Category: Movies

  • Telusu Kada

    Telusu Kada

    Telusu Kada (2025) “ချစ်သူသိပါစေ” ဒီတစ်ခါမှာတော့ တေလဂူးအချစ်ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ ဗာရွန်က မိဘမဲ့ဘဝနဲ့ ကြီးပြင်းလာခဲ့ရပြီး စားဖိုမှူးတစ်ယောက်အဖြစ် အဆင်ပြေပြေရပ်တည်နိုင်တဲ့လူပါ သူ့ဘဝမှာ တစ်ခုတည်းသောဆန္ဒကတော့ အထီးကျန်ရမှာစိုးရိမ်တာပါပဲ ဒါကြောင့်မို့လို့ အန်ဂျလီဆိုတဲ့ အမျိုးသမီးကို အသေအချာရွေးယူခဲ့ပေမဲ့ သူလိုချင်တဲ့မိသားစုဘဝလေး ရနိုင်ဖို့အတွက် အန်ဂျလီရဲ့ ကျန်းမာရေးပြဿနာတစ်ခုက အဟန့်အတားဖြစ်လာပါတယ် မျိုးအောင်ပေမဲ့ ကိုယ်ဝန်ဆောင်လို့မရနိုင်တဲ့ အန်ဂျလီအတွက် အငှားကိုယ်ဝန် ဆောင်ရှာတဲ့အခါ သူတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပါ့မလား ပရိသတ်တို့ကပဲ ခံစားကြည့်ရှုအားပေးကြပါဦး

  • Fabricated City

    Fabricated City

    Fabricated City (2017) လက်ရှိထွက်နေတဲ့ The Manipulated စီးရီးကို အပိုင်းသစ်စောင့်ရတာ အားမရသူတွေအတွက် မင်းသားချောလေး Ji Chang Wook ရဲ့ 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ Fabricated City ဆိုတဲ့ အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. The Manipulated စီးရီးကတော့ ဒီရုပ်ရှင်လေးကို ကျောရိုးယူပြီး remake စီးရီးအဖြစ် ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ .. ဂွမ်ယူ (Ji Chang Wook)ဟာ နိုင်ငံ့လက်ရွေးစင် တိုက်ကွမ်ဒိုကစားသမားဟောင်းတစ်ယောက် ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ကစားသမားဘဝကနေ ထွက်လိုက်ပြီး အင်တာနက်ဂိမ်းကို စွဲလန်းနေတဲ့ အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဂိမ်းထဲမှာ ဂွမ်ယူဟာ သူ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး ဂိမ်းကစားတဲ့စွမ်းရည်ကြောင့် နောက်လိုက်အဖွဲ့ရဲ့လေးစားမှုလည်း ရရှိထားပါတယ်။ တစ်နေ့မှာ သူ…

  • Broken Voices

    Broken Voices

    Broken Voices (2025) ဒီဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာကတော့ Ondřej Provazník ပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် Karolina အဖြစ် Kateřina Falbrová က သရုပ်ဆောင်ထားပါတယ်။ ဒီကားကို Czech Republic နဲ့ Slovakia နိုင်ငံနှစ်နိုင်ငံ ပူးပေါင်းပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၁၃ နှစ်အရွယ် Karolina ဆိုတဲ့ ကောင်မလေးတစ်ယောက်က နာမည်ကြီးပြီး အသိအမှတ်ပြုခံထားရတဲ့ Choir အဖွဲ့အတွက် ရွေးချယ်ခံလိုက်ရတယ်။ အဲ့ဒိအပြင်၊ သူဟာ Choirmaster ရဲ့ အချစ်ဆုံး၊ အလိုလိုက်အခံရဆုံး တပည့်လေး ဖြစ်လာပါတယ်။ ဒီလို အခွင့်အရေးကြီးတွေ ရလာတဲ့အခါ Karolina ဟာ အခြားကျောင်းသား၊ ကျောင်းသူတွေဆီက မလိုချင်အပ်တဲ့ အာရုံစိုက်မှုတွေ၊…

  • Worth The Wait

    Worth The Wait

    Worth The Wait (2025) 13 Reasons Why ထဲက Ross Butler။ To All the Boys I’ve Loved Before မင်းသမီး Lana Condor။ Warrior နဲ့ Snake Eyesမင်းသား Andrew Koji။ Fast and Furious ထဲက ဟန် Sung Kang။ Super Natural ထဲက ကယ်ဗင် Osric Chau။ Daredevil မင်းသမီး Elodie Yung။ စသဖြင့် သရုပ်ဆောင်ထားကြပါတယ်။ ထူးတာက ဒီသရုပ်ဆောင်အများစုက အမေရိကန်သားစစ်စစ်တွေမဟုတ်တဲ့ အမေရိကန်မှာရုပ်ရှင်ရိုက်နေကြတဲ့ လူတွေရယ်။ အမေရိကန်မှာ ရုပ်ရှင်ရိုက်ဖူးတဲ့ တခြားနိုင်ငံကလူတွေရယ်ချည်းပါပဲ။ တော်တော်များများနဲ့ ရင်းနှီးပြီးသား…

  • Man with No Past

    Man with No Past

    Man with No Past (2025) အတိတ်မေ့နေတဲ့ယောကျာ်းတစ်ယောက်က သူမသိတဲ့မြို့ သူမသိတဲ့နေရာ သူ့ကိုယ်သူတောင် မသိတဲ့အတွက် သူ့အကြောင်းကို လိုက်စုံစမ်းရင်း အရင်ဘဝက ရန်ငြိုးတွေ သံသရာတွေကို ဘယ်လိုသိလာရမလဲ။ ဖန်တရာထေ မပြောင်းလဲတဲ့ သံသရာကြီးက ဒီတစ်ခါရော ပြောင်းလဲနိုင်ပါ့မလား။ အတိတ်မေ့နေရင်းကနေ ဘယ်လိုတွေသိလာရမလဲ သူကိုယ်တိုင်ကရော အဲ့သံသရာစက်ကွင်းက လွတ်နိုင်မလား ကြည့်ရမှာဖြစ်ပါတယ်။ Mysteryဆန်ဆန် ရုပ်ရှင်ကားမျိုးရှာနေရင် ကြည့်ကိုကြည့်သင့်တဲ့အပြင် အက်ရှင်လည်းပါတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။