Little Man (2006)

Wayans ညီအစ်ကိုတွေရဲ့ ၂၀၀၆ ခုနှစ် ရယ်စရာဇာတ်မြူးကားဖြစ်တဲ့ လူပုလေး (Little Man) ဟာ ပုံမှန်မဟုတ်တဲ့ ဇာတ်အိမ်ကို တည်ဆောက်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Calvin Sims ဟာ အရွယ်အစားသေးငယ်တဲ့ ရာဇဝတ်သားတစ်ဦးဖြစ်ပြီး၊ ခိုးယူထားတဲ့ စိန်ကို ပြန်ယူဖို့အတွက် ကလေးငယ်ဟန်ဆောင်ပြီး အိမ်ထောင်သည်စုံတွဲတစ်တွဲရဲ့အိမ်ထဲကို ဝင်ရောက်လာပါတယ် ။ ကလေးယူဖို့ဖို့ စောင့်ဆိုင်းနေတဲ့ ဒီစုံတွဲဟာ Calvinကို စွန့်ပစ်ထားတဲ့ ကလေးလို့ ထင်သွားရာကနေ ရယ်စရာ အလွဲတွေ စတင်ပါတော့တယ် ။
ဒီရုပ်ရှင်ရဲ့ အဓိကအားသာချက်ကတော့ ရယ်စရာအရမ်းကောင်းတဲ့ဟာသ တွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် Marlon Wayans ရဲ့ လူကြီးမျက်နှာနဲ့ ကလေးကိုယ်ခန္ဓာပုံစံ ဖန်တီးမှုဟာ ရူးသွပ်မှုအပြည့်နဲ့ ရယ်စရာကောင်းပါတယ်။ ဖခင်နေရာက သရုပ်ဆောင်တဲ့ Shawn Wayans နဲ့ ကယ်လ်ဗင်ရဲ့ အဆက်မပြတ် ရိုက်နှက်/အော်ဟစ်မှု တွေကဇာတ်လမ်းကို အဆုံးထိ ဆွဲခေါ်သွားပါတယ် ။
ဒီဇာတ်ကားကဇာတ်ကွက်ထက် ဟာသမြင်ကွင်းများဖြင့်သာ စီထားသော ဟာသဇာတ်ကားတစ်ကားဖြစ်ပါတယ် အရမ်းစဉ်းစားစရာမလိုဘဲ အားပါးတရရယ်ရမယ့် ဟာသကားကို ကြိုက်နှစ်သက်ပါက၊ လူပုလေး Little manက ကြည့်သင့်သော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။



Leave a Reply