Category: Movies

  • A Very Merry Cherry Christmas

    A Very Merry Cherry Christmas

    A Very Merry Cherry Christmas (2025) Very Merry Mystery” (2025) ရုပ်ရှင်ဟာ ခရစ္စမတ်အကြိုကာလတွင် ဖြစ်ပွားသည့် လျှို့ဝှက်ဆန်းကြယ်တဲ့အမှုဖော်ထုတ်ခြင်း အမျိုးအစား ဇာတ်ကားလေးဖြစ်ပါတယ်။ ခရစ္စမတ်ရဲ့အငွေ့အသက်နှင့်အတူ မြို့ငယ်လေးတစ်ခုအတွင်းရှိ လူများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြသသွားသည့် စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီးအေးဆေး အပန်းဖြေအနားယူနိုင်ဖို့ အတွက်စိတ်ဝင်စားစရာကောင်းသောဇာတ်ကားလေး တစ်ကားကို ကြည့်ရှုခြင်တယ်ဆိုရင်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ

  • No Sleep Till

    No Sleep Till

    No Sleep Till (2025) ဒီဇာတ်ကားလေးကတော့ ဆွတ်ပျံ့ကြည်နူးစရာကောင်းပြီး နေ့စဉ်ဓူဝ တစ်ဝမ်းတခါး ရုန်းကန်လှုပ်ရှားနေရင်း ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့ မေ့နေတဲ့သူတွေအတွက် အတွေးပေါက်စရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ဖလော်ရီဒါကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်လာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းထွက်ခွာနေရတဲ့အခြေအနေနဲ့ ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ခရီးသွားတွေလည်း ပြန်ကုန်ကြပြီး ဒေသခံအများစုကလည်း ဘေးလွတ်ရာ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီ မုန်တိုင်းရှောင်ဖို့ တာဆူနေချိန်မှာ မုန်တိုင်းကိုမမှုပဲ အဲဒီမှာပဲ ဆက်နေကြဖို့ ဆုံးဖြတ်လိုက်တဲ့ လူတချို့နဲ့ သူတို့ရဲ့ ရှုထောင့်တွေကို တစ်လှည့်စီ ရိုက်ပြထားတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်လို့ ဒီလိုနှစ်ကုန်ခါနီးမှာ အချိန်ပေးပြီး ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

  • A Wild West Christmas

    A Wild West Christmas

    A Wild West Christmas (2025) ဒီရုပ်ရှင်က ရိုးရှင်းတဲ့ ခရစ္စမတ် အချစ်ဇာတ်လမ်းပုံစံတွေထဲကနေ ခွဲထွက်ပြီး အနည်းငယ်ဆန်းသစ်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ သမင်အုပ်တွေအစား မြင်းကိုစီးပြီး စကိတ်ကိုတွဲစီးရတဲ့ စိတ်လှုပ်ရှားစရာ skijoring အားကစားနည်းကို အဓိကထား တင်ဆက်ထားလို့ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကလေးထိန်းတစ်ယောက် (Nathalie Hall) အားလပ်ရက်မှာ မွေးရပ်မြေကို ပြန်လာရင်း မမျှော်လင့်ဘဲ အချစ်စစ်နဲ့ ကြုံတွေ့ရပုံကို ရိုက်ကူးထားပါတယ်။ မြို့ငယ်လေးရဲ့ နွေးထွေးမှုတွေပါဝင်ပြီး အနောက်ပိုင်း (Western) ကောင်းဘွိုင် အငွေ့အသက်တွေနဲ့ အက်ရှင်ဆန်တဲ့ ဆောင်းရာသီ အားကစားတွေ ပေါင်းစပ်ထားတာကြောင့် သာမန် ခရစ္စမတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားနေပါတယ်။ မင်းသမီး Hall နဲ့ မင်းသား Joey Scarpellino တို့ရဲ့ လိုက်ဖက်မှုကလည်း ဇာတ်ကားကို…

  • Bound By a Promise

    Bound By a Promise

    Bound By a Promise (2025) ရွှေထက်တန်ဖိုးကြီးတဲ့ ယောက်ျားကတိ…… မိသားစုနဲ့ဂုဏ်သိက္ခာအတွက် ဓားတစ်လက်နဲ့ ယုံကြည်ချက်တစ်ခုကိုစောင့်ထိန်းရင်း စစ်ပြန်ကြီးတစ်ယောက်ဟာ ကတိစကားတစ်ခုကို အသက်နဲ့လဲပြီးကာကွယ်ဖို့အတွက် ကျိုလုံမြို့ကနေနန်းတွင်းရဲ့အရေးကြီးတရားခံကို ပို့ဆောင်ဖို့ ပိုင်မာစခန်းဆီကိုသွားခဲ့တယ်။ အသက်ကိုစွန့်ပြီးသွားရတဲ့ဒီခရီးလမ်းမှာ ခြေတစ်လှမ်းတိုင်းမှာအန္တရာယ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ လွတ်လမ်းမရှိတော့တဲ့အခြေအနေမှာ သူဟာ နောက်ဆုံးပွဲအနေနဲ့ရန်သူတွေဝိုင်းနေပေမဲ့လည်း ပေးထားတဲ့ကတိကိုအလေးထားပြီး ဒီဝိုင်းရံထားတဲ့အခြေအနေကနေ ဘယ်လိုဖောက်ထွက်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

  • Kung Fu Lady Boss

    Kung Fu Lady Boss

    Kung Fu Lady Boss (2025) ဒီဇာတ်ကားကတော့ ကိုယ်ခံပညာ အခြေခံ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး၊ အမွေအနှစ် ထိန်းသိမ်းရေးနဲ့ မိသားစု လျှို့ဝှက်ချက်တွေကို ရင်ခုန်စရာကောင်းအောင် ပုံဖော်ထားတာပါချင်းချင်း ဆိုတဲ့ အမျိုးသမီး။ သူဟာ တစ်ချိန်က “ဝူလုံဂိုဏ်း” ရဲ့ ခေါင်းဆောင်ဟောင်းရဲ့ မြေးမလေးပဲ အခုတော့ သူဟာ ဝူလုံဂိုဏ်းရဲ့ အမွေဆက်ခံသူဖြစ်လာရာက ဇာတ်လမ်းစခဲ့တာပါ အခြေအနေက ဘာလဲဆိုတော့… ဝူလုံဂိုဏ်းဟာ အစဉ်အလာအရ ခေါင်းဆောင်သစ် ရွေးချယ်တဲ့အခါ “ထိုင်ခုံမှူး” (သို့မဟုတ် ခေါင်းဆောင်) ကို သုံးနှစ်တစ်ကြိမ် ရွေးကောက်လေ့ရှိပေမဲ့ တချို့နေရာတွေမှာ မိသားစု အမွေဆက်ခံခြင်းမျိုးလည်း ရှိတယ် .. ချင်းချင်း က သူ့အဖေဆုံးသွားတဲ့အတွက် သူ့အဖေနေရာကို ဆက်ခံဖို့ဖြစ်လာတာပေါ့ တစ်ချိန်တည်းမှာ ဒုတိယအကြီးအကဲနဲ့ တတိယအကြီးအကဲတို့လည်း ပြိုင်ဖက်အနေနဲ့ ရှိနေသေးတာပေါ့..…