The Boarding School Murders (2024)

ဒီရုပ်ရှင်ထဲက Limoux ဘော်ဒါဆောင်ဟာ ဥရောပတစ်ခွင်မှာ အလွန်ကိုမှ နာမည်ကျော်ကြားတဲ့

ဆွစ်ဇာလန်နိုင်ငံက အမျိုးသမီးသီးသန့် ထိပ်တန်းဘော်ဒါကျောင်းတစ်‌ေကျာင်းပါ။

အဓိကဇာတ်ကောင် ဖရန့်ကီကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး သာမန်လူလတ်တန်းစားဖြစ်ပေမဲ့

ကျောင်းစာကြိုးစားလို့ အဆင့်ကောင်းတွေပဲအမြဲ‌ရနေသူပေါ့။

အဲဒါအပြင် ဖရန့်ကီဟာ Limoux ဘော်ဒါကျောင်းရဲ့ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားခဲ့ရာမှာ

ဝင်ခွင့်ရရှိခဲ့ပါတယ်။

နိုင်ငံတကာက လူကုံထံ အထက်တန်းစား ထိပ်သီးမိဘတွေရဲ့ သမီးတွေချည်းပဲ တက်ရောက်ကြတဲ့

Limoux ကျောင်းကြီးဟာ ပညာသင်ဆုနဲ့ ဝင်ခွင့်ရခဲ့တဲ့ ဖရန့်ကီအတွက်တော့

အိပ်မက်ကျောင်းတော်ကြီးတစ်ခုလိုပါပဲ။

ဒါပေမဲ့ ဖရန့်ကီ အဲဒီကျောင်းကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကျောင်းသူတွေထဲက

ပျားဘုရင်မလို့တင်စားကြတဲ့ သူဌေးသမီးလေး တင်စလီက ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။

ဘော်ဒါ‌ကျောင်းရဲ့ ရာစုနှစ်နဲ့ချီတဲ့ သမိုင်းတစ်လျှောက်မှာ မတော်တဆမှုတစ်ခုတလေမှမဖြစ်ခဲ့ဖူးပါဘဲ

ကျောင်းသူသစ် ဖရန့်ကီရောက်လာမှ လူသေမှုဖြစ်တဲ့အခါ ဖရန့်ကီဟာ အားလုံးရဲ့

သံသယဝင်ခြင်းကိုခံရပါတော့တယ်။

အဲဒါအပြင် ဖရန့်ကီက စတိုးဆိုင်က‌ေန ပစ္စည်းအလစ်သုတ်ဖူးတဲ့ ပြစ်မှုဟောင်းလည်းရှိနေပြီး

အဖေဖြစ်သူကလည်း စိတ်ကျန်းမာရေးဆေးရုံတက်နေရတာဆိုတော့ ပိုလို့တောင်

သံသယဝင်ကြတော့ပေါ့။ ဒါပေမဲ့ တင်စလီရဲ့ သေဆုံးမှုတင် မကဘဲ နောက်ဆက်တွဲ

အမှုတွေပါ ဆက်ဖြစ်လာတဲ့အခါ ဖရန့်ကီကိုယ်တိုင် သူ့နည်းသူ့ဟန်နဲ့ အမှုမှန်ကိုဖော်ထုတ်ဖို့

ကြိုးပမ်းပါတော့တယ်။

ကဲ… ဒီတော့ လူသတ်တရားခံကဘယ်သူလဲ၊ Limoux ကျောင်းကြီးမှာ ဖြစ်ပျက်နေတဲ့

အမှုတွေကရော ထင်သလောက်ရိုးရှင်းပါ့မလား….

အမှုမှန်ကိုဖော်ထုတ်သွားနိုင်မလားဆိုတာတွေကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *