Category: Movies

  • Kill the Jockey

    Kill the Jockey

    Kill the Jockey (2024) El Jockey ဆိုတဲ့ဇာတ်ကားကတော့ 2024မှထွက်ရှိထားပြီး မြင်းပြိုင်ပွဲတွေခေတ်စားခဲ့တဲ့အချိန်မှာ နံပါတစ်မြင်းစီးသမားဖြစ်တဲ့ လူတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ Drama, Surrealist neo-noir ကားအမျိုးစားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း———- ရေမိုဆိုတဲ့ နာမည်ကြီးမြင်းစီးသမားတစ်ယောက်ဟာ မြင်းပြိုင်ပွဲလောကမှာ ထိပ်တန်းဖြစ်ခဲ့ပေမယ့် မူးယစ်ဆေးစွဲသွားပြီး ကိုယ့်ဘဝကိုဖျက်ဆီးမိခဲ့ပါတယ်။ သူဟာ မြင်းပြိုင်ပွဲလောကရဲ့ စီးပွါးရေးသမားတစ်ဦးရဲ့ ဖိအားရယ် သူ့ချစ်သူဟာကိုယ်ဝန်ဆောင်နေရတယ်ဆိုရဲ့ဖိအားတွေကြောင့် မြင်းပြိုင်ပွဲတစ်ခုမှာ မတော်တဆဖြစ်သွားပါတော့တယ်။ သူဟာမတော်တဆဖြစ်ပြီးနောက် ဘဝအသစ်ပြန်လည်မွေးဖွားပြီး သူ့ချစ်သူကိုတာဝန်ယူမယ်ဆိုပြီး သူရှုပ်ခဲ့တဲ့ပြဿနာတွေကိုဘယ်လိုရှင်းပြီးဘဝအသစ်ပြန်လည်မွေးဖွားမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။

  • Scary Tales: Dark Walker

    Scary Tales: Dark Walker

    Scary Tales: Dark Walker (2024) ဒီကားကတော့ low budget indie Horrorကားတစ်ကားဖြစ်ပါတယ်။ ဒီကားရဲ့ထူးခြားချက်က တခြားဟော်ရာတွေလိုမဟုတ်ဘဲ နှင်းလူ အမှောင်လမ်းလျှောက်သူ ဇွမ်ဘီ ဂြိုဟ်သားစတဲ့မိစ္ဆာတွေစုပေါင်းပါ၀င်နေတာပါ။ ဇာတ်လမ်းအကျဉ်းပြောရရင် အဖွဲ့အစည်းတစ်ခုက အချိန်ခရီးသွားတဲ့စမ်းသပ်မှုကိုလုပ်ရင်း ဒိုင်မန်းရှင်းတွေ ပွတ်တိုက်မှုဖြစ်ပြီး ဒီကမ္ဘာနဲ့မသက်ဆိုင်တဲ့မိစ္ဆာတွေကို ဆွဲခေါ်မိလာတဲ့အကြောင်းဖြစ်ပါတယ်။ ထပ်စမ်းသပ်မှုလုပ်ဖို့အတွက် စလိတ်ဆိုတဲ့ရဲရယ် ဆယ်ရာနဲ့ အယ်လီဆန်ဆိုတဲ့အမျိုးသမီးကို အဲဒီနေရာကိုပို့ပြီး စမ်းသပ်မှုပြုလုပ်ပါတယ်။ သူတို့ကလည်း အရင်ကဒါမျိုးမိစ္ဆာတွေကိုကြုံဖူးသူဖြစ်ပြီး သူတို့ရောက်နေတဲ့နေရာကဘာလဲ ဘာတွေဖြစ်နေတာလဲ အဲဒီသတ္တဝါတွေကလည်း ဘာလို့ရောက်နေတာလဲ မေးခွန်းများစွာကြားထဲမှ အသက်ရှင်ဖို့ကြိုးစားပုံကိုရိုက်ကူးထားတာပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။

