In Your Dreams

In Your Dreams

In Your Dreams (2025)

အိပ်မက်ကောင်းလေးတွေဆိုရင် တကယ်ဖြစ်လာဖို လူတော်တော်များများ ငယ်ငယ်ကဆုတောင်းဖူးကြမယ် ထင်ပါတယ်။

ဒီအန်နီမေးရှင်းဇာတ်လမ်းလေးထဲမှာလည်း စတီဗီနဲ့ အဲလိယတ်တို မောင်နှမနှစ်ယောက်ဟာ အဲဒီလိုဆုတောင်းရင်း သူတိုရဲ့အိပ်မက်တွေဆီ ခြေဆန့်ပြီး စွန့်စားခန်းခရီးဖွင့်ခဲ့ကြတာကို ပုံဖော်ထားပါတယ်။

အစပိုင်းမှာတော့ အဖေရယ် အမေရယ် စတီဗီရယ် သူ့မောင်လေးအဲလိယတ်ရယ်ဟာ သိပ်ပျော်စရာကောင်းတဲ့ မိသားစုလေးတစ်ခုပေါ့။

တစ်နေ့မှာတော့ မိဘတွေရဲ့အလုပ်အကိုင်ကြောင့် မိသားစု တစ်ကွဲစီနေရတော့မလို အခြေအနေဖြစ်လာခဲ့ပါတယ်။ အဲဒီအကြောင်းကို မထင်မှတ်ဘဲကြားလိုက်ရတဲ့ စတီဗီဟာ မိသားစုလေးမပြိုကွဲရေးဆိုတဲ့ သူ့အိပ်မက်ကို တကယ်ဖြစ်လာအောင်လုပ်ဖို ကြိုးစားပါတော့တယ်။

ဒီလိုနဲ့ အိပ်မက်မြိုတော်က အိပ်မက်ဖန်တီးသူဆီအရောက်သွားကြမဲ့ စတီဗီနဲ့အဲလိယတ်တိုရဲ့ စွန့်စားခရီးဟာ ဘယ်လိုဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရမလဲ၊

စတီဗီရဲ့အိပ်မက် တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ ပျော်ပျော်ပါးပါး စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *