Category: Movies

  • League of Gods: The Fall of Sheng

    League of Gods: The Fall of Sheng

    League of Gods: The Fall of Sheng (2023) မိစ္ဆာမိဖုရားသာကျီဟာ ဧကရာဇ်ကျို့ကိုလုံးဝထိန်းချုပ်လိုက်ပြီး မိစ္ဆာဘုရင်ကြီးကိုအသက်သွင်းဖို့ ပြည်သူတွေကိုရက်ရက်စေခိုင်းပြီး သမင်စင်လုထိုင်ကိုအင်တိုက်အားတိုက် တည်ဆောက်ပါတော့တယ်။ သာကျီရဲ့လက်ပါးစေ ရှန်ကုန်းပေါက်က ရွှမ်ကျောက်တုံး(၅)ခုအနက် (၄)ခုကိုစုဆောင်းပြီး နောက်ဆုံးတစ်ခုသာလိုတော့ပါတယ်။ နောက်ဆုံးရွှမ်ကျောက်ဟာ ကျီချန်းရဲ့သား လေကျန့်ကျီဖြစ်နေပါတယ်။ လေကျန့်ကျီဟာ ငယ်ကတည်းက ကျုံးနန်တောင်မှာထားပြီး အဲဒီမှာပဲသင်ယူကြီးပြင်းလာခဲ့ရတယ်။ လေကျန့်ကျီဟာ ဆရာ့အမိန့်အရ ကျီချန်ကိုရှီးချီထိ စောင့်ရှောက်ပြီးလိုက်ပို့တဲ့အချိန်မှာ သူတို့သားအဖနှစ်ယောက်ဟာ အခက်အခဲတွေအများကြီးကြုံကြရပြီး လေးနက်တဲ့သားအဖေသံယောဇဉ်ကို ပြန်တည်ဆောက်နိုင်ရုံတင်မကပဲ တူညီတဲ့ရည်ရွယ်ချက်တစ်ခုရှိလာပါတယ်။ အဲဒါကတော့ ရက်စက်ပြီးတရားမရှိတဲ့ ဧကရာဇ်ကျို့နဲ့ သာကျီကိုတော်လှန်ပြီး ပြည်သူတွေကိုကပ်ဘေးကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်ကို လူ၊ နတ်၊ မိစ္ဆာစုံစုံလင်လင်နဲ့ ဝေဝေဆာဆာတင်ဆက်ထားတာကို အားပေးလိုက်ပါဦးနော်။

  • A Summer’s Tale

    A Summer’s Tale

    A Summer’s Tale (1996) Eric Romherရဲ့ Four Seasonsရုပ်ရှင်တွေဟာ ရာသီလေးခုနာမည်နဲ့ ရုပ်ရှင်တွေ‌ပေါ့။ လေးရာသီဇာတ်လမ်းပေါ့။ ကျွန်တော်‌တော့ အချစ်ရဲ့လေးရာသီဆိုတဲ့ နာမည်နဲ့ ပိုပနံသင့်မယ်လို့ထင်တယ်။ ဘဝကို ရာသီလေးခုနဲ့ ပိုင်းခြားကြတာတွေ ရှိတယ်။ ငယ်ရွယ်တဲ့ နွေဦး။ ပျိုမျစ်တဲ့နွေ။ သက်ငြိမ်စ ဆောင်းဦး။ နှောင်းတဲ့ဆောင်း။ စသလိုပေါ့။ Romherကတော့ အချစ်ကို လေးရာသီနဲ့ ပိုင်းခြားခဲ့တယ်။ ဆိုပေမဲ့ ဒီဇာတ်လမ်းလေးပုဒ်က အဆက်အစပ်တော့မရှိဘူး။ သီခြားစီပဲ။ တူညီတာကတော့ ဒီဇာတ်လမ်းလေးပုဒ်မှာ အရွယ်အမျိုးမျိုးမှာ ကျွန်တော်တို့ ကြုံရနိုင်တဲ့ အချစ်တွေကို ပြထားတယ်။ အချစ်ရဲ့လေးရာသီဆိုတဲ့နောက် အိုမင်းတဲ့ကာလတွေတော့ မပါဘူးပေါ့။ အချစ်ရဲ့ပြဿနာတွေကို အဓိကတင်ဆက်ပြတာဖြစ်တဲ့အတွက် အချစ်ရဲ့ပြဿနာတွေအရှိများသေးတဲ့ အရွယ်တွေပဲများတယ်။ Romherက အချစ်ရဲ့လေးရာသီကို တင်ဆက်ပြတဲ့နေရာမှာ ရိုမန့်တစ်ဆန်တဲ့အနေအထားကိုတော့ တွေ့ရမှာမဟုတ်ဘူး။ လက်တွေ့ကျသည်ထက် ကျအောင်ပဲ…

