Category: Movies

  • Stream

    Stream

    Stream (2024) (သွေးထွက်သံယိုအခန်းများနှင့်အဖော်အချွတ်အခန်းတချို့ ပါဝင်သောကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော့ပါ။) ဒီဇာတ်ကားလေးကတော့ မိသားစုတစ်စု သံယောဇဉ်ပိုတိုးအောင် ခရီးတစ်ခုထွက်ရင်း ဟိုတယ်တစ်ခုကို တည်းရာကနေ သွေးသံရဲရဲ အန္တရာယ်တောထဲ ရောက်တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း ကီနန်မိသားစုမှာ သားဖြစ်သူနဲ့ သမီးဖြစ်သူက ဆယ်ကျော်သက်အရွယ်ရောက်လာပြီး ဖုန်းတွေ ဂိမ်းတွေ စွဲလာကြတဲ့အတွက် သူတို့မိသားစုလေးက အရင်လို သိုက်သိုက်ဝန်းဝန်းမရှိတော့ပဲ သူ့အခန်း ကိုယ့်အခန်းမှာ ဖုန်းကိုယ်စီနဲ့ တကွဲတပြားဖြစ်လာပါတော့တယ်။ ဒါကို လက်မခံနိုင်တဲ့ ကီနန်တို့လင်မယားဟာ သားနဲ့ သမီးကို ခေါ်ပြီး အပန်းဖြေခရီးထွက်ကာ ဒီခရီးမှာ အရင်လို သံယောဇဉ်တိုးပြီး ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်လာအောင် ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ သူတို့တည်းရမဲ့ဟိုတယ်ရောက်သွားတဲ့အခါ ဟိုတယ်က ပြုပြင်ထိန်းသိမ်းရေးလုပ်နေလို့ ဝိုင်ဖိုင်မရသေးဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ဟိုတယ်ရဲ့ နေရာတိုင်းမှာ ကွာလတီအကောင်းစား စီစီတီဗွီကင်မရာတွေကို…

  • No Tears in Hell

    No Tears in Hell

    No Tears in Hell (2025) ကြမ်းပေ့ရမ်းပေ့ဆိုမှ ကြိုက်တဲ့သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝကို ရက်စက်လွန်းပြီး အသည်းမခိုင်ရင်တော့ ကျော်သွားလိုရပါပြီ။ တစ်ကားလုံး သွေးသံရဲရဲနဲ့ ကြောက်ဖိုကောင်းလွန်းပြီး လက်တွေ့ဘဝမှာရော ဖြစ်နိုင်ရဲ့လားဆိုတာ မေးခွန်းထုတ်ချင်နေကြပါလိမ့်မယ်။ တချို့ တချို့ နိုင်ငံတွေမှာ ဒါမျိုးတွေ အမှုတွေ ဖြစ်နေပြီး ဟိုအရင်ကတည်းက Psychopath တွေရှိခဲ့တာပါ။ အရမ်းကို ဆိုးဝါးလွန်းလို အမှုတွေကို အပြင်မထုတ်တာပဲ ရှိပါတယ်။ Dark Web တွေမှာ ဒါမျိုးတွေ မတွေ့ချင်မှအဆုံးရှိပြီး ဒီဇာတ်လမ်းကတော့ တော်ရုံအသည်းမာပုံနဲ့ မကြည့်သင့်ပါဘူး။ R-rated ကိုမှ အကြမ်းစားဖြစ်ပြီး အကျင့်မရှိတဲ့သူဆိုရင် လန့်ဖျားပါ ဖျားသွားလောက်ပါတယ်။ ဇာတ်လမ်းအကျဉ်း စိတ္တဇကောင်လေး အသက် ၂၀ ကျော် အဲလက်စ်… သူစိတ္တဇဖြစ်တာက…

