Scary Tales: Dark Walker

Scary Tales: Dark Walker (2024)

ဒီကားကတော့ low budget indie Horrorကားတစ်ကားဖြစ်ပါတယ်။

ဒီကားရဲ့ထူးခြားချက်က တခြားဟော်ရာတွေလိုမဟုတ်ဘဲ နှင်းလူ အမှောင်လမ်းလျှောက်သူ ဇွမ်ဘီ ဂြိုဟ်သားစတဲ့မိစ္ဆာတွေစုပေါင်းပါ၀င်နေတာပါ။

ဇာတ်လမ်းအကျဉ်းပြောရရင် အဖွဲ့အစည်းတစ်ခုက အချိန်ခရီးသွားတဲ့စမ်းသပ်မှုကိုလုပ်ရင်း ဒိုင်မန်းရှင်းတွေ ပွတ်တိုက်မှုဖြစ်ပြီး ဒီကမ္ဘာနဲ့မသက်ဆိုင်တဲ့မိစ္ဆာတွေကို ဆွဲခေါ်မိလာတဲ့အကြောင်းဖြစ်ပါတယ်။

ထပ်စမ်းသပ်မှုလုပ်ဖို့အတွက် စလိတ်ဆိုတဲ့ရဲရယ် ဆယ်ရာနဲ့ အယ်လီဆန်ဆိုတဲ့အမျိုးသမီးကို အဲဒီနေရာကိုပို့ပြီး စမ်းသပ်မှုပြုလုပ်ပါတယ်။

သူတို့ကလည်း အရင်ကဒါမျိုးမိစ္ဆာတွေကိုကြုံဖူးသူဖြစ်ပြီး သူတို့ရောက်နေတဲ့နေရာကဘာလဲ ဘာတွေဖြစ်နေတာလဲ အဲဒီသတ္တဝါတွေကလည်း ဘာလို့ရောက်နေတာလဲ မေးခွန်းများစွာကြားထဲမှ အသက်ရှင်ဖို့ကြိုးစားပုံကိုရိုက်ကူးထားတာပါ။

ကြည့်ရှုခံစားလိုက်ကြပါဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *