Category: Movies
-

Unseen Enemy
Unseen Enemy (2025) ဒီဇာတ်ကားလေးကတော့ ၂၀၂၅ မှာ ထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ လီဗိုင်ဟာ တကယ်အရည်အချင်းရှိတဲ့ စုံထောက်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူဟာ အမှုတစ်ခုမှာ မှားယွင်းစွပ်စွဲခံရတာကြောင့် မြို့ထဲကနေ တိမ်းရှောင်းပြီး ဆိပ်ကမ်းက သင်္ဘောငယ်တစ်စီးပေါ်မှာ ခြေရာဖျောက်နေရပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ ကျောင်းတုန်းက သူငယ်ချင်းကောင်မလေး မရစ်ဆာဟာ သူ့ညီမလေး ဆူဇီ က စာမလာ သတင်းမကြားပဲ ခြေရာဖျောက်ကောင်းနေလို့ အသက်မှရှိသေးပါ့မလားလို့ စိတ်ပူပြီး လီဗိုင်ကို လိုက်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ လီဗိုင်က အစကတော့ ငြင်းပေမဲ့ မရစ်ဆာကို သံယောဇဉ်ရှိတာကြောင့် သူ့ညီမလေးကို လိုက်ရှာပေးဖို့ သဘောတူလိုက်ပါတော့တယ်။ ဒီလိုနဲ့ သူက မြို့ထဲပြန်လာခဲ့ပြီး ဆူဇီကို စရှာတဲ့အခါ သတင်းရသွားတဲ့ လူဆိုးတွေက လီဗိုင်ကို လိုက်ရှာဖမ်းပါတော့တယ်။ ဒီတော့ လီဗိုင်တစ်ယောက် ဘာများလုပ်ခဲ့မိတာလဲ?…
-

Meduusalla ei ole sydäntä
Meduusalla ei ole sydäntä (2025) ဒီကားက ဖင်လန်နိုင်ငံက ဒရာမာရုပ်ရှင်ပါ။ Minna လို့ခေါ်တဲ့ အရက်စွဲနေပြီး စိတ်ဒဏ်ရာတွေ ရနေတဲ့ မိခင်တစ်ယောက်နဲ့ သူ့သမီးဖြစ်သူ ဆယ်ကျော်သက် Silja တို့ရဲ့ ကြေကွဲစရာ မိသားစုဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ Silja က သူ့အမေ Minna ကို ဒီဘဝဆိုးကနေ ရုန်းထွက်နိုင်ဖို့၊ သူ့ဘဝလေး ပြန်ကောင်းလာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပေးပါတယ်။ ဒါပေမယ့် Minna ရဲ့ စိတ်ဒဏ်ရာတွေက အရမ်းပြင်းထန်နေတော့ သမီးဖြစ်သူရဲ့ ကြိုးပမ်းမှုတွေက အခြေအနေကို ပိုဆိုးသွားစေသလို ဖြစ်နေပါတယ်။ ရုပ်ရှင်ရဲ့ အဓိက အကြောင်းအရာကတော့ အတိတ်က ကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေကနေ လူတစ်ယောက်ဟာ လွတ်မြောက်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းနဲ့ အဆိုးဆုံးသောရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့…
-

Leech
Leech (2025) တောနက်ထဲက မာယာထောင်ခြောက် ကာသစ်နဲ့ ဒီဂါတို့က သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်နှစ်သက်သူတွေပါ။ ဒါကြောင့်ပဲ သူတို့ပိတ်ရက်မှာ လူတွေနဲဝေးတဲ့တောနက်ထဲက အပန်းဖြေစခန်းတခုမှာ အနားယူကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အပန်ဖြေစခန်းကိုရောက်ခါစက လတ်လတ်ဆတ်ဆတ် အသီးအနှံ အစားသောက်တွကြောင့်သူတိုမောင်နှံ မြို့ပြကိုမေ့ပြီး သဘောကျနေခဲ့ကြပေမယ့် မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချို့အကွေ့နဲ့အတူ တောနက်ရဲ့မာယာလူသားတွေရဲ့ကောက်ကျစ် စဉ်းလဲမှုတွေကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။
-

