Category: Movies
-

The Five
The Five (2013) ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ Action, Thriller အမျိုးအစားမူဗီတစ်ခုပဲ ဖြစ်ပါတယ် .. ဒီမူဗီထဲမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Ma Dong Seok, Scent of the Woman/ My Lovely Sam Soon စတဲ့ဇာတ်ကားတွေက မင်းသမီး Kim Sun Ah၊ Pent House ဇာတ်ကားမှာ Support Role အနေနဲ့ပါဝင်ခဲ့တဲ့မင်းသား Ohn Joo Wan၊ Shin Jung Keun၊ Jung In Kiနဲ့ Lee Chung Ah တို့ အဓိက ပါဝင်ထားပါတယ်။ အွန်းအာဟာ ခင်ပွန်း၊ သမီးဖြစ်သူတို့နဲ့ ဘဝကို…
-

The Lost Princess
The Lost Princess (2025) ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေ ပြည့်စုံနေတဲ့ အမေရိကန်ဘီလျံနာတစ်ဦးဖြစ်တဲ့အာလတ်ဟာ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေရင်း သူ့ရဲ့ ခရီးစတင်ခဲ့ပါတယ်။ တခြားသူတွေနဲ့ မတူဘဲ သူက “Ayahuasca”လို့ခေါ်တဲ့ စိတ်အာရုံကို လှုံ့ဆော်ပေးတဲ့ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတစ်ခုကနေတစ်ဆင့် အဖြေကို ရှာဖွေခဲ့ပါတယ်။ ဒီအတွေ့အကြုံကြောင့် သူ့ရဲ့စိတ်အာရုံထဲမှာ ကြီးကျယ်ခမ်းနားပြီး တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ မော်ရိုကိုနိုင်ငံက ရှေးဟောင်းနန်းတော်ကြီးတစ်ခု ပေါ်လာခဲ့တယ်။ ထူးဆန်းတဲ့ အတိတ်နိမိတ်တွေရဲ့ လမ်းညွှန်မှုနဲ့အတူ သူဟာ အဲဒီနန်းတော်ကြီးဆီ ခရီးထွက်ခဲ့ပါတယ်…… ဒီဇာတ်ကားဟာ အချစ်၊ စွန့်စားခန်းနဲ့ သမိုင်းကြောင်းဆိုင်ရာ စူးစမ်းရှာဖွေမှုတွေနဲ့ ထူးဆန်းတဲ့ စိတ်ကူးယဉ်ဆန်မှုတွေကို ပေါင်းစပ်ထားတဲ့ဇာတ်ကားဖြစ်တာမို့လို့ ပရိတ်သက်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်…..
-

Porcelain
Porcelain (2024) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုအမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။ အယ်လိစ် နဲ့ ကေလက်ဘ် တို့ သမီးရည်းစားဆီကို မနက်ခင်းတစ်ခုမှာ အယ်လိစ်အဖေ ဆုံးပါးသွားတဲ့အကြောင်း မမျှော်လင့်ထားတဲ့ သတင်းတစ်ခုရောက်လာခဲ့ပါတယ်။ အယ်လိစ်တို့ စုံတွဲလည်း လုပ်စရာရှိတာတွေကို ထားခဲ့ပြီးတော့ အယ်လိစ်ရဲ့ ဇာတိနယ်မြို့လေးဆီ ပြန်ခဲ့ရပါတော့တယ်။ အယ်လိစ်က ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူရဲ့ နှိပ်စက်မှုကြောင့် စိတ်ဒဏ်ရာရကာ ကုသမှုခံယူနေရသူပါ။ နယ်မြို့လေးဆီပြန်ရောက်တဲ့အခါ အတိတ်က အမှတ်တရတွေ ပြန်ပေါ်လာပြီး စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်လာစေပါတော့တယ်။ အယ်လိစ်အဖေ ချန်ထားခဲ့တဲ့အိမ်ထဲမှာနေထိုင်ရင်း မမြင်အပ်တာတွေကိုပါ မြင်လာရတဲ့အခါမှာ … ဒီအိမ်ကြီးထဲမှာ တကယ်ပဲ မကောင်းတဲ့အရာတွေရှိနေတာလား…. အယ်လိစ်ရဲ့ အတိတ်ဆိုးကြောင့် ထင်ယောင်ထင်မှားမှုတွေဖြစ်နေခဲ့တာလား ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ရှုစားရမှာဖြစ်ပါတယ်။
-

