Worth The Wait (2025)

13 Reasons Why ထဲက Ross Butler။
To All the Boys I’ve Loved Before မင်းသမီး Lana Condor။
Warrior နဲ့ Snake Eyesမင်းသား Andrew Koji။
Fast and Furious ထဲက ဟန် Sung Kang။
Super Natural ထဲက ကယ်ဗင် Osric Chau။
Daredevil မင်းသမီး Elodie Yung။
စသဖြင့် သရုပ်ဆောင်ထားကြပါတယ်။
ထူးတာက ဒီသရုပ်ဆောင်အများစုက အမေရိကန်သားစစ်စစ်တွေမဟုတ်တဲ့ အမေရိကန်မှာရုပ်ရှင်ရိုက်နေကြတဲ့ လူတွေရယ်။ အမေရိကန်မှာ ရုပ်ရှင်ရိုက်ဖူးတဲ့ တခြားနိုင်ငံကလူတွေရယ်ချည်းပါပဲ။
တော်တော်များများနဲ့ ရင်းနှီးပြီးသား လူတွေချည်းလည်း ဟုတ်တယ်။ ဇာတ်ကတော့ ရင်ထဲနွေးစေတဲ့ ဇာတ်လမ်းလေးလို့ ပြောရမယ်။ ဘဝအကြောင်း ချစ်တဲ့လူတွေအကြောင်း ရွေးချယ်မှုတွေအကြောင်းပေါ့။
ဒါကို သူက သရုပ်ဆောင်အများကြီးရဲ့ ဘဝတွေဖြစ်စဉ်တွေနဲ့ ခြုံငုံပြပြီး ရွေးချယ်မှုလုပ်ရမယ့်ဆီကို အားလုံးကိုခေါ်သွားတယ်။ ဘဝမှာ အချစ်ကအရေးကြီးကြောင်း ဘာညာဆီလည်း ခေါ်သွားတယ်။ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ရင်ထဲနွေးစေမယ့်ရုပ်ရှင်မျိုး ကြည့်ချင်ရင်တော့ ဒီရုပ်ရှင်က ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။



Leave a Reply