ရှင်မှာဆိုရင် ရေတပ်ဗိုလ်ချုပ်ကြီးစမီးကတစ်ဖက် ပင်လယ်ဓားပြခေါင်းဆောင် ဟွတ်ခ်နဲ့ ပန်းပဲသမားဟွတ်ခ်တို့ကတစ်ဖက် နှစ်ဖက်အားပြိုင်မှုကို အက်ရှင်ပြကွက်များနဲ့ ပင်လယ်ဓားပြအငွေ့အသက်များလွှမ်းခြုံကာ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်…
ကိုးရီးယား ဇာတ်ကြမ်းတွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက် Neflix ကနေထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားက အပစ်အခဲအသတ်အဖြတ်တွေနဲ့ပြည့်နေပြီးတော့ The Man From Nowhere ကိုတောင် သတိရသွားစေလောက်တဲ့အထိ ကြမ်းပါတယ်။ ကလဲ့စားချေဖို့အတွက် လူတွေအများကြီးရက်ရက်စက်စက် သတ်ပြနေတာတွေက အရမ်းကိုအားရစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့… သက်တော်စောင့်ဟောင်းတစ်ယောက်ဖြစ်တဲ့ အုတ်ဂျူဟာ သူ့ရဲ့သူငယ်ချင်းအသတ်ခံရတဲ့ကိစ္စအတွက် ကလဲ့စားချေဖို့အတွက် တရားခံကိုမြေလှန်ရှာပါတော့တယ်။ သူ့ကိုယ်တိုင်ကလဲ သက်တော်စောင့်ဟောင်းတစ်ယောက်ဖြစ်လို့ အသတ်အဖြတ် အပစ်အခတ်တွေမှာ အရမ်းကျွမ်းကျင်တဲ့အတွက် သူ့ရဲ့သူငယ်ချင်းကိုသတ်သွားတဲ့ ဒုစရိုက်ဂိုဏ်းကို တစ်ယောက်တည်း ဝင်ဖြိုဖို့ကြိုးစားပါတော့တယ်။ တစ်ကားလုံး အတိုက်အခိုက်တွေနဲ့ ပြည့်နှပ်နေတာဖြစ်လို့ ရင်သတ်ရှု့မောဖွယ်ကြည့်ရမှာတော့ အမှန်ပါပဲခင်ဗျာ။
Liar! Uncover the Truth (2019) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးကတော့ Play store မှာ Download လုပ်မှု အများဆုံးဖြစ်သွားခဲ့တဲ့ ဂိမ်းလေးတစ်ခုကို အခြေခံကာရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်ပြီဖြစ်လို့ မိဘတွေဆီက လက်ထပ်ဖို့ အတင်းတိုက်တွန်းခံနေရတဲ့ ဆာကူရာအိဟာ မကြာခင်ကမှ ရည်းစားဖြစ်သူ ဖောက်ပြန်သွားလို့ ကြံရာမရဖြစ်နေသူပါ။ အဲဒီအချိန်မှာ ထူးဆန်းတဲ့ ဗေဒင်ဆရာနဲ့တွေ့သွားပြီး ဗေဒင်ဆရာရဲ့ ဖိတ်ကြားမှုကြောင့်ပဲ အိမ်ထောင်ဖက် ရွေးချယ်ပွဲပါတီကို တက်ရောက်ဖြစ်သွားခဲ့တယ်။ ပါတီပွဲမှာ ကောင်လေးဆယ်ယောက်နဲ့ချိတ်မိပြီး ဆယ်ယောက်ထဲက တစ်ယောက်သာ ဖူးစာရှင်စစ်မှန်မှာဖြစ်ကြောင်း လူလိမ်တွေပါနိုင်ကြောင်း ဗေဒင်ဆရာက သတိပေးလိုက်တဲ့အချိန်ကစပြီး ဆာကူရာအိတစ်ယောက် လူလိမ်ဖော်ထုတ်ရေးလုပ်ငန်းကို စတင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဖောက်ပြန်သွားတဲ့ရည်းစားဟောင်းဆီက ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် လူလိမ်ဆိုရင် မုန်းတီးတဲ့ဆာကူရာအိလေး ဖူးစာရှင်အစစ်အမှန်ကို လူလိမ်တွေကြား ရှာဖွေတွေ့ရှိသွားနိုင်မလား….. ဖူးရှင်ကရောမျှော်မှန်းထားတဲ့…
ဒီရုပ်ရှင်ထဲက Limoux ဘော်ဒါဆောင်ဟာ ဥရောပတစ်ခွင်မှာ အလွန်ကိုမှ နာမည်ကျော်ကြားတဲ့ ဆွစ်ဇာလန်နိုင်ငံက အမျိုးသမီးသီးသန့် ထိပ်တန်းဘော်ဒါကျောင်းတစ်ေကျာင်းပါ။ အဓိကဇာတ်ကောင် ဖရန့်ကီကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး သာမန်လူလတ်တန်းစားဖြစ်ပေမဲ့ ကျောင်းစာကြိုးစားလို့ အဆင့်ကောင်းတွေပဲအမြဲရနေသူပေါ့။ အဲဒါအပြင် ဖရန့်ကီဟာ Limoux ဘော်ဒါကျောင်းရဲ့ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားခဲ့ရာမှာ ဝင်ခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံတကာက လူကုံထံ အထက်တန်းစား ထိပ်သီးမိဘတွေရဲ့ သမီးတွေချည်းပဲ တက်ရောက်ကြတဲ့ Limoux ကျောင်းကြီးဟာ ပညာသင်ဆုနဲ့ ဝင်ခွင့်ရခဲ့တဲ့ ဖရန့်ကီအတွက်တော့ အိပ်မက်ကျောင်းတော်ကြီးတစ်ခုလိုပါပဲ။ ဒါပေမဲ့ ဖရန့်ကီ အဲဒီကျောင်းကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကျောင်းသူတွေထဲက ပျားဘုရင်မလို့တင်စားကြတဲ့ သူဌေးသမီးလေး တင်စလီက ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ဘော်ဒါကျောင်းရဲ့ ရာစုနှစ်နဲ့ချီတဲ့ သမိုင်းတစ်လျှောက်မှာ မတော်တဆမှုတစ်ခုတလေမှမဖြစ်ခဲ့ဖူးပါဘဲ ကျောင်းသူသစ် ဖရန့်ကီရောက်လာမှ လူသေမှုဖြစ်တဲ့အခါ ဖရန့်ကီဟာ အားလုံးရဲ့ သံသယဝင်ခြင်းကိုခံရပါတော့တယ်။…