Category: Movies
-

Boys Go to Jupiter
Boys Go to Jupiter (2025) ဒီဇာတ်လမ်းလေးကတော့ Animation ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီထဲမှာ ဘီလီဆိုတဲ့ကောင်လေးတစ်ယောက် ရှိပါတယ်။ ပုံမှန်ဆိုရင်တော့ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး လည်ပတ်ပြီးတော့ လူငယ်တွေလိုပဲ အချိန်ဖြုန်းလေ့ရှိပါတယ်။ ဒါပေမဲ့ အသက်၁၆နှစ်ပြည့်ပြီးချိန်ကစလို့ သူဟာ သူ့အစ်မရဲ့ ဂိုထောင်ထဲမှာနေပြီးတော့ အစားအသောက် ပို့တဲ့အလုပ်နဲ့ ပိုက်ဆံရှာပါတော့တယ်။ သူ့အစ်မက ကျောင်းထားထားပေးပေမဲ့ သူကတော့ ကျောင်းမတက်တော့ဘဲ အလုပ်ကိုပဲလုပ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ပစ္စည်းလိုက်ပို့ရင်း ထူးဆန်းတဲ့ သတ္တဝါလေးတစ်ကောင်ကို မတော်တဆ ခေါ်ထားလိုက်မိပါတော့တယ်။ သူမသိတာကတော့ နာမည်ကြီးအချိုရည်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက အဲဒီအကောင်လေးကို အငမ်းမရလိုချင်နေတယ်ဆိုတာပါပဲ။ အဲဒီထူးဆန်းတဲ့ သတ္တဝါလေးက ဘယ်လိုအစွမ်းတွေရှိမလဲ? ဘာဖြစ်လို့ အချိုရည်ကုမ္ပဏီက သူ့ကိုလိုချင်နေတာလဲ?ဆိုတာနဲ့ အဲဒီသတ္တဝါလေးက ဘီလီကို ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
-

Dog Patrol: Operation Santa Paws
Dog Patrol: Operation Santa Paws (2025) Samuel လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်နဲ့ သူရဲ့ သစ္စာရှိတဲ့ ခွေးမလေး Athena တို့ဟာ မြို့ရဲ့ ခရစ္စမတ်အားလပ်ရက်ကို ကယ်တင်ဖို့ စွန့်စားခန်း တစ်ခုကို စတင်ခဲ့ရပါတယ်။ ဇာတ်လမ်းကတော့ Samuel မိသားစုပိုင် ကစားစရာဆိုင် အတွင်းမှာ သူခိုးကြီးတစ်ဦး ခိုးယူထားတဲ့ လျှို့ဝှက်ရတနာတွေကို ဝှက်ထားခဲ့ရာက စတင်ခဲ့ပါတယ်။ အဲဒီရတနာတွေကို ရှာနေတဲ့ လူဆိုးအဖွဲ့ တစ်ဖွဲ့က မြို့ထဲကို ရောက်လာပြီး ခရစ္စမတ်ပွဲတော်ကိုပါ အနှောင့်အယှက်ပေးလာပါတော့တယ်။ Samuel, Athenaနဲ့ သူငယ်ချင်းတွေက မူလသူခိုးချန်ထားခဲ့တဲ့ ပဟေဠိတွေ ကို အဖြေရှာရင်း ရတနာတွေကိုရှာဖွေဖို့ စွန့်စားပါတော့တယ်။ စွန့်စားမှုမှာ လုံခြုံရေးမှူး Jacobs ကလည်း ကူညီပေးခဲ့ပါတယ်။ နောက်ဆုံးမှာ သူတို့ဟာ အန္တရာယ်ရှိတဲ့…
-

Only the Brave
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁၇ ခုနှစ်ထွက် Rating 7.6 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။ Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။ Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။ အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။ Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။
-

Shaunki Sardar
Shaunki Sardar (2025) “ဂုဏ်ယူဝံ့ကြွား ပန်ချီပီသား” ညီအစ်ကိုတွေကြားက သံယောဇဉ်ချစ်ခြင်းမေတ္တာကို ဖွဲ့ကျူးပုံဖော်ထားပြီး ပန်ချာပီတေးဂီတကို ဖော်ကျူးထားတဲ့ ပန်ချာပီအိန္ဒိယမိသားစုရုပ်ရှင်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ကာရမ်။ တဝမ်းကွဲ အစ်ကိုဖြစ်သူကတော့ လေးနက်တည်ကြည်ပြီး ပြဿနာအားလုံးကို ဦးဆောင်ဖြေရှင်းတတ်တဲ့ ပန်ဂျပ်ရဲတစ်ဖွဲ့ဝင်တစ်ယောက်။ ဒါပေမဲ့လည်း ညီကိုအရင်းသဖွယ် ချစ်ကြတဲ့ သူတို့နှစ်ယောက်ကြားမှာ ညီကိုအရင်းတွေဖြစ်တဲ့ သူတို့အဖေတွေကြားက ပြဿနာမီးတောက်က ကြားဝင်လောင်မြိုက်တဲ့အခါ။ အစ်ကိုဖြစ်သူ ရဲတပ်ဖွဲ့ဝင်နဲ့ ရန်ငြိုးရန်စရှိသူက ကာရမ့်ကိုအသုံးချပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့အခါမှာတော့…။
-

Criminal
Criminal (2016) မင်းသားကြီး Kevin Costner ရဲ့ ဇာတ်ကြမ်းကားပါ။ IMDb (6.3/10) ရရှိထားပါတယ်။ ဓါတ်ပူးမင်းသား Ryan Reynolds ဟာ CIA အေးဂျင့်တစ်ယောက်ပါ။ ကမ္ဘာနဲ့ချီ ဒုက္ခရောက်မယ့် ကိစ္စတစ်ခုမှာ ဝင်ရောက်ကယ်တင်ရင်း မအောင်မြင်ဘဲ ဂန့်သွားပါတယ်။ အဲ့ဒီမပြီးပြတ်သေးတဲ့ကိစ္စကို ဆက်လက်ဆောင်ရွက်ဖို့ သူ့ရဲ့ဦးနှောက်ထဲက မှတ်ဉာဏ်တွေကို လူကြမ်းကြီး Kevin Costner ထဲကို ကော်ပီကူး ရွှေ့ပြောင်းပါတယ်။ အဲ့ဒီထူးဆန်းတဲ့ကိစ္စကြီးအောင်မြင်သွားမလား? ကမ္ဘာနဲ့ချီဒုက္ခရောက်မယ့်ကိစ္စကြီးရော အောင်မြင်သွားမလား? လူကြမ်းကြီးရဲ့နှလုံးသားရော နူးညံ့သွားမလားဆိုတာ ရင်တမမကြည့်ရှုရမှာပါ။ Spoil လုပ်ရရင် လူကြမ်းကြီးရဲ့ နှလုံးသားကတော့မင်းသမီး Gal Gadot (Wonder Woman ) ကြောင့် သေချာပေါက် အရည်ပျော်သွားဖို့ရှိနေပါတယ်…:P ။