  • Out of Order

    Out of Order

    Out of Order (2025) Out of order ဆိုတဲ့ကားလေးကတော့ 2025 မှာထွက်ရှိထားတဲ့ ဖစ်လပိုင်ကားလေးပဲ ဖြစ်ပါတယ်။ ဖိလပိုင်ကားဆိုတဲ့အတိုင်း အိမ်ထောင်ရေးအရှုပ်အရှင်း၊မိသားစုပြဿနာတွေကနဲ့ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းလေးထဲမှာတော့ ဂီတကိုစိတ်ဝင်စားပြီး မိန်းကလေးပွေရှုပ်တတ်တဲ့ Alexဆိုတဲ့ ကောင်လေးတစ်ယောက်က နာမည်ကြီးရှေ့နေတစ်ဦးဖြစ်တဲ့သူရဲ့ သားအဖြစ် မွေးဖွားလာရတာကြောင့် ရှေ့နေတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ရန် တွန်းအားပေးခံရပါတယ်။ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာကိုမရဘဲ အဖေစေခိုင်းတဲ့အတိုင်း ရှေ့နေတစ်ဦးဖြစ်လာတော့လည်း Alexရဲ့ ရင်ထဲမှာတော့ သူ့အဖေကို မုန်းနေခဲ့ပါတယ် ။ အချိန်တွေကြာလာပြီး တစ်နေ့မှာတော့ Alex အဖေဟာ သူ့ကိုဆက်သွယ်လာပြီး လူသတ်မှုတစ်ခုမှာ ချောက်ချခံရတာကြောင့် Alexကို သူ၏ရှေ့နေအဖြစ်ငှားလိုကြောင်းပြောပြလာပါတော့တယ်။ အကြွေး တွေပိနေတဲ့ Alexဟာ အမှုကိုမကိုင်ချင်သော်လည်း ပိုက်ဆံလိုနေတာရယ် နဲ့ သူအမေအတွက် အမှုကိုကိုင်တွယ်ဖြေရှင်းပေးရန် သဘောတူခဲ့ပါတယ်။ အမှုကိုစတင်လိုက်ပြီးဖြေရှင်းချိန်မှစပြီး Alexဟာ…

  • Anak Perjanjian Syaitan 2

    Anak Perjanjian Syaitan 2

    Anak Perjanjian Syaitan 2 (2024) ” နတ်ဆိုးနှင့်ချုပ်ဆိုသောစာချုပ် ၂” Anak Perjanjian Syaitan 2 ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ မလေးရှားသဘာဝလွန်သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကရုံတင်ခဲ့တဲ့ Anak Perjanjian Syaitan ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ် ။ အပိုင်းတစ်မှာမိခင်နဲ့နတ်ဆိုးတို့ ချုပ်ဆိုထားတဲ့စာချုပ်ကြောင့် အာဇလင်ဒါတစ်ယောက် အမှောင်ထုရဲ့ခြိမ်းခြောက်ခြင်းကို အသက် ၂၁ နှစ်ပြည့်မွေးနေ့ကစပြီးတော့ ခံစားရပါတော့တယ် ။ သူ ညတိုင်းအိပ်မက်ဆိုးတွေမက်နေလို့ စိတ်ရောဂါများဖြစ်နေလားဆိုပြီးတော့တောင် ဆရာဝန်တွေနဲ့ပြသခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့မိခင်ရဲ့အတိတ်ကပြုလုပ်ခဲ့တဲ့ မကောင်းမှုတစ်ခုနဲ့ သက်ဆိုင်နေတာကို သူသိရှိခဲ့ပါတယ်။ အာဇလင်ဒါ ဒီအခြေအနေတွေကိုကျော်ဖြတ်ဖို့အတွက် ဘာသာရေးကျောင်းကိုရောက်သွားပြီး အခြေအနေတွေပိုဆိုးလာခဲ့ပါတယ် ။ မိမိကြုံတွေ့နေရတာတွေကိုဖြေရှင်းဖို့ ၊ မိခင် နတ်ဆိုးနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းနိုင်ဖို့ အာဇလင်ဒါဘယ်လိုကြိုးစားရုန်းကန်သွားမလဲဆိုတာ ဒီဇာတ်လမ်းမှာကြည့်ရှုပေးကြပါဦး။

  • Empire Waist

    Empire Waist

    Empire Waist (2024) Empire Waist (2024) ကတော့ ခန္ဓာကိုယ်ပုံစံနဲ့ မိမိကိုယ်ကိုချစ်ခြင်းအတွက် ရုန်းကန်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လဲနော (Mia Kaplan) ဆိုတဲ့ အထီးကျန်ပြီး မိမိခန္ဓာကိုယ်အလေးချိန်ကြောင့် စိုးရိပ်ပူပန်နေရတဲ့ အထက်တန်းကျောင်းသူလေးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ကျောင်းမှာအနိုင်ကျင့်ခံရတာတွေနဲ့ မိခင်ဖြစ်သူ (Missi Pyle) ရဲ့ အစားအသောက်ထိန်းချုပ်မှုတွေကြားကလဲနောရဲ့ဘဝဟာ ခေလာ (Jemima Yevu) ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ အဝတ်အစားကြိုက်နှစ်သက်သူ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံချိန်ကစလို့ ပြောင်းလဲသွားခဲ့ပါတယ်။ လဲနောဟာ သူငယ်ချင်းအသစ်တွေ၊ ဆရာမဟောလ် (Jolene Purdy) နဲ့ ဖခင် (Rainn Wilson)တို့ရဲ့အားပေးမှုနဲ့ ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလမ်းကြောင်းပေါ်မှာ လဲနောနဲ့ သူ့သူငယ်ချင်းတွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရပေမယ့်လည်း မိမိကိုယ်ကို…