Category: Movies

  • Arwah Tumbal Nyai: Part Tumbal

    Arwah Tumbal Nyai: Part Tumbal

    Arwah Tumbal Nyai: Part Tumbal (2020) Arwah Tumbal Nyai Part Tumbal ဟာ Arwah Tumbal Nyai Triology ရဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတစ်ခုလုံးရဲ့အဆုံးသတ်ဖြစ်ပြီး ဇာတ်လမ်းရဲ့မြစ်ဖျားခံရာနဲ့တစ်ချို့အချက်တွေတူညီတာကလွဲလို့ သီးခြားဇာတ်လမ်းတစ်ခုစီဖြစ်တဲ့အတွက် တစ်ကားတည်းကြည့်လည်းအဆင်ပြေတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ကိုချစ်တဲ့သူတိုင်းထူးခြားဆန်းကြယ်တဲ့ဖြစ်စဉ်တွေနဲ့ သေဆုံးသွားရတဲ့ဒေဝီဆိုတဲ့ မိန်းကလေးကိုအခြေခံပါတယ်။ တကယ်တမ်း ဒီဖြစ်စဉ်တွေကိုနက်နက်ရှိုင်းရှိုင်းခြေရာခံမိလာတဲ့အချိန်မှာတော့ ဒေဝီဟာ သူကိုယ်တိုင် နတ်ဆိုးနဲ့သဘောတူထားတဲ့ စတေးခံ ပူဇော်သက္ကာ ရာတစ်ခုဖြစ်နေတယ်ဆိုတာသိလာရတဲ့နောက်မှာတော့ သူတို့ကိုမျိုးရိုးစဉ်ဆက် နှောင်တွယ်ဒုက္ခပေးနေတဲ့ ကျိန်စာတစ်ခုလုံးကိုအမြစ်ဖြတ်ဖို့ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။ မျိုးဆက်သုံးခုတိုင်ဒုက္ခပေးလာတဲ့ ကျိန်စာဟာ ဘာကိုမှ မသိနားမလည်တဲ့ဒေဝီတစ်ယောက်လက်ထက်မှာ အလွယ်တကူပြေပျောက်သွားဖို့ဆိုတာမဖြစ်နိုင်သလောက်နီးပါးဖြစ်ပါတယ်။ အဲ့ဒါတွေကို သူဘယ်လိုရင်ဆိုင်တွန်းလှန်မလဲ? အောင်မြင်မှုရှိပြီး ကျိန်စာကနေနောက်မျိုးဆက်တစ်ခုလက်ဆင့်မကမ်းအောင် တားဆီးနိုင်ပါ့မလား? ဇာတ်ကားထဲမှာ အဖြေရှာကြရမှာပါ။

  • All Out: Aj Raval (2025)

    All Out: Aj Raval (2025)

    Aj Raval (2025) ဖိလစ်ပိုင်လူကြီးကားကြည့်နေကျ ညိုကီတို့အတွက်တော့ ဒီအေဂျေရာဗဲလ်နဲ့ စိမ်းမယ်မထင်ပါဘူး။ ဒီဇာတ်ကားမှာတော့ အေဂျေ့ရဲ့ ရိုက်ကူးပြီးသားဇာတ်ကားအားလုံးကို ပြန်ပြီး review ပေးထားတဲ့ပုံစံနဲ့ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းမကြည့်ချင်ဘူး အဓိကပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် ကောင်းနိုးရာရာလေးတွေအမြည်းကျွေးထားတာမျိုးပါ။

  • In Between

    In Between

    In Between (2025) Shane နဲ့ Gaila တိုနှစ်ယောက်က သူတိုတွေရဲ့အချစ်စစ်ကို မတွေ့မချင်း ကြားကာလမှာ ဘာနှောင်ကြိုးမှမပါတဲ့ အတူအိပ်တဲ့ဆက်ဆံရေးတစ်ခုအဖြစ် အချင်းချင်းသဘောတူခဲ့ကြတယ်။ အပျော် အတူအိပ်စက်ရုံမဟုတ်ဘဲ သူတိုနှစ်ယောက်က သူငယ်ချင်းတွေလို အချင်းချင်းရဲ့ အချစ်ရေး၊ အလုပ်နဲ့ လူမှုရေးဘဝတွေကို ပြင်ဆင်တိုးတက်ဖို ကူညီပေးကြရင်း နောက်မှာတော့ သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေးကြမှာ မထင်မှတ်ထားတဲ့ အတည်ပေါက် ခံစားချက်တွေပေါ်ပေါက်လာတော့တယ်။ ဒါပေမဲ့ Shane ရဲ့ အတိတ်ကမိန်းကလေးတစ်ယောက် ပြန်ရောက်လာချိန်မှာတော့ သူတိုနှစ်ယောက်ရဲ့ပျော်ရွှင်မှုတွေက အနှောင့်အယှက်ခံလိုက်ရပြီး ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။

  • Overman

    Overman

    Overman (2016) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ 2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Romance, Family အမျိုးအစား ဖြစ်တဲ့ Overman ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Mr.Queen မင်းသား Kim Jung-hyun,မင်းသမီး Chae Seo-jin တို့မှ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း အထက်တန်းကျောင်းသား ကျွမ်းဘားအားကစားသမား ဒိုဟျွန်းဟာ ရန်ဖြစ်မှုတစ်ခုကြောင့် စာကြည့်တိုက်မှာ လုပ်အားပေးလုပ်ဖို့ အကြောင်းဖန်လာခဲ့ပြီး အဲဒီနေရာမှာပဲ စာအုပ်တွေ အများကြီး ဖတ်တဲ့ ဆူဟျွန်းဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ရေစက်လိုမျိုး တွေ့ဆုံခဲ့ကာ လူငယ်ဆန်ဆန် ဇာတ်လမ်းလေးတွေစတင်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံးဟာ ကိုယ်ပိုင် ဝမ်းနည်းမှုများကို ဖုံးကွယ်ထားကြတာပဲဖြစ်ပါတယ်။ ဒိုဟျွန်းရဲ့အမေဟာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူဖြစ်ပြီးတော့ သားဖြစ်သူကိုတောင် မမှတ်မိတော့တဲ့သူပါ။ တစ်ဖက်မှာလည်း ဆူဟျွန်းဟာ တကယ့်…

  • Little Man

    Little Man

    Little Man (2006) Wayans ညီအစ်ကိုတွေရဲ့ ၂၀၀၆ ခုနှစ် ရယ်စရာဇာတ်မြူးကားဖြစ်တဲ့ လူပုလေး (Little Man) ဟာ ပုံမှန်မဟုတ်တဲ့ ဇာတ်အိမ်ကို တည်ဆောက်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Calvin Sims ဟာ အရွယ်အစားသေးငယ်တဲ့ ရာဇဝတ်သားတစ်ဦးဖြစ်ပြီး၊ ခိုးယူထားတဲ့ စိန်ကို ပြန်ယူဖို့အတွက် ကလေးငယ်ဟန်ဆောင်ပြီး အိမ်ထောင်သည်စုံတွဲတစ်တွဲရဲ့အိမ်ထဲကို ဝင်ရောက်လာပါတယ် ။ ကလေးယူဖို့ဖို့ စောင့်ဆိုင်းနေတဲ့ ဒီစုံတွဲဟာ Calvinကို စွန့်ပစ်ထားတဲ့ ကလေးလို့ ထင်သွားရာကနေ ရယ်စရာ အလွဲတွေ စတင်ပါတော့တယ် ။ ဒီရုပ်ရှင်ရဲ့ အဓိကအားသာချက်ကတော့ ရယ်စရာအရမ်းကောင်းတဲ့ဟာသ တွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် Marlon Wayans ရဲ့ လူကြီးမျက်နှာနဲ့ ကလေးကိုယ်ခန္ဓာပုံစံ ဖန်တီးမှုဟာ ရူးသွပ်မှုအပြည့်နဲ့ ရယ်စရာကောင်းပါတယ်။ ဖခင်နေရာက သရုပ်ဆောင်တဲ့…