Xeno (2025)

ဒီရုပ်ရှင်လေးကတော့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်နဲ့ ကြောက်စရာဂြိုလ်သားသတ္တဝါတစ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ထားတဲ့ အမေရိကန် Sci-fi ,Thriller, Mystery အမျိုးအစားဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ရန်နေးလို့ခေါ်တဲ့ ဆယ်ကျော်သက် ကောင်မလေးဟာ သူ့ရဲ့ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ဖြစ်သူ လင်ဒါနဲ့ အရက်သောက်ပြီးကြမ်းတမ်းတတ်တဲ့ မိခင်ဖြစ်သူရဲ့ ရည်းစား ချေ့စ် တို့ရဲ့ ဖိအားပေးမှုများအောက်တွင် နေထိုင်နေရသူပဲဖြစ်ပါတယ်။
တစ်ညမှာတော့ သူဟာ ကန္တာရထဲကို စိတ်ပြေလက်ပျောက်ထွက်လာရင်း ဂြိုလ်သားသတ္တဝါတစ်ကောင် ထောက်ချောက်ထဲမှာ ပိတ်မိနေတာကို မမျှော်လင့်ပဲ တွေ့ရှိခဲ့ပါတယ်။
ထိုသတ္တဝါကို ရန်နေးတစ်ယောက် သူ့ရဲ့စိတ်ထားကြောင့် ထောင်ချောက်မှလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒီသတ္တဝါကြီးနဲ့ ရန်နေးတို့ရဲ့ကြားထဲနှာ နှောင်ကြိုးလေးတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။
ရန်နေးတစ်ယောက် ထိုဂြိုလ်သားသတ္တဝါကြီးကို သူ့ရဲ့အိမ်မြေအောက် ခန်းထဲမှာ ဖွက်ထားရင်း ဘယ်သူ့မှ မသိအောင်ကြိုးပမ်းပုံတွေ သူတို့နှစ်ယောက်ကြားထဲက ခင်မင်မှုတွေ တစ်ယောက်ကို တစ်ယောက် ကာကွယ်ပေးပုံတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။



Leave a Reply