Tears of the Black Tiger
Tears of the Black Tiger (2000) ဒီဇာတ်လမ်းလေးကတော့ ဒရမ်မာဆန်ဆန် ကြည့်ရမှာပဲဖြစ်ပါတယ်။ အချစ်တစ်ခုထည်းနဲ့ ဘဝနှစ်ခုပေါင်းစပ်လို့မရဘူးဆိုတာ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒမ်ပ်လိုခေါ်တဲ့ ကျေးလက်ကောင်လေးတစ်ယောက်က ငယ်ရွယ်ကတည်းက မိခင်ဆုံးသွားပြီး တက္ကသိုလ်အရွယ်မှာ ဖခင်ဖြစ်သူသတ်ခံလိုက်ရပါတယ်။ အခက်အခဲပေါင်းစုံကို ခါးစည်းခံလာရပြီးနောက်ပိုင်း ’ကျားနက်’ လို့ခေါ်တဲ့ သူခိုးဓားမြ လက်နက်ကိုင်တစ်ယောက်ဖြစ်လာပါတော့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့သူတွေမှာလဲ နူးညံ့တဲ့နှလုံးသားရှိကြောင်း ဒမ်ပ် တစ်ယောက်သေချာလေးပြသသွားပါတယ်။ ဒမ်ပ်ရဲ့ နူးညံ့တဲ့နှလုံးသားကို အပိုင်ရတဲ့သူကတော့ နတ်သမီးရှုံးလောက်အောင် လှတဲ့ ‘လမ်ခူလ်’ လိုခေါ်တဲ့ ပြည်နယ်မှူးသမီးလေးပဲဖြစ်ပါတယ်။ ငယ်ရွယ်ကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာတော့ အရာရာတိုင်း လိုလေးသေးမရှိအောင် ပြီးပြည့်စုံလွန်းပါတယ်။ ဒမ်ပ်နဲ့ လမ်ခူလ်က ငယ်စဉ်ကတည်းက သဘောကျချစ်မြတ်နိုးကြပြီး လူ့အဆင့်အတန်း ကွာခြားတာကြောင့် အနူလက်နဲ့ရွှေခွက်နှိုက်ဆိုတဲ့ စကားပုံအတိုင်း ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး….
-

Udaala
Udaala (2025) အမှတ်တမဲ့မှ အမှတ်တရ ပါကရာက မိဘမဲ့တစ်ယောက် အော်တိုမောင်းပြီး ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ သူက မထင်မှတ်ဘဲ ညတိုင်းနီးပါးမက်တဲ့အိပ်မက်ထဲက မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတွေ့ဆုံခဲ့ပါတယ်။ ဒီဆုံတွေမှုနဲ့အတူ သူ့ဘဝကလည်း အချိုးအကွေ့သစ်တစ်ခုကို ရောက်ရှိသွားပါတယ်။ သူချစ်ရတဲ့ မိန်းကလေးနောက်ကို လိုက်ရင်း ကျောင်းသားမဟုတ်ဘဲ ကောလိပ်ကျောင်းဝန်းထဲအထိ ခြေလှမ်းကျွန်လာခဲ့ပေမယ့် အရာအားလုံးက သူထင်သလို ပန်းခင်းသောလမ်းတော့ မဟုတ်ခဲ့ပါဘူး။ အပျော်သဘောနဲ့ စနောက်ရာကနေ စတင်ခဲ့တဲ့ “လက်စားချေမှု” တစ်ခုကြောင့် အေးချမ်းနေတဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာဖြစ်ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာပါတော့တယ်။ တကယ့်လူမိုက်အကြီးစားကိုမှ သွားဇယားရှုပ်မိမယ့် ဒီ ၂ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမယ်ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။