Boys Go to Jupiter

Boys Go to Jupiter (2025)

ဒီဇာတ်လမ်းလေးကတော့ Animation ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

ဒီထဲမှာ ဘီလီဆိုတဲ့ကောင်လေးတစ်ယောက် ရှိပါတယ်။

ပုံမှန်ဆိုရင်တော့ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး လည်ပတ်ပြီးတော့ လူငယ်တွေလိုပဲ အချိန်ဖြုန်းလေ့ရှိပါတယ်။

ဒါပေမဲ့ အသက်၁၆နှစ်ပြည့်ပြီးချိန်ကစလို့ သူဟာ သူ့အစ်မရဲ့ ဂိုထောင်ထဲမှာနေပြီးတော့ အစားအသောက် ပို့တဲ့အလုပ်နဲ့ ပိုက်ဆံရှာပါတော့တယ်။

သူ့အစ်မက ကျောင်းထားထားပေးပေမဲ့ သူကတော့ ကျောင်းမတက်တော့ဘဲ အလုပ်ကိုပဲလုပ်နေတာဖြစ်ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ပစ္စည်းလိုက်ပို့ရင်း ထူးဆန်းတဲ့ သတ္တဝါလေးတစ်ကောင်ကို မတော်တဆ ခေါ်ထားလိုက်မိပါတော့တယ်။

သူမသိတာကတော့ နာမည်ကြီးအချိုရည်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက အဲဒီအကောင်လေးကို အငမ်းမရလိုချင်နေတယ်ဆိုတာပါပဲ။

အဲဒီထူးဆန်းတဲ့ သတ္တဝါလေးက ဘယ်လိုအစွမ်းတွေရှိမလဲ?

ဘာဖြစ်လို့ အချိုရည်ကုမ္ပဏီက သူ့ကိုလိုချင်နေတာလဲ?ဆိုတာနဲ့ အဲဒီသတ္တဝါလေးက ဘီလီကို ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *