Tears of the Black Tiger

Tears of the Black Tiger (2000)

ဒီဇာတ်လမ်းလေးကတော့ ဒရမ်မာဆန်ဆန် ကြည့်ရမှာပဲဖြစ်ပါတယ်။

အချစ်တစ်ခုထည်းနဲ့ ဘဝနှစ်‌ခုပေါင်းစပ်လို့မရဘူးဆိုတာ ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာပဲဖြစ်ပါတယ်။

ဒမ်ပ်လိုခေါ်တဲ့ ကျေးလက်ကောင်လေးတစ်ယောက်က ငယ်ရွယ်ကတည်းက မိခင်ဆုံးသွားပြီး တက္ကသိုလ်အရွယ်မှာ ဖခင်ဖြစ်သူသတ်ခံလိုက်ရပါတယ်။

အခက်အခဲပေါင်းစုံကို ခါးစည်းခံလာရပြီးနောက်ပိုင်း ‌’ကျားနက်’ လို့ခေါ်တဲ့ သူခိုးဓားမြ လက်နက်ကိုင်တစ်ယောက်ဖြစ်လာပါတော့တယ်။

ရက်စက်ကြမ်းကြုတ်တဲ့သူတွေမှာလဲ နူးညံ့တဲ့နှလုံးသားရှိကြောင်း ဒမ်ပ် တစ်ယောက်သေချာလေးပြသသွားပါတယ်။

ဒမ်ပ်ရဲ့ နူးညံ့တဲ့နှလုံးသားကို အပိုင်ရတဲ့သူကတော့ နတ်သမီးရှုံးလောက်အောင် လှတဲ့ ‘လမ်ခူလ်’ လိုခေါ်တဲ့ ပြည်နယ်မှူးသမီးလေးပဲဖြစ်ပါတယ်။

ငယ်ရွယ်ကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာတော့ အရာရာတိုင်း လိုလေးသေးမရှိအောင် ပြီးပြည့်စုံလွန်းပါတယ်။

ဒမ်ပ်နဲ့ လမ်ခူလ်က ငယ်စဉ်ကတည်းက သဘောကျချစ်မြတ်နိုးကြပြီး လူ့အဆင့်အတန်း ကွာခြားတာကြောင့် အနူလက်နဲ့ရွှေခွက်နှိုက်ဆိုတဲ့ စကားပုံအတိုင်း ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုပေးကြပါဦး….


Comments

Leave a Reply

Your email address will not be published. Required fields are marked *