Category: Movies
-

Akhanda-2 (2025)
Akhanda-2 (2025) အသက်လုပွဲ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Akhanda (ပထမကား) ဟာ အိန္ဒိယရုပ်ရှင်လောကမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါအပြီး ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အချိန်မှာ ပရိသတ်တွေကို ရုံထဲပြန်ခေါ်နိုင်ခဲ့တဲ့ ကားကြီးလည်း ဖြစ်ပါတယ်။ မင်းသားကြီး Nandamuri Balakrishna ရဲ့ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးနဲ့ ပထမဆုံး ရူပီး ၁၀၀ ကုဋေတန်းဝင်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ ဝိညာဉ်ရေးရာ အစဉ်အလာတွေကို ဖျက်ဆီးပြီး နိုင်ငံကို မငြိမ်မသက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ ပြည်ပရန်သူတွေနဲ့ ပြည်တွင်းက အဂတိလိုက်စားသူတွေကို ရင်ဆိုင်ရမှာပါ။ အထူးသဖြင့် Maha Kumbh Mela ပွဲတော်ကြီးအတွင်း ဇီဝလက်နက် (Bioweapon) သုံးပြီးတိုက်ခိုက်မယ့် အစီအစဉ်ကို တားဆီးဖို့ ကြိုးစားကြရမှာ…
-

The Informant
The Informant (2025) ဒီတစ်ခေါက်မှာတော့ Supporting Role အနေနဲ့ပဲ မြင်ရတာများတဲ့ Squid Game ထဲက မင်းသားကြီး Heo Sung-Tae နဲ့ Moving ထဲက မင်းသား Jo Bok-Rae တို့ကို အဓိက ဇာတ်လိုက်မင်းသားတွေအဖြစ် မြင်တွေ့ရမဲ့ ရုံတင်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ Main Cast နှစ်ဦးအပြင် Taxi Driver ထဲက တာဝန်ခံနှစ်ဦးဖြစ်တဲ့ Jang Hyuk-Jin နဲ့ Bae Yoo-Ram တို့ကိုလည်း တွဲဖက်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အိုနမ်ဟျော့ (Heo Sung-Tae) ဟာဆိုရင်တော့ ဖမ်းဆီးစစ်ဆင်ရေးတစ်ခု ကျရှုံးသွားပြီးနောက် ရာထူးချခံလိုက်ရတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး ဂျိုထယ်ဘုံး (Jo Bok-Rae)…
-

P77 (2025)
P77 (2025) လူးနားဟာ ပန်းနာရင်ကျပ်ရောဂါသည်မောင်လေးတစ်ယောက်ရဲ့အစ်မဖြစ်ပြီး ကြုံရာကျပမ်းအလုပ်လုပ်တဲ့မိခင်၊ အဆောင်လက်ဖွဲ့တွေကိုရောင်းတဲ့အဘွားတို့ကို ဆင်းရဲတွင်းက ခေါ်ထုတ်ပေးချင်တဲ့မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး အဲ့ဒီစိတ်ကူးအိမ်မက်တွေနဲ့အပျော်စီးခရီးသည်တင်သင်္ဘောဝန်ထမ်းဘ၀ကိုခံယူခဲ့တာပါ။ ဒါပေမယ့်လည်း ကံကြမ္မာအလှည့်အပြောင်းတွေကြောင့် ဖိလစ်ပိုင်ကိုအချိန်မတိုင်ခင်ပြန်ခဲ့ရချိန်မှာ P77 သို့မဟုတ် Penthouse 77 မှာသန့်ရှင်းရေးဝန်ထမ်းအဖြစ်အလုပ်ဝင်ခဲ့ရပါတယ်။ အလုပ်စဝင်တဲ့အချိန်မှာပဲ အိမ်ရှင်လင်မယားက ခရီးသွားစရာရှိလို့အိမ်စောင့်အဖြစ်ပါ သူ့ကို အခန်းအပ်ခဲ့ချိန်မှာတော့ ဇိမ်ခံတိုက်ခန်းကြီးကစည်းစိမ်တွေကို သူ့မောင်လေးကိုပါခံစားစေချင်လို့အတူခေါ်လာမိခဲ့ပြီး သူ့ဘ၀ရဲ့ပြင်မရတဲ့အမှားကိုကျူးလွန်မိခဲ့ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ P77 ဟာအမှောင်လျှို့ဝှက်ချက်တွေပြည့်နေတဲ့၊ လူတွေရဲ့စိတ်ကိုစိုးမိုးခြယ်လှယ်နိုင်တဲ့၊ ကြောက်စရာနေရာကြီးတစ်ခုဖြစ်နေလို့ပါပဲ။ P77 ဟာဟောလိဝုဒ်ကုမ္ပဏီတစ်ခုက ဒုတိယအကြိမ်ဖြန့်ချိခွင့်ရယူခဲ့တဲ့ GMA Pictures ထုတ်ဇာတ်ကားတစ်ကားဖြစ်ပြီး ခမ်းခမ်းနားနားရိုက်ကူးထားတဲ့ စလယ်ဆုံး ဆွဲဆောင်နိုင်တဲ့ Psychological Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
-