  • Mrs. Christmas

    Mrs. Christmas

    Mrs. Christmas (2025) Natale Senza Babbo (2025) ဆိုတဲ့ ဇာတ်ကားလေးကတော့ Comedy, Family, Fantasy အမျိုးအစားဖြစ်ပြီး ခရစ်စမတ်နဲ့မိသားစုအကြောင်း ဇာတ်လမ်းလေးတစ်မျိုးနဲ့ရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် ။ ဒီကားက ဆန်တာကလော့စ်ဆိုတာဟာ အမြဲတမ်းပျော်ရွှင်ပြီးတာဝန်ထမ်းဆောင်ရမယ့်သူတစ်ယောက်ပဲလို့ တွေးနေကြသူတွေအတွက် တစ်မျိုးဆန်းသစ်ထားတဲ့ကားလေးမလို့ စိတ်ကူးယဥ်ရတာလေးသဘောကျတဲ့သူတွေတော့ကြည့်လိုက်ကြပါဗျာ။ ဇာတ်လမ်းအကျဥ်း နီကိုလပ်စ်လို့ခေါ်တဲ့ သူဟာ စိတ်တူကိုယ်တိုမိန်းမရယ် ကလေး ၂ ယောက်နဲ့ ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ ဆန်တာကလော့စ်မျိုးဆက်ရဲ့ ၁၆ ဆက်မြောက်အဖြစ်ရွေးချယ်ခံလိုက်ရပြီးနောက် မှော်ကမ္ဘာရဲ့စည်းမျဥ်းအရ ဆန်တာကလော့စ်ဟာ မိန်းမယူလို့မရတာမလို့ သူတို့မိသားစုလေးဟာ သာမန်ဘဝနဲ့မနေရတော့ဘဲသိုသိုသိပ်သိပ်နေခဲ့ရပြီး သူ့မိန်းမကလည်း ဆန်တာကလော့စ်ရဲ့ အကြီးအကဲအထောက်အကူအဖြစ် နေရာယူလိုက်ရပါတော့တယ်။ ဒီလိုနဲ့နီကိုလပ်စ်ဟာ သူ့အခုဘဝအခြေအနေကိုမေးခွန်းပြန်ထုတ်လာပြီး အရင်ကမိသားစုဘဝကိုလွမ်းလာတာမလို့ ဘဝရဲ့အဓိပ္ပာယ်ကိုရှာဖွေဖို့အတွက် အပန်းဖြေခရီးထွက်သွားပါတော့တယ်။ သူထွက်သွားတဲ့အချိန်က ခရစ္စမတ်နဲ့ တော်တော်လေးနီးကပ်နေတဲ့အချိန်ဖြစ်တာမလို့…

  • Xeno

    Xeno

    Xeno (2025) ဒီရုပ်ရှင်လေးကတော့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်နဲ့ ကြောက်စရာဂြိုလ်သားသတ္တဝါတစ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ထားတဲ့ အမေရိကန် Sci-fi ,Thriller, Mystery အမျိုးအစားဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရန်နေးလို့ခေါ်တဲ့ ဆယ်ကျော်သက် ကောင်မလေးဟာ သူ့ရဲ့ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူ လင်ဒါနဲ့ အရက်သောက်ပြီးကြမ်းတမ်းတတ်တဲ့ မိခင်ဖြစ်သူရဲ့ ရည်းစား ချေ့စ် တို့ရဲ့ ဖိအားပေးမှုများအောက်တွင် နေထိုင်နေရသူပဲဖြစ်ပါတယ်။ တစ်ညမှာတော့ သူဟာ ကန္တာရထဲကို စိတ်ပြေလက်ပျောက်ထွက်လာရင်း ဂြိုလ်သားသတ္တဝါတစ်ကောင် ထောက်ချောက်ထဲမှာ ပိတ်မိနေတာကို မမျှော်လင့်ပဲ တွေ့ရှိခဲ့ပါတယ်။ ထိုသတ္တဝါကို ရန်နေးတစ်ယောက် သူ့ရဲ့စိတ်ထားကြောင့် ထောင်ချောက်မှလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီသတ္တဝါကြီးနဲ့ ရန်နေးတို့ရဲ့ကြားထဲနှာ နှောင်ကြိုးလေးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။ ရန်နေးတစ်ယောက် ထိုဂြိုလ်သားသတ္တဝါကြီးကို သူ့ရဲ့အိမ်မြေအောက် ခန်းထဲမှာ ဖွက်ထားရင်း ဘယ်သူ့မှ မသိအောင်ကြိုးပမ်းပုံတွေ သူတို့နှစ်ယောက်ကြားထဲက ခင်မင်မှုတွေ တစ်ယောက်ကို…

  • Dies Irae

    Dies Irae

    Dies Irae (2025) “အမျက်တော်နေ့” အသစ်ထွက်ရှိလာတဲ့ မလေယာလမ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရိုဟန်က ဖခင်ဖြစ်သူတည်ထောင်ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဗိသုကာပညာရှင်ဝင်လုပ်ရင်း ဘ၀ကို အေးဆေးဖြတ်သန်းနေသူတစ်ယောက်။ တစ်နေ့ ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ ပါတီတစ်ခုမှာတွေ့ရင်း အတန်းဖော်ဖြစ်သူ ကာနီ သူ့ကိုယ်သူသတ်သေသွားတဲ့သတင်းကိုသိလိုက်ရတယ်။ ခင်မင်ခဲ့ဖူးသူဖြစ်တာမို့ နောက်ရက် အသုဘသွားမေးချိန်မှာ ကာနီရဲ့ ကလစ်အနီလေးကိုယူခဲ့မိလိုက်တယ်။ အဲဒီမှာပဲ မမြင်ရတဲ့အရာတစ်ခုက ညဘက်တွေ အိပ်မရအောင် အနှောင့်အယှက်ပေးရုံကနေ ခန္ဓာကိုယ် ထိခိုက်အောင်ထိ အနှောင့်အယှက်ပေးလာခဲ့ပါတယ်။ ဘာကြောင့်လဲ အဖြေကိုသိချင်တဲ့ ရိုဟန်တစ်ယောက် ကာနီ ဘာလို့သတ်သေခဲ့လဲဆိုတဲ့ အကြောင်းအရင်းကို သည်းကြီးမဲကြီး လိုက်ရှာပါတော့တယ်။