  • The Haunting 2

    The Haunting 2

    The Haunting 2 (2023) အလင်းကမ္ဘာရဲ့အမှောင်ထု အိမ်ယာမြေအကျိုးဆောင်က “ကျန်းရှို့”ဆိုသူဟာ “လီလိရာ”ဆိုသူကို’ရှောင်ယန်လုံ’လို့ခေါ်တဲ့နှစ်ထပ်အိမ်လေးတစ်လုံး ငှားပေးခဲ့ပါတယ်။ “လီလိရာ”ဟာ တိုက်ခန်းငှားပြီး မကြာခင်မှာပဲ စိတ်ကစဉ့်ကလျားဖြစ်ကြောင်းကြားပြီး သွားကြည့်ခဲ့ရာမှာ ကျိန်စာတိုက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတော့တယ်။ သို့သော်ရိုးရှင်းတဲ့ သာမာန်သေဆုံးမှုတော့ မဟုတ်ခဲ့ပါဘူး။ -ဒီနှစ်ထပ်အိမ်လေးနောက်ကွယ်မှာရော ဘယ်လိုရာဇဝင်တွေရှိနေမလဲ? အလင်းရောင်တံတိုင်းခြားထားတဲ့အမှောင်ထုကို သူတို့တွေဘယ်လိုရှာဖွေ‌သွားမလဲဆိုတာကို… “အလင်းကမ္ဘာရဲ့အမှောင်ထု”ဆိုတဲ့ ဒီရုပ်ရှင်ဇာတ်ကားလေးမှာ စိတ်ဝင်စားစွာနဲ့ ဖြစ်ရပ်တွေရဲ့သမိုင်းကြောင်းဇစ်မြစ်တွေကို ခန့်မှန်းရင်း ထိုင်းနိုင်ငံရဲ့အငွေ့အသက်တွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • Fraud Crackdown : Unknown Caller

    Fraud Crackdown : Unknown Caller

    Fraud Crackdown : Unknown Caller (2018) တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဒုစရိုက်သမားတွေအတွက် ဒုစရိုက်လုပ်ဖို့နည်းလမ်းတွေလည်း များလာပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဖုန်းနဲ့ လိမ်လည်မှုတွေကို အဓိကထားပြီး ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဖုန်းနဲ့လိမ်လည်တဲ့ ဒုစရိုက်အဖွဲ့ဝင် လေရှောင်ကျွင်းတစ်ယောက်မနက်စာသွားဝယ်နေတဲ့အချိန်မှာ ရဲတွေ အဖွဲ့ကို ဝင်ဖမ်းသွားတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး လွှတ်မြောက်သွားခဲ့ပါတယ်။ ထို့နောက် သူဟာနောက်ထပ် လူ ၂ ယောက်နဲ့ ပူးပေါင်းပြီး သူ့ကိုယ်သူ”ဆယ်သိန်းအရင်ရှာဖို့” ဆိုပြီး ဦးတည်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတဲ့ လေရှောင်ကျွင်းတစ်ယောက်ဟာသူနဲ့ပူးပေါင်းသူအားလုံး ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ လမ်းပျောက်နေတဲ့ လေရှောင်ကျွင်းတစ်ယောက် အန္တရာယ်တွေ ကြားထဲကညသန်ခေါင်အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီး “ဟုန်လုံ” ရဲ့ ကိရိယာတွေနဲ့ အချက်အလက်တွေကို ခိုးယူပြီး လိမ်လည်မှုလုပ်ငန်းကို ပြန်လည်ထူထောင်ချင်နေပါတယ်။ သူမသိတာက ပင်းဟိုင်ရဲ့ လိမ်လည်မှုဆန့်ကျင်ရေးရဲတပ်ဖွဲ့က လေရှောင်ကျွင်းရဲ့…

  • Twenty

    Twenty

    Twenty (2015) ၂၀၁၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Twenty ဆိုတဲ့ ဇာတ်ကားလေးဟာ အသက်၂၀ပြည့်တော့မယ့် ကျောင်းနေဖက်သူငယ်ချင်းသုံးယောက် သူတို့ဘဝကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ဆုံးဖြတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ ဟာသဒရမ်မာလေးပဲ ဖြစ်ပါတယ် .. ဒီကားလေးထဲမှာ‌တော့ တကယ့်ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေဖြစ်တဲ့ Kim Woo Bin၊ Lee Jun Ho၊ Kang Ha Neul၊ Jung So Min ၊ Lee Yoo Bi နဲ့ Min Hyo Rin တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ .. ချီဟို( Kim Woo Bin), ဒုံဝူ (Lee Jun Ho), ဂယောင်းဂျယ်(Hang Ha Neul)တို့ သုံးယောက်ဟာ…