The Travellers
The Travellers (2025) ဒီရုပ်ရှင်ဟာ မိသားစုသံယောဇဉ်နဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေကို ရသစုံလင်စွာ တင်ဆက်ထားတဲ့ Drama အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အောင်မြင်ကျော်ကြားတဲ့ အော်ပရာဇာတ်ခုံဒီဇိုင်းပညာရှင် Stephen Seary ဟာ ဥရောပကနေ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဩစတေးလျနိုင်ငံက မြို့လေးတစ်မြို့ကို ပြန်လာခဲ့ပါတယ်။ အကြောင်းရင်းကတော့ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ဖို့ပါပဲ။ မွေးရပ်မြေမှာ ခဏတာပဲနေပြီး ပြန်ဖို့ ရည်ရွယ်ခဲ့ပေမဲ့၊ သူစိမ်းဆန်နေတဲ့ ဖခင်ဖြစ်သူနဲ့ ဆက်ဆံရေး၊ ငယ်သူငယ်ချင်းတွေ၊ ရည်းစားဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့မှုတွေကြားမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေနဲ့ အလွဲလေးတွေ ကြုံတွေ့ရပုံကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဆက်ဆံရေးတွေကြားက နက်ရှိုင်းတဲ့ ချစ်ခြင်း၊ နားလည်မှုလွဲခြင်းနဲ့ တာဝန်ဝတ္တရားတွေကို ရိုးရှင်းလှပစွာ ပုံဖော်ထားပါတယ်။ အထူးသဖြင့် မိသားစုနဲ့ ဝေးကွာနေသူတွေအတွက် မိမိတို့ရဲ့ အမြစ်တွယ်ရာ…
-

Baghban
Baghban (2003) “ကိုယ်တို့ သားသမီးတွေ အိမ်မက်တွေကိုဖြည့်စည်းရင်းနဲ့ ကိုယ်တို့အိမ်မက်တွေနဲ့ ဝေးကွာခဲ့ရတယ်” သားသမီးတွေရဲ့ ခါးခါးသီးသီးငြင်းပယ်ခံရမှုအပေါ်မှာ ဖခင်တစ်ယောက်ရဲ့ တုန့်ပြန်တဲ့စကား။ မိဘဆိုသည်မှာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သားသမီးတွေကိုတော့ ပြည့်စုံအောင်ထားချင်တာ သဘာဝပါပဲ။ “အဖေ မဆာလို့မစားတော့ဘူး” “အမေ့အတွက်မချန်နဲ့တော့နော်၊ အမေစားခဲ့ပြီးပြီ” ချိုမြိန်တဲ့ မုသားတွေအောက်က မျက်ရည်စတွေကို သားသမီးတွေမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ မိဘကတော့ အနစ်နာခံစမြဲပါ။ ဘယ်သူကလုပ်ခိုင်းလို့လဲဆိုတော့ ဘယ်သူမှ မလုပ်ခိုင်းပါဘူး။ အဖြေကတော့ မိဘဖြစ်နေလို့ပါပဲ။ သာမန် မိသားစုမိကြီးပြင်းလာတဲ့လူ၊ မပြည့်စုံတဲ့မိသားစုမှာ ကြီးပြင်းခဲ့ရသူတွေဆို ဒီလိုမျိုး ကိစ္စတွေကို အမြဲလိုလိုကြုံခဲ့ရပါလိမ့်မယ်။ ဒါတွေကိုငယ်စဉ်အခါတုန်းက မသိခဲ့ရပေမဲ့ အသက်အရွယ်တစ်ခုရလာတဲ့အချိန်မှာတော့ အားလုံးကိုနားလည်လာရပါတယ်။ ဒီလိုမျိုးနားလည်လာရတဲ့အချိန်မှာ မိဘတွေက အနားမှာရှိကောင်းလည်းရှိနေနိုင်တယ်။ ရှိချင်မှလည်းရှိလိမ့်မယ်။ အရာအားလုံးနောက်မကျသွားခင်တော့ မိဘဟာမိဘပဲဆိုတာ ဒီရုပ်ရှင်ကအကောင်းဆုံးချပြသွားပါတယ်။ ဇာတ်ညွှန်း မယ်လ်ဟိုတာ ဆိုတာ သာမန်လခစားဝန်ထမ်းတစ်ယောက်ပါ။…