In Your Dreams
In Your Dreams (2025) အိပ်မက်ကောင်းလေးတွေဆိုရင် တကယ်ဖြစ်လာဖို လူတော်တော်များများ ငယ်ငယ်ကဆုတောင်းဖူးကြမယ် ထင်ပါတယ်။ ဒီအန်နီမေးရှင်းဇာတ်လမ်းလေးထဲမှာလည်း စတီဗီနဲ့ အဲလိယတ်တို မောင်နှမနှစ်ယောက်ဟာ အဲဒီလိုဆုတောင်းရင်း သူတိုရဲ့အိပ်မက်တွေဆီ ခြေဆန့်ပြီး စွန့်စားခန်းခရီးဖွင့်ခဲ့ကြတာကို ပုံဖော်ထားပါတယ်။ အစပိုင်းမှာတော့ အဖေရယ် အမေရယ် စတီဗီရယ် သူ့မောင်လေးအဲလိယတ်ရယ်ဟာ သိပ်ပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခုပေါ့။ တစ်နေ့မှာတော့ မိဘတွေရဲ့အလုပ်အကိုင်ကြောင့် မိသားစု တစ်ကွဲစီနေရတော့မလို အခြေအနေဖြစ်လာခဲ့ပါတယ်။ အဲဒီအကြောင်းကို မထင်မှတ်ဘဲကြားလိုက်ရတဲ့ စတီဗီဟာ မိသားစုလေးမပြိုကွဲရေးဆိုတဲ့ သူ့အိပ်မက်ကို တကယ်ဖြစ်လာအောင်လုပ်ဖို ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ အိပ်မက်မြိုတော်က အိပ်မက်ဖန်တီးသူဆီအရောက်သွားကြမဲ့ စတီဗီနဲ့အဲလိယတ်တိုရဲ့ စွန့်စားခရီးဟာ ဘယ်လိုဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရမလဲ၊ စတီဗီရဲ့အိပ်မက် တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ ပျော်ပျော်ပါးပါး စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
-

Diesel
Diesel (2025) ဒီတစ်ခါမှာတော့ မင်းသား Harish Kalyanရဲ့ နောက်ထပ် အကြမ်းစားဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အစိုးရစီမံကိန်းကြောင့်နဲ့ ချန်နိုင်းဆိပ်ကမ်းကနေ အင်နိုးအထိ ၁၇ ကီလိုမီတာရှည်တဲ့ ပိုက်လိုင်းကြီးကို တည်ဆောက်ဖို လုပ်ဆောင်ပါတော့တယ်။ ဒီစီမံကိန်းကြောင့်မလို ငါးဖမ်းရွာပေါင်း လေးဆယ်လောက်ထိ ထိခိုက်နစ်နာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ပိုက်လိုင်းကြီးတည်ဆောက်ထားတာဖြစ်လို သင်္ဘောတွေ လှေတွေ ပင်လယ်ထဲချလိုမရတဲ့အတွက် ငါးဖမ်းပြီး လုပ်ကိုင်စားသောက်ရတဲ့ရွာတွေအကုန် ဒုက္ခရောက်ကြတာပေါ့။ ဒီအတွက်နဲ့ မခံနိုင်တဲ့လူထုဟာ ဆန္ဒပြ ပုန်ကန်ကြတဲ့အခါမှာတော့ ရဲတွေဟာ ပစ်သတ်တဲ့အထိ လုပ်ခဲ့တဲ့အတွက် ဆန္ဒပြတဲ့သူတွေဟာလည်း နောက်ဆုတ်ခဲ့ကြရပါတော့တယ်။ ဒီလိုနဲ့ နေလာရင်း အစိုးရလုပ်ထားတဲ့ ပိုက်လိုင်းကြီးဟာ ရေနံစိမ်းတွေ သယ်ပိုတဲ့ ပိုက်လိုင်းကြီးဖြစ်တာကို မာနိုဟာရန်ဆိုသူဟာ သိရှိလိုသွားခဲ့ပါတယ်။ ဒီအခါမှာတော့ သူတိုအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပိတ်ပင်စေခဲ့တဲ့ ဒီပိုက်လိုင်းကြီးကနေ ရေနံစိမ်းတွေ ခိုးထုတ်ပြီး ဒုက္ခရောက်နေတဲ့…